သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းႏ်ဴကလီးယားစက္႐ုံအနီး ပစ္ခတ္မႈေတြ ဆက္လက္ျဖစ္ပြား


FILE - In this handout photo taken from video and released by Russian Defense Ministry Press Service on Aug. 7, 2022, a general view of the Zaporizhzhia Nuclear Power Station in territory under Russian military control, southeastern Ukraine. It is one of

ယူကရိန္းႏိုင္ငံမွာ ရုရွားကသိမ္းပိုက္ထားတဲ့ Zaporizhzhia ႏ်ဴကလီးယား ဓါတ္အားေပး စက္ရုံအနီး တင္းမာမႈေတြ ဆက္လက္ ေပၚေပါက္ေနၿပီး၊ ယူကရိန္း တာ၀န္ရွိသူေတြကေတာ့ ရုရွားတပ္ေတြက ေရာ့ကတ္ေတြနဲ႔ အဆက္မျပတ္ တိုက္ခိုက္ေနတယ္လို႔ စြပ္စဲြေနသလို၊ ႏ်ဴကလီးယား မေတာ္တဆမႈ ျဖစ္ႏိုင္တဲ့ အႏၲရာယ္ရွိတယ္လို႔လည္း သတိေပးေနပါတယ္။ 

ယူကရိန္းႏ်ဴကလီးယားစက္႐ုံအနီး ပစ္ခတ္မႈေတြ ဆက္လက္ျဖစ္ပြား

{{Zawgyi/Unicode}}
ယူကရိန္းႏိုင္ငံမွာ ရုရွားကသိမ္းပိုက္ထားတဲ့ Zaporizhzhia ႏ်ဴကလီးယား ဓါတ္အားေပး စက္ရုံအနီး တင္းမာမႈေတြ ဆက္လက္ ေပၚေပါက္ေနၿပီး၊ ယူကရိန္း တာ၀န္ရွိသူေတြကေတာ့ ရုရွားတပ္ေတြက ေရာ့ကတ္ေတြနဲ႔ အဆက္မျပတ္ တိုက္ခိုက္ေနတယ္လို႔ စြပ္စဲြေနသလို၊ ႏ်ဴကလီးယား မေတာ္တဆမႈ ျဖစ္ႏိုင္တဲ့ အႏၲရာယ္ရွိတယ္လို႔လည္း သတိေပးေနပါတယ္။

ယူကရိန္း သမၼတ Volodymyr Zelenskyy ကေတာ့ အဲဒီ ႏ်ဴကလီးယား စက္ရုံကို တုိက္ခိုက္တဲ့ ရုရွားတပ္ဖြဲ႔ပဲျဖစ္ျဖစ္ ဒါမွမဟုတ္ အဲဒီစက္ရုံကို အကာအကြယ္ယူၿပီး ပစ္ခတ္တဲ့ ရုရွားတပ္ဖြဲပဲျဖစ္ျဖစ္ က်ေနာ္တို႔ရဲ႕ ေထာက္လွမ္းေရး ၊ အထူးတပ္ဖြဲ႔ေတြ နဲ႔ စစ္တပ္ေတြ ရဲ႕ ပစ္မွတ္ျဖစ္လာမယ္ဆိုတာ နားလည္ရမယ္လို႔ ေျပာပါတယ္။

ဥေရာပမွာ အႀကီးဆုံးျဖစ္တဲ့ ႏ်ဴကလီးယား ဓါတ္အားေပးစက္႐ုံနဲ႔ အနီးတဝိုက္မွာ လြန္ခဲ့တဲ့ သီတင္းတပတ္အတြင္း ေရာ့ကတ္ေတြနဲ႔ တိုက္ခိုက္ခံရတာေၾကာင့္ ေရဒီယုိဓာတ္သတၱိၾကြ အႏၲရာယ္နဲ႔ မီးေလာင္မႈ ျဖစ္ႏိုင္တဲ့ အႏၲရာယ္ရွိေနေၾကာင္း စက္႐ုံကို တာ၀န္ယူႀကီးၾကပ္ေနတဲ့ Energoatom ကုမၸဏီက ေျပာထားပါတယ္။

ႏိုက္ထ႐ိုဂ်င္ ေအာက္စီဂ်င္ သိုေလွာင္႐ုံ၊ အညစ္အေၾကးစုပ္တဲ့ စနစ္အျပင္ သုံးၿပီးသား ႏ်ဴကလီးယားေလာင္စာေခ်ာင္းေတြ သိုေလွာင္႐ုံ အနီးတဝိုက္က ေရဒီယိုသတၱိႂကြ ဓာတ္ေရာင္ျခည္ အာ႐ုံခံကရိယာ ၃ ခုဟာလည္း လက္နက္ႀကီးပစ္ခတ္မႈေတြအတြင္း ပ်က္စီးခဲ့တယ္လို႔ ေျပာပါတယ္။

