သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယား စက်ရုံလုံခြုံရေး ကုလတာဝန်ယူဖို့ ယူကရိန်းသမ္မတ တိုက်တွန်း


ယူကရိန်းသမ္မတ Volodymyr Zelenskyy(လယ်)၊ တူရကီသမ္မတRecep Tayyip Erdogan(ဘယ်)နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်Antonio Guterres(ညာ)
ယူကရိန်းသမ္မတ Volodymyr Zelenskyy(လယ်)၊ တူရကီသမ္မတRecep Tayyip Erdogan(ဘယ်)နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်Antonio Guterres(ညာ)

ဥရောပမှာ အကြီးဆုံးဖြစ်တဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံ လုံခြုံရေးအတွက် ကုလသမဂ္ဂက တာဝန်ယူပေးဖို့ ယူကရိန်းသမ္မတ Volodymyr Zelenskyy က တိုက်တွန်းလိုက်ပါတယ်။ Zaporizhzhia စက်ရုံကိုတော့ ရုရှားတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားပြီး ယူကရိန်းဝန်ထမ်းတွေနဲ့ ဆက်လက် လည်ပတ်နေတာပါ။ စက်ရုံကို တမင်သက်သက် ရုရှားက တိုက်ခိုက်နေတာဟာ ကမ္ဘာကြီးအတွက် နောက်ဆက်တွဲ ကပ်ဘေးဆိုးနဲ့ ကြုံရနိုင်ကြောင်း Telegram မှာပြောဆိုခဲ့ပြီးနောက်မှာပဲ ကုလသမဂ္ဂက တာဝန်ယူဖို့ ယူကရိန်းသမ္မတက တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

“မဟာဗျုဟာအရ အချက်အခြာကျတဲ့ ဒီနေရာမှာ လုံခြုံမှုရှိစေဖို့၊ စစ်မဲ့ဇုန်ဖြစ်ဖို့နဲ့ ရုရှားတပ်တွေလက်က လွတ်မြောက်စေဖို့ ကုလသမဂ္ဂက ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။” လို့ ယူကရိန်းနိုင်ငံ Lviv မြို့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres တူရကီသမ္မတ Recep Tayyip Erdogan တို့နဲ့ ကြာသပတေးနေ့က တွေ့ဆုံအပြီး ယူကရိန်းသမ္မတက ပြောလိုက်တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကလည်း နျူကလီးယား စက်ရုံမှာ စစ်လက်နက် ပစ္စည်းတွေနဲ့ တပ်ဖွဲ့တွေ ကင်းရှင်းဖို့ တိုက်တွန်းခဲ့ပါတယ်။ စက်ရုံကို စစ်ရေးအတွက် အသုံးမချဖို့နဲ့ အရပ်ဖက်အတွက်သာ အသုံးပြုဖို့ အရေးတကြီး ဆောင်ရွက်ဖို့ လိုအပ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ နျူကလီးယားစက်ရုံ လုံခြုံရေးအတွက် ယူကရိန်းနဲ့ ရုရှားက လက်ခံခဲ့မယ်ဆိုရင် နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) က ဆောင်ရွက်နိုင်စွမ်းရှိကြောင်းလည်း အတွင်းရေးမှူးချုပ်က ပြောပါတယ်။ နျူကလီးယား ဓာတ်အားပေးစက်ရုံ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ရုရှားနဲ့ ယူကရိန်း ၂ ဖက်စလုံးကတော့ ငြင်းဆန်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

Unicode


Volodymyr Zelenskyy #IAEA #Turkey #UNSG

Volodymyr Zelenskyy #IAEA #Turkey #UNSG

XS
SM
MD
LG