သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာ-တ႐ုတ္-႐ုရွား (၃) ပြင့္ဆိုင္ မဟာမိတ္ ျဖစ္လာႏိုင္မလား


RUSSIA-MYANMAR-POLITICS-DIPLOMACY

အခုအခါ ျမန္မာနဲ႔ ႐ုရွား နီးစပ္လာေနတာဟာ အေျခအေနအရ အခိုက္အတန႔္ ကိုယ္က်ိဳးအတြက္ အျပန္အလွန္ တြယ္ကပ္ေနၾကျခင္းသာ ျဖစ္တယ္။ တကယ္နက္ရႈိင္းစြဲၿမဲမယ့္ မဟာမိတ္စစ္စစ္ေတြ ျဖစ္ဖို႔ခက္မယ္လို႔ အာရွပစိဖိတ္ေဒသေရးရာကြၽမ္းက်င္သူ ပါေမာကၡ Rouben Azizian (႐ူဘန္ အာဇီဇီယန္) က သုံးသပ္ပါတယ္။ ျမန္မာ-တ႐ုတ္-႐ုရွား (၃) ပြင့္ဆိုင္ ညီၫြတ္ေရးဆိုတာကေကာ ျဖစ္ထြန္းလာႏိုင္စရာရွိပါသလား။ New Zealand ႏိုင္ငံ Massey တကၠသိုလ္က ပါေမာကၡ Azizian နဲ႔ ဦးေက်ာ္ဇံသာ ေဆြးေႏြးသုံးသပ္ထားပါတယ္။

ေမး ။ ။ မၾကာေသးခင္က ရုရွားသမၼတ Vladimir Putin နဲ႔ ျမန္မာစစ္ေကာင္စီအႀကီးအကဲ ဗိုလ္မွဴးႀကီးမင္းေအာင္လိႈင္တို႔ Vladivostok မွာ ေတြ႔ဆံုခဲ့ၾကပါတယ္။ တဘက္ကိုတဘက္ ခ်ီးက်ဴးဂုဏ္တင္ၿပီးေတာ့ ေျပာၾကပါတယ္လို႔ အဲဒီလို တခ်ဳိ ႔ကို သံုးသပ္ၾကပါတယ္။ ပါေမာကၡ Azizian ဘယ္လိုသံုးသပ္လိုပါသလဲ။ ဘယ္ေလာက္အေရးႀကီးပါသလဲ။

ေျဖ ။ ။ ဒီေတြ႔ဆံုမႈက ျမန္မာစစ္ေကာင္စီနဲ႔ ရုရွားပူတင္ အစိုးရေခါင္းေဆာင္ေတြ ႏွစ္ဘက္စလံုးအတြက္ အေရးႀကီးတဲ့ ေတြ႔ဆံုမႈပါ။ ႏွစ္ႏိုင္ငံစလံုးဟာ အထီးက်န္မႈ၊ ကမာၻ႔ႏုိင္ငံမ်ားစြာတို႔ရဲ ႔ ေဝဖန္မႈ၊ ကဲ့ရဲ ႔ရွဳတ္ခ်မႈေတြနဲ႔ ရင္ဆိုင္ေနရတာ ျဖစ္တဲ့အတြက္ သူတုိ႔ဟာ သေဘာသဘာဝအရျဖစ္ေစ၊ သေဘာေပါက္နားလည္မႈနဲ႔ျဖစ္ေစ တေယာက္ကိုတေယာက္ တြယ္ဖက္ၿပီး၊ အျပန္အလွန္ ေထာက္ခံအားေပးမႈ ရရိွဖို႔ ေမွ်ာ္လင့္ေနၾကတာပါ။ ဆိုေတာ့ ရုရွားအေနနဲ႔ သူတုိ႔ဟာ အထီးက်န္မဟုတ္ဘူးဆိုတာကို ျပသဖို႔အတြက္ ႏုိင္ငံအမ်ားအျပားက လူေတြလာေရာက္ၿပီး ပူတင္နဲ႔ ယွဥ္တြဲထိုင္ေနတာကို လိုခ်င္ေနၾကတာပါ။ ျမန္မာစစ္ေကာင္စီကလဲ ကမာၻ႔ႏုိင္ငံေတြ ပိုၿပီးသူတုိ႔အေပၚ စိတ္ဝင္တစရာနဲ႔ ေထာက္ခံျပဖို႔ လိုခ်င္ေနၾကတာ ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ အခုေတြ႔ဆံုမႈဟာ ႏုိင္ငံေရးနဲ႔ လူထုအျမင္အတြက္ ႏွစ္ဘက္စလံုးက လုပ္ျပတဲ့ အေရးႀကီးတဲ့ကိစၥတခု ျဖစ္ပါတယ္။ ဒါက ေရရွည္ ဘယ္ေလာက္ထိေရာက္မႈ ရိွမလဲဆိုတာကိုေတာ့ က်ေနာ္ သံသယ ျဖစ္ပါတယ္။

