သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ရဲ႕ ၿခိမ္းေခ်ာက္မႈေၾကာင့္ ဂ်ပန္ တာေဝးပစ္ဒုံးက်ည္ေတြ တိုးခ်ဖို႔ျပင္ဆင္


HIMARS ေရာ့ကတ္ဒုံးစနစ္ (Reuters)

တ႐ုတ္ရဲ႕ ၿခိမ္းေျခာက္မႈ ႀကီးမားလာတာကို တန္ျပန္တဲ့အေနနဲ႔ ဂ်ပန္ႏိုင္ငံက တာေဝးပစ္ ခ႐ုဇ္ဒုံးက်ည္ ၁၀၀၀ ေက်ာ္ကို ခ်ထားဖို႔ စဥ္းစားေနေၾကာင္း Yomiuri Shimbun သတင္းစာက တနဂၤေႏြေန႔က ဆိုပါတယ္။

လက္ရွိခ်ထားတဲ့ ဒုံးက်ည္ေတြက ေျမျပင္ကေန သေဘၤာေတြကို ပစ္ႏိုင္ေပမဲ့၊ ကီလိုမီတာ ၁၀၀ ဒါမွမဟုတ္ ၆၂ မိုင္ အကြာကိုပဲ ပစ္ႏိုင္တာပါ။ အခုစဥ္းစားေနတဲ့ ဒုံးက်ည္ေတြကေတာ့ ကီလိုမီတာ ၁၀၀၀ ဒါမွမဟုတ္ မိုင္ ၆၂၀ အကြာအေဝးအထိ ပစ္ခတ္ႏိုင္မွာ ျဖစ္ပါတယ္။ ဒီ​အကြာအေဝးဟာ တ႐ုတ္ နဲ႔ ေျမာက္ကိုရီးယား ကမ္းေျခေတြကို ေရာက္ရွိႏိုင္မွာ ျဖစ္တယ္လို႔ Yomiuri Shimbunသတင္းစာ က ေျပာပါတယ္။

အဆင့္ျမႇင့္တင္ရာမွာ သေဘၤာေတြနဲ႔ ေလယာဥ္တင္သေဘၤာေတြရဲ႕ အဆင့္ကိုလည္း ျမႇင့္တင္ဖို႔ လိုအပ္မယ္လို႔ သတင္းစာက ဆိုပါတယ္။ ဒုံးက်ည္ေတြ ကို အေနာက္ေတာင္ပိုင္း Kyushu ေဒသမွာ ခ်ထားမွာ ျဖစ္သလို၊​ ထိုင္ဝမ္အနီးက ဂ်ပန္ပိုင္နက္ ေရျပင္ထဲက ကြၽန္းငယ္ေတြေပၚမွာလည္း ခ်ထားမွာ ျဖစ္တယ္လို႔ သတင္းက ေျပာပါတယ္။

ဒါဟာ တ႐ုတ္၊​ ေျမာက္ကိုရီးယားတို႔နဲ႔ ဒုံးက်ည္စြမ္းရည္ ကြာဟေနတာကို က်ဥ္းသြားေစမယ့္ စီမံကိန္းရဲ႕ အစိတ္အပိုင္းတစ္ရပ္ ျဖစ္ပါတယ္။ ဒုတိယကမာၻစစ္အၿပီး ဂ်ပန္ႏိုင္ငံရဲ႕ ဖြဲ႕စည္းပုံမွာ ကာကြယ္ေရးစြမ္းရည္နဲ႔ ဘတ္ဂ်က္ကို ကန႔္သတ္ထားပါတယ္။ ဒါေပမဲ့ ႐ုရွားရဲ႕ ယူကရိန္း က်ဴးေက်ာ္စစ္နဲ႔ ေဒသတြင္း ႏိုင္ငံေရး အေျပာင္းအလဲေတြေၾကာင့္ ဂ်ပန္ႏိုင္ငံဟာ သူ႔ရဲ႕ကာကြယ္ေရးစနစ္ကို ျပန္လည္သုံးသပ္လာခဲ့ပါတယ္။ လာမယ့္ ဘ႑ာေရးႏွစ္မွာ ကာကြယ္ေရးအသုံးစားရိတ္အျဖစ္ ေဒၚလာ ၄၀.၂ ဘီလီယံ နဲ႔ ညီမွ်တဲ့ ၅.၅ ထရီလီယံ ယန္းကို ကာကြယ္ေရးဝန္ႀကီးဌာနက ေတာင္းဆိုဖို႔ စီစဥ္ထားေၾကာင္း Yomiuri Shimbun သတင္းစာက ဆိုပါတယ္။ လက္ရွိ ဘတ္ဂ်က္ က ၅.၁၈ ထရီလီယံ ယန္း ျဖစ္ပါတယ္။

