သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း စစ္သုံ႔ပန္းေတြ ေသဆုံးတဲ့တိုက္ခိုက္မႈအတြက္ အျပန္အလွန္စြပ္စြဲ


UKRAINE-CRISIS/DONETSK REGION

[[ ZAWGYI / UNICODE ]]

ယူကရိန္း စစ္သုံ႔ပန္းေတြ ေသဆုံးတဲ့တိုက္ခိုက္မႈအတြက္ အျပန္အလွန္စြပ္စြဲ

ယူကရိန္းအေရွ႕ဖက္ ဒြန္ညက္ ေဒသတြင္းက Olenivka ၿမိဳမွာရွိတဲ့ အက်ဥ္းေထာင္တခုကို ေသာၾကာေန႔က မစ္ဇိုင္းဒုန္း ထိမွန္ခဲ့တဲ့အတြက္ ဒါဇင္နဲ႔ခ်ီတဲ့ ယူကရိန္း စစ္သုံ႔ပန္းေတြ ေသဆုံးခဲ့ရၿပီး၊ ပစ္ခတ္မႈအတြက္ ယူကရိန္းနဲ႔႐ုရွားတို႔ အျပန္အလွန္စြပ္စြဲၾကပါတယ္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက အက်ဥ္းသား ၄၀ ေသဆုံးၿပီး၊ ၇၅ ဦးဒဏ္ရာရခဲ့တယ္ လို႔ေျပာဆိုပါတယ္။ ယူကရိန္း အေရွ႕ဖက္က ႐ုရွားလိုလားတဲ့ ခြဲထြက္ေရးအဖြဲ႕ကေတာ့ ေသဆုံးသူ ၅၃ ဦး အထိရွိၿပီး၊ ယူကရိန္းတပ္ေတြက အေမရိကန္ေတြေပးထားတဲ့ အဆင့္ျမင့္ HIMARS ေရာ့ကတ္ေတြနဲ႔ ပစ္ခတ္ခဲ့တာလို႔ ေျပာပါတယ္။

စြပ္စြဲခ်က္ကို ယူကရိန္းတပ္ဖြဲ႕ေတြက ျငင္းဆိုၿပီး၊ အက်ဥ္းသားေတြကို မတရားျပဳမူတဲ့ လုပ္ရပ္ေတြကို ဖုံးကြယ္ခ်င္တာေၾကာင့္ လက္စေဖ်ာက္ဖို႔ အက်ဥ္းေထာင္ကို လက္နက္ႀကီးနဲ႔ တမင္ ပစ္ခတ္ခဲ့တာလို႔ ေျပာပါတယ္။

႐ုရွားကာကြယ္ေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူကေတာ့ ယူကရိန္းစစ္သားေတြ လက္နက္ခ်တာကို အားမေပးခ်င္တာေၾကာင့္ ယူကရိန္းက အခုလိုပစ္ခတ္ခဲ့ တာလို႔ စြပ္စြဲပါတယ္။

ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီး Dmytro Kuleba ကေတာ့ ႐ုရွားရဲ႕ စစ္ရာဇဝတ္မႈ က်ဳးလြန္မႈအျဖစ္ ႏိုင္ငံတကာက ျပစ္တင္ရႈတ္ခ်ၾကဖို႔ ေတာင္းဆိုလိုက္ပါတယ္။

ႏိုင္ငံတကာၾကက္ေျခနီအဖြဲ႕ကေတာ့ ဒီပစ္ခတ္မႈအတြင္း ထိခိုက္ဒဏ္ရာရသူေတြကို ကယ္ဆယ္ဖို႔ သြားေရာက္ခြင့္ ေတာင္းခံခဲ့ပါတယ္။

တခ်ိန္ထဲမွာပဲ ယူကရိန္းေတာင္ပိုင္းၿမိဳ႕ႀကီးျဖစ္တဲ့ Mykolaiv ကို ႐ုရွားတပ္ေတြက မစ္ဇိုင္း ဒုံးေတြနဲ႔ ပစ္ခတ္ခဲ့တဲ့အတြက္ အနည္းဆုံးလူ ၅ ဦးေသဆုံးခဲ့တယ္လို႔ ယူကရိန္းတာဝန္ရွိ သူေတြကေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

{{ UNICODE }}

ယူကရိန်း စစ်သုံ့ပန်းတွေ သေဆုံးတဲ့တိုက်ခိုက်မှုအတွက် အပြန်အလှန်စွပ်စွဲ

ယူကရိန်းအရှေ့ဖက် ဒွန်ညက် ဒေသတွင်းက Olenivka မြိုမှာရှိတဲ့ အကျဉ်းထောင်တခုကို သောကြာနေ့က မစ်ဇိုင်းဒုန်း ထိမှန်ခဲ့တဲ့အတွက် ဒါဇင်နဲ့ချီတဲ့ ယူကရိန်း စစ်သုံ့ပန်းတွေ သေဆုံးခဲ့ရပြီး၊ ပစ်ခတ်မှုအတွက် ယူကရိန်းနဲ့ရုရှားတို့ အပြန်အလှန်စွပ်စွဲကြပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အကျဉ်းသား ၄၀ သေဆုံးပြီး၊ ၇၅ ဦးဒဏ်ရာရခဲ့တယ် လို့ပြောဆိုပါတယ်။ ယူကရိန်း အရှေ့ဖက်က ရုရှားလိုလားတဲ့ ခွဲထွက်ရေးအဖွဲ့ကတော့ သေဆုံးသူ ၅၃ ဦး အထိရှိပြီး၊ ယူကရိန်းတပ်တွေက အမေရိကန်တွေပေးထားတဲ့ အဆင့်မြင့် HIMARS ရော့ကတ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

စွပ်စွဲချက်ကို ယူကရိန်းတပ်ဖွဲ့တွေက ငြင်းဆိုပြီး၊ အကျဉ်းသားတွေကို မတရားပြုမူတဲ့ လုပ်ရပ်တွေကို ဖုံးကွယ်ချင်တာကြောင့် လက်စဖျောက်ဖို့ အကျဉ်းထောင်ကို လက်နက်ကြီးနဲ့ တမင် ပစ်ခတ်ခဲ့တာလို့ ပြောပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကတော့ ယူကရိန်းစစ်သားတွေ လက်နက်ချတာကို အားမပေးချင်တာကြောင့် ယူကရိန်းက အခုလိုပစ်ခတ်ခဲ့ တာလို့ စွပ်စွဲပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba ကတော့ ရုရှားရဲ့ စစ်ရာဇဝတ်မှု ကျုးလွန်မှုအဖြစ် နိုင်ငံတကာက ပြစ်တင်ရှုတ်ချကြဖို့ တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာကြက်ခြေနီအဖွဲ့ကတော့ ဒီပစ်ခတ်မှုအတွင်း ထိခိုက်ဒဏ်ရာရသူတွေကို ကယ်ဆယ်ဖို့ သွားရောက်ခွင့် တောင်းခံခဲ့ပါတယ်။

တချိန်ထဲမှာပဲ ယူကရိန်းတောင်ပိုင်းမြို့ကြီးဖြစ်တဲ့ Mykolaiv ကို ရုရှားတပ်တွေက မစ်ဇိုင်း ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံးလူ ၅ ဦးသေဆုံးခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိ သူတွေကပြောဆိုပါတယ်။

XS
SM
MD
LG