ေမး ။ ။ ဆိုေတာ့ကာ ဒီေတြ႔ဆံုမႈဟာ တကယ္ႏွစ္ႏွစ္ကာကာ ရင္းႏီွးမႈမဟုတ္ဘဲ၊ လက္တေလာ အဆင္ေျပဖို႔အတြက္ ကိုယ့္အက်ဳိးအတြက္ လုပ္တဲ့သေဘာ၊ တနည္းအားျဖင့္ marriage of convenience ဆိုတဲ့ သေဘာမ်ဳိးလုိ႔ပဲ ေျပာရမွာေပါ့။

ေျဖ ။ ။ ဟုတ္ပါတယ္။ ဒါက marriage of convenience ပါပဲ။ သူတုိိ႔ႏွစ္ေယာက္ ေတြ႔ဆံုရာမွာ ဘာေတြေျပာၾကတယ္ဆိုတာ အေသးစိတ္ကို က်ေနာ္ မသိေပမဲ့၊ သူတုိ႔ေျပာၾကတဲ့အထဲ ပါဝင္ႏိုင္တဲ့ အေၾကာင္းအရာတခုကေတာ့ သူတုိ႔တုိင္းျပည္က ထြက္ေျပးဖို႔ ႀကံဳလာရင္ တေယာက္ဆီတေယာက္လာၿပီး ခိုလံႈမယ့္ကိစၥေတြလည္း ပါေကာင္းပါမယ္လို႔ ထင္ပါတယ္။ ဒါကို က်ေနာ္ အေလးအနက္ထားၿပီး ေျပာေနတာ မဟုတ္ေပမဲ့ သူတုုိ႔အေနနဲ႔ ဒီလိုအေျခအေနမ်ဳိး ျဖစ္လာခဲ့ရင္ဆိုတာကိုေတာ့ စဥ္းစားရမယ့္အခ်ိန္လဲ ေရာက္လာႏိုင္ပါတယ္။