===Unicode===

တရုတ်ရဲ့ ခြိမ်းခြောက်မှု ကြီးမားလာတာကို တန်ပြန်တဲ့အနေနဲ့ ဂျပန်နိုင်ငံက တာဝေးပစ် ခရုဇ်ဒုံးကျည် ၁၀၀၀ ကျော်ကို ချထားဖို့ စဉ်းစားနေကြောင်း Yomiuri Shimbun သတင်းစာက တနင်္ဂနွေနေ့က ဆိုပါတယ်။

လက်ရှိချထားတဲ့ ဒုံးကျည်တွေက မြေပြင်ကနေ သင်္ဘောတွေကို ပစ်နိုင်ပေမဲ့၊ ကီလိုမီတာ ၁၀၀ ဒါမှမဟုတ် ၆၂ မိုင် အကွာကိုပဲ ပစ်နိုင်တာပါ။ အခုစဉ်းစားနေတဲ့ ဒုံးကျည်တွေကတော့ ကီလိုမီတာ ၁၀၀၀ ဒါမှမဟုတ် မိုင် ၆၂၀ အကွာအဝေးအထိ ပစ်ခတ်နိုင်မှာ ဖြစ်ပါတယ်။ ဒီအကွာအဝေးဟာ တရုတ် နဲ့ မြောက်ကိုရီးယား ကမ်းခြေတွေကို ရောက်ရှိနိုင်မှာ ဖြစ်တယ်လို့ Yomiuri Shimbunသတင်းစာ က ပြောပါတယ်။

အဆင့်မြှင့်တင်ရာမှာ သင်္ဘောတွေနဲ့ လေယာဉ်တင်သင်္ဘောတွေရဲ့ အဆင့်ကိုလည်း မြှင့်တင်ဖို့ လိုအပ်မယ်လို့ သတင်းစာက ဆိုပါတယ်။ ဒုံးကျည်တွေ ကို အနောက်တောင်ပိုင်း Kyushu ဒေသမှာ ချထားမှာ ဖြစ်သလို၊ ထိုင်ဝမ်အနီးက ဂျပန်ပိုင်နက် ရေပြင်ထဲက ကျွန်းငယ်တွေပေါ်မှာလည်း ချထားမှာ ဖြစ်တယ်လို့ သတင်းက ပြောပါတယ်။

ဒါဟာ တရုတ်၊ မြောက်ကိုရီးယားတို့နဲ့ ဒုံးကျည်စွမ်းရည် ကွာဟနေတာကို ကျဉ်းသွားစေမယ့် စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး ဂျပန်နိုင်ငံရဲ့ ဖွဲ့စည်းပုံမှာ ကာကွယ်ရေးစွမ်းရည်နဲ့ ဘတ်ဂျက်ကို ကန့်သတ်ထားပါတယ်။ ဒါပေမဲ့ ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်နဲ့ ဒေသတွင်း နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ဂျပန်နိုင်ငံဟာ သူ့ရဲ့ကာကွယ်ရေးစနစ်ကို ပြန်လည်သုံးသပ်လာခဲ့ပါတယ်။ လာမယ့် ဘဏ္ဍာရေးနှစ်မှာ ကာကွယ်ရေးအသုံးစားရိတ်အဖြစ် ဒေါ်လာ ၄၀.၂ ဘီလီယံ နဲ့ ညီမျှတဲ့ ၅.၅ ထရီလီယံ ယန်းကို ကာကွယ်ရေးဝန်ကြီးဌာနက တောင်းဆိုဖို့ စီစဉ်ထားကြောင်း Yomiuri Shimbun သတင်းစာက ဆိုပါတယ်။ လက်ရှိ ဘတ်ဂျက် က ၅.၁၈ ထရီလီယံ ယန်း ဖြစ်ပါတယ်။

XS
SM
MD
LG