စက္႐ုံအျပင္က မီးသတ္႐ုံဟာလည္း ပစ္ခတ္ခံရၿပီး၊ ဓာတ္အားပို႔စက္ကို ထိမွန္တာေၾကာင့္ တႏိုင္ငံလုံးရဲ႕ ဓာတ္အားေပး စနစ္ကို ထိခိုက္ႏိုင္တယ္လို႔လည္း တာ၀န္ရွိသူေတြက ေျပာပါတယ္။

ႏိုင္ငံတကာ အႏုျမဴစြမ္းအင္ ေအဂ်င္စီ IAEA အႀကီးအကဲကေတာ့ တကယ္လို႔ တိုက္ခိုက္မႈေတြကို မရပ္ဆုိင္းရင္၊ ဒါမွမဟုတ္ စုံစမ္းစစ္ေဆးသူေတြကို ဝင္ေရာက္ၾကည့္ရႈခြင့္မေပးရင္ ႏ်ဴကလီးယားကပ္ေဘးနဲ႔ ရင္ဆိုင္ရႏိုင္ေၾကာင္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................

ယူကရိန်းနျူကလီးယားစက်ရုံအနီး ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွား

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံမှာ ရုရှားကသိမ်းပိုက်ထားတဲ့ Zaporizhzhia နျူကလီးယား ဓါတ်အားပေး စက်ရုံအနီး တင်းမာမှုတွေ ဆက်လက် ပေါ်ပေါက်နေပြီး၊ ယူကရိန်း တာဝန်ရှိသူတွေကတော့ ရုရှားတပ်တွေက ရော့ကတ်တွေနဲ့ အဆက်မပြတ် တိုက်ခိုက်နေတယ်လို့ စွပ်စွဲနေသလို၊ နျူကလီးယား မတော်တဆမှု ဖြစ်နိုင်တဲ့ အန္တရာယ်ရှိတယ်လို့လည်း သတိပေးနေပါတယ်။

ယူကရိန်း သမ္မတ Volodymyr Zelenskyy ကတော့ အဲဒီ နျူကလီးယား စက်ရုံကို တိုက်ခိုက်တဲ့ ရုရှားတပ်ဖွဲ့ပဲဖြစ်ဖြစ် ဒါမှမဟုတ် အဲဒီစက်ရုံကို အကာအကွယ်ယူပြီး ပစ်ခတ်တဲ့ ရုရှားတပ်ဖွဲပဲဖြစ်ဖြစ် ကျနော်တို့ရဲ့ ထောက်လှမ်းရေး ၊ အထူးတပ်ဖွဲ့တွေ နဲ့ စစ်တပ်တွေ ရဲ့ ပစ်မှတ်ဖြစ်လာမယ်ဆိုတာ နားလည်ရမယ်လို့ ပြောပါတယ်။

ဥရောပမှာ အကြီးဆုံးဖြစ်တဲ့ နျူကလီးယား ဓါတ်အားပေးစက်ရုံနဲ့ အနီးတဝိုက်မှာ လွန်ခဲ့တဲ့ သီတင်းတပတ်အတွင်း ရော့ကတ်တွေနဲ့ တိုက်ခိုက်ခံရတာကြောင့် ရေဒီယိုဓာတ်သတ္တိကြွ အန္တရာယ်နဲ့ မီးလောင်မှု ဖြစ်နိုင်တဲ့ အန္တရာယ်ရှိနေကြောင်း စက်ရုံကို တာဝန်ယူကြီးကြပ်နေတဲ့ Energoatom ကုမ္ပဏီက ပြောထားပါတယ်။

နိုက်ထရိုဂျင် အောက်စီဂျင် သိုလှောင်ရုံ၊ အညစ်အကြေးစုပ်တဲ့ စနစ်အပြင် သုံးပြီးသား နျူကလီးယားလောင်စာချောင်းတွေ သိုလှောင်ရုံ အနီးတဝိုက်က ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည် အာရုံခံကရိယာ ၃ ခုဟာလည်း လက်နက်ကြီးပစ်ခတ်မှုတွေအတွင်း ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။

စက်ရုံအပြင်က မီးသတ်ရုံဟာလည်း ပစ်ခတ်ခံရပြီး၊ ဓာတ်အားပို့စက်ကို ထိမှန်တာကြောင့် တနိုင်ငံလုံးရဲ့ ဓာတ်အားပေး စနစ်ကို ထိခိုက်နိုင်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။

နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ IAEA အကြီးအကဲကတော့ တကယ်လို့ တိုက်ခိုက်မှုတွေကို မရပ်ဆိုင်းရင်၊ ဒါမှမဟုတ် စုံစမ်းစစ်ဆေးသူတွေကို ဝင်ရောက်ကြည့်ရှုခွင့်မပေးရင် နျူကလီးယားကပ်ဘေးနဲ့ ရင်ဆိုင်ရနိုင်ကြောင်း သတိပေးထားပါတယ်။

XS
SM
MD
LG