ေမး ။ ။ ေနာက္ေမးခ်င္တာတခုကေတာ့ ရုရွားနဲ႔ တရုတ္ကိစၥ ျဖစ္ပါတယ္။ ဒီႏွစ္ႏုိင္ငံတုိ႔ဟာ အခုေလာေလာဆယ္မွာ ျမန္မာစစ္ေကာင္စီ ေနာက္ကြယ္မွာ အတူတူရပ္တည္ေနၾကတယ္လို႔ လူေတြက သတ္မွတ္ၾကပါတယ္။ သို႔ေပမဲ့ သူတုိ႔ႏွစ္ႏိုင္ငံရဲ ႔ ျမန္မာ့အေရးနဲ႔ ပတ္သက္တဲ့ လက္တြဲမႈဟာ ဘယ္ေလာက္ ခို္င္ခိုင္မာမာ ရိွႏိုင္ပါသလဲ။ တကယ္ေတာ့ စစ္ေရးေခတ္တုန္္းက ဆိုဗီယက္ရုရွားက တရုတ္ကို ကမာၻ႔ဇာတ္ခံုေပၚမွာ သူတုိ႔နဲ႔ တန္းတူမဆက္ဆံခ်င္လို႔ Co-starring Role မေပးခ်င္လို႔၊ လမ္းခြဲခဲ့ၾကတာ ရိွပါတယ္။ ေနာက္ အာရွအလယ္ပိုင္းမွာလည္း နယ္ေျမျပႆနာေတြ ရိွေနခဲ့တယ္ဆိုေတာ့ သူတုိ႔ရဲ ႔ လက္တြဲမႈက ဘယ္ေလာက္ခိုင္မာႏိုင္မယ္ ထင္ပါသလဲ။ ျမန္မာရဲ ႔ ေနာက္ကြယ္လက္တြဲမႈ။

ေျဖ ။ ။ ရုရွားနဲ႔ တရုတ္ ႏွစ္ႏိုင္ငံတို႔မွာ ျမန္မာႏုိင္ငံမွာ သူတုိ႔ရဲ ႔ အက်ဳိးအျမတ္ေတြ အတူတကြ ရိွေနတာေတာ့ ေသခ်ာပါတယ္။ တခုေသာ တူညီတဲ့ ေမွ်ာ္မွန္းခ်က္ကေတာ့ ျမန္မာႏိုင္ငံမွာ အေနာက္ႏုိင္ငံေတြနဲ႔ ဒီမိုကေရစီ လႊမ္းမိုးမႈေတြ မေရာက္လာေစေရးပဲ ျဖစ္ပါတယ္။ ဒီကိစၥမွာ ရုရွားနဲ႔ တရုတ္တို႔ ျမန္မာေနာက္က အတူတကြ ရိွၾကပါတယ္။ ဒါေပမဲ့ ဒီလုိလက္တြဲရပ္တည္မႈဟာ ေရွ ႔ဆက္ၿပီး အကန္႔အသတ္နဲ႔သာ သြားေနပါလိမ့္မယ္။ ဒီအတြက္ အေၾကာင္းရင္း အမ်ားအျပားလည္း ရိွပါတယ္။ တရုတ္ဟာ ကမာၻရဲ ႔ ဒီဘက္ျခမ္းမွာ အထင္ကရ အင္အားႀကီးႏိုင္ငံအျဖစ္ သူ႔ကိုယ္သူ မွတ္ယူထားတာပါ။ ျမန္မာႏုိင္ငံေပၚလည္း ရုရွားထက္ မ်ားစြာသာလြန္ၿပီး လႊမ္းမိုးထားတဲ့ ႏုိင္ငံ ျဖစ္ပါတယ္။ ရုရွားဟာ ျမန္မာႏုိင္ငံမွာ ဘာပဲလုပ္လုပ္ တရုတ္မ်က္ႏွာကို အရင္ၾကည့္ရမွာ ျဖစ္ပါတယ္။ တရုတ္အေနနဲ႔ ျမန္မာႏုိင္ငံမွာ သူလုပ္ခ်င္တာလုပ္ဖို႔ ရုရွားမ်က္ႏွာကိုၾကည့္ေနစရာ မလိုပါဘူး။ ဆိုေတာ့ ျမန္မာ့အေရးအတြက္ သူတုိ႔ႏွစ္နိုင္ငံ ပူးေပါင္းေဆာင္ရြက္မႈမွာ အကန္႔အသတ္ရိွမွာျဖစ္ၿပီး၊ ႏိုင္ငံတကာအေရး လက္တြဲရာမွာလဲ အကန္႔အသတ္ေတြ ရိွေနမွာပါ။ သူတုိ႔ႏွစ္ႏုိင္ငံဟာ စစ္ေရးကာလတုန္္းက ႏိုင္ငံတကာမွာ ရန္သူေတြ၊ ၿပိဳင္ဘက္ေတြ ျဖစ္ခဲ့ၾကတာ မွန္္ပါတယ္။ အခုေတာ့ သူတုိ႔ဟာသူတို႔ မဟာဗ်ဴဟာ မဟာမိတ္ေတြ Strategic Alliance လို႔ ေျပာေနၾကပါတယ္။ ဒါဟာ မွန္ပါတယ္။ သူတုိ႔ဟာ တေယာက္ကိုတေယာက္ သိသိသာသာ မီွခိုအားထားေနၾကပါတယ္။

