သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရှေ့ပိုင်း မြို့ ၂ မြို့ ရုရှားတပ်တွေ တိုက်ခိုက် 


Ukraine Russia Soldiers’ Fears
Ukraine Russia Soldiers’ Fears

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donetsk ဒေသက အဓိက မြို့ ၂မြို့ကို စနေနေ့က စတင်တိုက်ခိုက်နေသလို ဥရောပမှာအကြီးဆုံး နျူကလီးယားစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ တည်ရှိတဲ့ မြို့အပါအဝင် မြို့အတော်များများကိုလည်း မစ်ဇိုင်းဒုံးကျည် အမြောက်တွေနဲ့ တိုက်ခိုက်နေတယ်လို့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။

ယူကရိန်းအရှေ့ပိုင်း မြို့ ၂ မြို့ ရုရှားတပ်တွေ တိုက်ခိုက်

{{Zawgyi/Unicode}}
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donetsk ဒေသက အဓိက မြို့ ၂မြို့ကို စနေနေ့က စတင်တိုက်ခိုက်နေသလို ဥရောပမှာ အကြီးဆုံး နျူကလီးယားစွမ်းအင်သုံး ဓါတ်အားပေးစက်ရုံ တည်ရှိတဲ့ မြို့တမြို့အပါအဝင် မြို့အတော်များများကိုလည်း မစ်ဇိုင်းဒုံးကျည်တွေ ၊ အမြောက်တွေနဲ့ တိုက်ခိုက်နေတယ်လို့ ယူကရိန်း စစ်ဖက် နဲ့ ဒေသဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေက ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက Bakhmut နဲ့ Avdiivka မြို့၂မြို့ကို အဓိက ပစ်မှတ်အဖြစ် ထိုးစစ် စစ်ဆင်နေတာဟာ ဒေသအတွင်းက အချက်အခြာကြတဲ့ Sloviansk နဲ့ Kramatorsk မြို့တွေကို သိမ်းယူဖို့ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အဲဒီအထဲက Sloviansk မြို့ကို ရုရှားတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ဂျူလိုင်လ၃ဝ ရက်နေ့က လည်း တိုက်ခိုက်ခဲ့ပေမယ် ယူကရိန်းတပ်ဖွဲ့တွေက မြို့ပတ်လည်မှာရှိကြတဲ့ သူတို့ရဲ့ ခံစစ်ကြောင်းတွေကနေ ကြံံ့ကြံ့ခံ တွန်းလှန်ခဲ့ကြပါတယ်။

ရုရှားတပ်ဖွဲ့တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့် အရပ်သား၅ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ Donetsk ဒေသ အုပ်ချုပ်ရေးမှူးPavlo Kyrylenko က တယ်လီဂရမ်းမှာ စနေနေ့က ရေးသားပါတယ်။

တိုက်ရိုက် လင့်ခ်

...............................


{{Zawgyi/Unicode}}




XS
SM
MD
LG