သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Odesa ဆိပ်ကမ်း ရုရှားတိုက်ခိုက်


The moment the Russian missile struck the port in Odesa today
The moment the Russian missile struck the port in Odesa today

ယူကရိန်း ဂျုံ၊ ပြောင်း နှံစားသီးနှံ ပြန်တင်ပို့နိုင်ဖို့ ရုရှားနဲ့ သဘောတူချက်ရအပြီးမှာပဲ၊ တင်ပို့နေတဲ့ ဆိပ်ကမ်းကို ရုရှားက တိုက်ခိုက်လိုက်ပါတယ်။

ကမ္ဘာ့ဂျုံအတင်ပို့ဆုံး (၁၀) နိုင်ငံထဲပါတဲ့ ယူကရိန်းက ဒီပို့ကုန်တွေ လုံလုံခြုံခြုံ တင်ပို့ခွင့် ရုရှားနဲ့ မနေ့ကပဲ သဘောတူခဲ့အပြီးမှာ၊ Odesa ပင်လယ်နက်ဆိပ်ကမ်းကို ရုရှားအဝေးထိန်းဒုံးတွေနဲ့ ဒီနေ့ပစ်ခဲ့တယ်လို့ ယူကရိန်းဘက်က ပြောလိုက်ပါတယ်။

အခုလို တိုက်ခိုက်လိုက်တာက ဒီ သဘောတူချက်ရဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့တဲ့ ကုလသမဂ္ဂအတွင်းရေးမူးချုပ် Antonio Guterres ရဲ့ မျက်နှာကို ရုရှားသမ္မတ Vladimir Putin က တံတွေးနဲ့ ထွေးလိုက်သလိုပါပဲလို့ ယူကရိန်းနိုင်ငံခြားရေးပြောခွင့်ရက ဆိုလိုက်ပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Oleg Nikolenko က၊ အခုလို သဘောတူခဲ့ပြီးသားကို လက်တွေ့မလိုက်နာဘဲ လုပ်ရင်တော့ ဖြစ်လာမဲ့၊ ကမ္ဘာ့အစားအစာ အကြပ်အတည်းအတွက် ရုရှားမှာ လုံးလုံးတာဝန်ရှိလိမ့်မယ်လို့ Twitter ကနေ ထောက်ပြလိုက်ပါတယ်။

တချိန်ထဲမှာ ယူကရိန်းဆိုင်ရာ အမေရိကန် သံအမတ် Bridget Brink ကလည်း ဒီ တိုက်ခိုက်မူက တုန်လူပ်ခြောက်ခြားဖွယ် ဖြစ်တယ်လို့ Twitter က ပဲ ဝေဖန်လိုက်ပါတယ်။

ဒါ့အပြင် ယူကရိန်းအလယ်ပိုင်းမှလည်း လေယာဉ်ကွင်းနဲ့ မီးရထားလမ်းကို ရုရှားက ဒီနေ့ အဝေးထိန်း မစ်ဆိုင်ဒုံးတွေ ပစ်ထဲ့ခဲ့တာကြောင့် လူ ၃ ဦး သေဆုံးပြီး အနည်းဆုံး နောက်ထပ် ၁၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံအရာရှိတွေက ဆိုပါတယ်။

ဗြိတိန် ကာကွယ်ရေးဝန်ကြီးကလည်း ယူကရိန်းဘက်ကနေ ရုရှားတွေကို Dnipro မြစ် အနောက်ဖက် Kherson Oblast ဒေသမှာ ဆက်ထိုးစစ်ဆင်နေတာ ၂ ရက်ရှိသွားပြီလို့ ဒီနေ့မနက်မှာ ပြောခဲ့ပါသေးတယ်။

အခုလိုအချိန်မှာ အမေရိကန်ဘက်ကလည်း ယူကရိန်းအတွက် နောက်ထပ်စစ်ရေးအကူအညီ ဒေါ်လာ သန်း ၂၇၀ ဖိုးတန်တဲ့ နောက်ဆုံးပေါ် HIMARS Rockets ဒုံးစနစ် နောက်ထပ် ၄ ခုနဲ့ တခြားလက်နက်ကြီးကျည် သိန်းချီ ထပ်ပို့ပေးဖို့ မနေ့က ကတိပြုလိုက်ပါတယ်။

===Unicode ====









XS
SM
MD
LG