ယူကရိန္းစစ္ပြဲမွာ တရုတ္က ရုရွားကို ေပၚေပၚထင္ထင္ ေထာက္ခံပါတယ္။ ဒါေပမဲ့ တရုတ္က သတိႀကီးစြာထားပါတယ္။ လိုအပ္တာထက္ေတာ့ မပိုပါဘူး။ ယူကရိန္းမွာ ရုရွားရဲ ႔ စစ္တိုက္ေနပံုကို အျပည့္အဝ သေဘာမတူပါဘူး။ ရုရွားရဲ ႔ ႏ်ဴကလီးယားအင္အားျပ အႏိုင္က်င့္ေနတာကို တရုတ္က သေဘာမက်ပါဘူး။ ဆိုေတာ့ ႏွစ္ႏုိင္ငံဆက္ဆံေရးမွာ အကန္႔အသတ္နဲ႔ ရိွေနတာပါ။

ေမး ။ ။ ျမန္မာ့အေရးမွာေကာ ရုရွားနဲ႔ တရုတ္ ႏွစ္ႏုိင္ငံ ညီညႊတ္မႈမွာ ဘယ္လို အဖုအထစ္ေတြ ရိွေနႏိုင္တယ္ဆိုတာလဲ နည္းနည္းရွင္းျပပါအံုး။

ေျဖ ။ ။ ျမန္မာႏုိင္ငံဟာလဲ တရုတ္-ရုရွား ဆက္ဆံေရး အကန္႔အသတ္ ရိွေနတယ္ဆိုတဲ့ ေနာက္ထပ္နမူနာျပယုဂ္ပါ။ ျမန္မာႏုိုင္ငံမွာ ဒီမိုကေရစီ မျဖစ္ထြန္းဖို႔ သူတုိ႔လိုလားေနသမွ်ေတာ့ သူတုိ႔ လက္တြဲေနၾကပါလိမ့္မယ္။ ဒါေပမဲ့ သူတုိ႔အခ်င္းခ်င္းမွာလဲ ထူးျခားတဲ့ မတူညီတဲ့ ဦးစားေပးမႈေတြ သီးျခားရိွေနၾကပါတယ္။ ဒီလိုဦးစားေပးမႈေတြကို ျမန္မာနဲ႔ရုရွား သီးသန္႔၊ ျမန္မာနဲ႔တရုတ္ သီးသန္႔ဆီ လုပ္ကိုင္ခ်င္ၾကပါတယ္။ သံုးႏုိင္ငံ လက္တြဲၿပီး triliteral မလုပ္ခ်င္ၾကပါဘူး။ ရုရွား၊ တရုတ္နဲ႔ ျမန္မာစစ္ေကာင္စီ သံုးပြင့္ဆိုင္ တြဲလုပ္ခ်င္ၾကတဲ့ အေရးႀကီးလုပ္ရပ္ ဘာမွရိွလိမ့္မယ္လို႔ မထင္ပါဘူး။

