သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းက သီးႏွံတင္သေဘၤာ ၄ စင္း ထပ္မံထြက္ခြာခြင့္ရ


The cargo ship Polarnet leaves the sea port in Chornomorsk

ယူကရိန္းက သီးႏွံတင္လာတဲ့ သေဘၤာ ၄ စင္း ကို ပူးတြဲေပါင္းစပ္ညႇိႏႈိင္းေရးစင္တာက ခြင့္ျပဳလိုက္ပါတယ္။ ယူကရိန္းကေန ထြက္လာတဲ့ သေဘၤာေတြဟာ တ႐ုတ္၊ အီတလီ နဲ႔ တူရကီက ေနရာ ၂ ေနရာကို ဦးတည္သြားေနၾကပါၿပီ။ ယူကရိန္းမွာ ကုန္သြားတင္ဖို႔ ငါးစင္းေျမာက္သေဘၤာကိုလည္း ခြင့္ျပဳလိုက္ပါတယ္။ ယူကရိန္းဟာ စားနပ္ရိကၡာအတြက္ အေရးႀကီးတဲ့ အရင္းအျမစ္ျဖစ္ၿပီး၊ ပင္လယ္နက္ေရျပင္ကို ႐ုရွားက ထိန္းခ်ဳပ္လိုက္တဲအတြက္ ကမာၻ႔စားနပ္ရိကၡာ ေစ်းႏႈန္းေတြ ႀကီးျမင့္သြားခဲ့ရတာ ျဖစ္ပါတယ္။

ယူကရိန္းရဲ႕ Zaporizhzhia NPP ႏ်ဴကလီးယားလွ်ပ္စစ္စက္႐ုံကို ႐ုရွားက လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ခဲ့တဲ့အေပၚ ဘာမွမေျပာတဲ့အတြက္ ႏိုင္ငံတကာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႔ႀကီး (AI) ကို သူ႔ရဲ႕ ေန႔စဥ္ မိန္းခြန္းမွ သမၼတ Volodymyr Zelenskyy က ရႈတ္ခ်လိုက္ပါတယ္။ AI အဖြဲ႔ဟာ သူ ေဝဖန္ခ်င္တဲ့အဖြဲ႔ကိုပဲ ေ႐ြးခ်ယ္ေဝဖန္တယ္လို႔ သမၼတ Zelenskyy က ဆိုပါတယ္။

ေက်ာင္းနဲ႔ ေဆး႐ုံေတြအပါအဝင္ လူေနမ်ားတဲ့ ေနရာေတြမွာ တပ္စခန္း‌ေတြနဲ႔ လက္နက္ႀကီးေတြကို ခ်ထားျခင္းအားျဖင့္ အရပ္သားေတြ အႏၲရာယ္မ်ားေအာင္ ႐ုရွားက်ဴးေက်ာ္စစ္ စကတည္းက ယူကရိန္းစစ္တပ္က လုပ္ခဲ့တယ္လို႔ ၿပီးခဲ့တဲ့အပတ္က AI အဖြဲ႔ႀကီးက ယူကရိန္းကို ေဝဖန္ခဲ့တာကို ရည္ၫႊန္းၿပီး သမၼတ Zelenskyy က ေျပာသြားခဲ့တာ ျဖစ္ပါတယ္။

AI အဖြဲ႔ႀကီးရဲ႕ ယူကရိန္းဌာနခြဲ အႀကီးအကဲ Oksana Pokalchuk ကလည္း AI အဖြဲ႔ႀကီးရဲ႕ အဆိုပါေဝဖန္ခ်က္အေပၚ ကန႔္ကြက္ေသာအားျဖင့္ ရာထူးက ႏႈတ္ထြက္အနားယူသြားခဲ့ပါတယ္။

====Unicode ====

ယူကရိန်းက သီးနှံတင်လာတဲ့ သင်္ဘော ၄ စင်း ကို ပူးတွဲပေါင်းစပ်ညှိနှိုင်းရေးစင်တာက ခွင့်ပြုလိုက်ပါတယ်။ ယူကရိန်းကနေ ထွက်လာတဲ့ သင်္ဘောတွေဟာ တရုတ်၊ အီတလီ နဲ့ တူရကီက နေရာ ၂ နေရာကို ဦးတည်သွားနေကြပါပြီ။ ယူကရိန်းမှာ ကုန်သွားတင်ဖို့ ငါးစင်းမြောက်သင်္ဘောကိုလည်း ခွင့်ပြုလိုက်ပါတယ်။ ယူကရိန်းဟာ စားနပ်ရိက္ခာအတွက် အရေးကြီးတဲ့ အရင်းအမြစ်ဖြစ်ပြီး၊ ပင်လယ်နက်ရေပြင်ကို ရုရှားက ထိန်းချုပ်လိုက်တဲအတွက် ကမ္ဘာ့စားနပ်ရိက္ခာ ဈေးနှုန်းတွေ ကြီးမြင့်သွားခဲ့ရတာ ဖြစ်ပါတယ်။

ယူကရိန်းရဲ့ Zaporizhzhia NPP နျူကလီးယားလျှပ်စစ်စက်ရုံကို ရုရှားက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပေါ် ဘာမှမပြောတဲ့အတွက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး (AI) ကို သူ့ရဲ့ နေ့စဉ် မိန်းခွန်းမှ သမ္မတ Volodymyr Zelenskyy က ရှုတ်ချလိုက်ပါတယ်။ AI အဖွဲ့ဟာ သူ ဝေဖန်ချင်တဲ့အဖွဲ့ကိုပဲ ရွေးချယ်ဝေဖန်တယ်လို့ သမ္မတ Zelenskyy က ဆိုပါတယ်။

ကျောင်းနဲ့ ဆေးရုံတွေအပါအဝင် လူနေများတဲ့ နေရာတွေမှာ တပ်စခန်း‌တွေနဲ့ လက်နက်ကြီးတွေကို ချထားခြင်းအားဖြင့် အရပ်သားတွေ အန္တရာယ်များအောင် ရုရှားကျူးကျော်စစ် စကတည်းက ယူကရိန်းစစ်တပ်က လုပ်ခဲ့တယ်လို့ ပြီးခဲ့တဲ့အပတ်က AI အဖွဲ့ကြီးက ယူကရိန်းကို ဝေဖန်ခဲ့တာကို ရည်ညွှန်းပြီး သမ္မတ Zelenskyy က ပြောသွားခဲ့တာ ဖြစ်ပါတယ်။

AI အဖွဲ့ကြီးရဲ့ ယူကရိန်းဌာနခွဲ အကြီးအကဲ Oksana Pokalchuk ကလည်း AI အဖွဲ့ကြီးရဲ့ အဆိုပါဝေဖန်ချက်အပေါ် ကန့်ကွက်သောအားဖြင့် ရာထူးက နှုတ်ထွက်အနားယူသွားခဲ့ပါတယ်။

XS
SM
MD
LG