ေမး ။ ။ သမၼတပူတင္နဲ႔ တရုတ္တုိ႔ဟာ မဟာဗ်ဴဟာ မဟာမိတ္ေတြ Strategic Alliance ေတြဆိုေတာ့ ျမန္မာႏုိင္ငံကို တရုတ္က သူတုိ႔အတြက္ မဟာဗ်ဴဟာအရ အခ်က္အခ်ာက်တဲ့ ေနရာ ျဖစ္တယ္။ အိႏိၵယသမုဒၵရာကိုထြက္မယ့္ ထြက္ေပါက္ျဖစ္တယ္လို႔ သတ္မွတ္ထားၾကတာ ျဖစ္ပါတယ္။ ဆိုေတာ့ ဒီေနရာမွာ ရုရွားက ဝင္လာေတာ့ ရုရွားနဲ႔ တရုတ္ဟာ မဟာဗ်ဴဟာအရ အက်ဳိးစီးပြားခ်င္း ထိပ္တိုက္ေတြ႔တယ္လို႔ မဆိုႏိုင္ဘူးလား။

ေျဖ ။ ။ သူတုိ႔ဟာ မဟာဗ်ဴဟာဆိုင္ရာ မဟာမိတ္ေတြ ျဖစ္တယ္ဆိုတာေတာ့ အေသအခ်ာပဲလို႔ က်ေနာ္ထင္ပါတယ္။ ဒါေပမဲ့ သူတို႔ကို စစ္ေရးမဟာမိတ္ Military Alliance လို႔ မေခၚခ်င္ပါဘူး။ သူတုို႔ႏွစ္ႏိုင္ငံၾကားမွာ စစ္ေရးသေဘာတူစာခ်ဳပ္ တစံုတရာ မရိွပါဘူး။ မဟာဗ်ဴဟာအရေတာ့ အျပန္အလွန္ကူညီၿပီး ၾသဇာအရိွန္အဝါ ႀကီးမားေအာင္ လုပ္မယ္။ အေနာက္ႏုိင္ငံေတြရဲ ႔ ဖိအားကို လက္တြဲရင္ဆိုင္မယ္ဆိုတဲ့ သေဘာမ်ဳိး ရိွေနပါတယ္။ ဒါေပမဲ့ တခ်ိန္တည္းမွာပဲ တႏုိင္ငံနဲ႔ တႏုိင္ငံ ယွဥ္ၿပိဳင္မႈလည္း ရိွေနပါတယ္။ အာရွအလယ္ပိုင္းမွာ ၿပိဳင္ဆိုင္ေနၾကပါတယ္။ တကယ္လို႔ အေနာက္ဘက္ ႏုိင္ငံေတြနဲ႔ ဆက္ဆံေရး ျပႆနာတက္လို႔ အေရွ ႔ဘက္မွာ ပိုၿပီးလႈပ္ရွားဖို႔ ရုရွားက လုပ္လာမယ္ဆိုရင္ တရုတ္နဲ႔ ၿပိဳင္ဆိုင္မႈက ပိုၿပီးျပင္းထန္လာႏုိင္ပါတယ္။ ေလာေလာဆယ္မွာေတာ့ တရုတ္ ၿငိဳျငင္စရာ မျဖစ္ေအာင္ ရုရွားက သတိထားလုပ္ေဆာင္ေနပါတယ္။ အခ်ဳပ္ေျပာရရင္ ျမန္မာ့အေရးမွာ အက်ဳိးစီးပြားခ်င္း တူညီမႈ ရိွပါတယ္။ သူတုိ႔ တတ္ႏုိင္ရင္ ျမန္မာမွာ ႏ်ဴကလီးယားစက္ရံု တည္ေပးႏုိင္ပါတယ္။ ဒါေပမဲ့ တရုတ္နဲ႔ ရုရွား ႏွစ္ႏုိင္ငံၾကား သူတုိ႔လုပ္သမွ်မွာ အျပည့္အဝ သေဘာတူညီမႈ ရၾကလိမ့္မယ္လို႔ က်ေနာ္ မထင္ပါဘူး။ တရုတ္က သူ႔ရဲ ႔ ကုိယ္ပိုင္အက်ဳိးစီးပြားကို ဦးစားေပး ကာကြယ္သြားမွာပါ။ ရုရွားနဲ႔ ပူးေပါင္းေဆာင္ရြက္မႈဟာ တရာရာခိုင္ႏႈန္းေတာ့ မျဖစ္ႏုိင္ပါဘူး။

ေမး ။ ။ ဒီေတာ့ အေရွ ႔ေတာင္အာရွမွာလဲ ရုရွားဟာ တခ်ိန္က သူ႔ရဲ ႔ ေျခကုပ္စခန္း ျဖစ္ခဲ့တဲ့ ဗိယက္နမ္ကို အခုအခါမွာ လက္တြဲျဖဳတ္ခဲ့ၿပီ ျဖစ္ပါတယ္။ ဆိုေတာ့ ျမန္မာႏုိင္ငံကို အေရွ ႔ေတာင္အာရွမွာ သူတုိ႔ရဲ ႔ ေျခကုပ္စခန္းအျဖစ္ တည္ေဆာက္လာႏိုင္မယ့္ အလားအလာေကာ မရိွဘူးလား။

ေျဖ ။ ။ ဟုတ္ပါတယ္ - ရုရွားက ႏွစ္အေတာ္ၾကာမွာပဲ ဗိယက္နမ္မွာရိွတဲ့ စစ္စခန္း Cam Ranh Bay ကမ္ရန္ပင္လယ္ေကြ႔ကို စြန္႔လႊတ္ခဲ့ၿပီ ျဖစ္ပါတယ္။ အဲဒါက ပူတင္ရဲ ႔ ဆံုးျဖတ္ခ်က္နဲ႔ လုပ္တာပါ။ တခ်ိန္တည္းမွာပဲ အဲဒီစစ္စခန္းဟာ သူတုိ႔အတြက္ အက်ဳိးမရိွေတာ့လို႔၊ ဒါမွမဟုတ္လဲ ေငြေၾကးမတတ္ႏုိင္ေတာ့လို႔ စြန္႔လႊတ္ခဲ့တာလဲ ျဖစ္ႏုိင္ပါတယ္။ အခုေလာေလာဆယ္မွာေတာ့ ရုရွားဟာ သူ႔ရဲ ႔ အနီးကပ္ အိမ္နီးနားခ်င္းႏုိင္ငံ အခ်ဳိ ႔ကလြဲလို႔ သူ႔ရဲ ႔ စစ္စခန္း တိုးခ်ဲ ႔ထားရိွႏုိင္မယ့္ အေျခအေနမ်ဳိး မရိွပါဘူး။ သူ႔ရဲ ႔ တိုက္ရိုက္ၾသဇာ လႊမ္းမိုးခံရတဲ့နယ္ေျမ Direct sphere of influence နယ္ေျမေတြျဖစ္တဲ့ ယခင္ဆိုဗီယက္ႏုိင္ငံေတြ၊ ေကာ့ေကးစပ္၊ ယူကရိန္း၊ ေမာ္ဒိုဗာ စတဲ့ႏုိင္ငံေတြမွာ လက္မလည္ေအာင္ ျဖစ္ေနပါတယ္။ ဒါေၾကာင့္လဲ သူဟာ အေရွ ႔ေတာင္အာရွမွာ စစ္စခန္းတည္ေဆာက္ႏိုင္တဲ့ အင္အား၊ ဒါမွမဟုတ္ ရည္မွန္းခ်က္ တစံုတရာ ရိွမယ္လို႔ က်ေနာ္ မထင္ပါဘူး။ ဒုတိယအခ်က္ကလဲ အေရွ ႔ေတာင္အာရွဆိုတာ တရုတ္က သူ႔ရဲ ႔ ၾသဇာလႊမ္းမိုးခံ နယ္ေျမလို႔ သတ္မွတ္ထားရာ ျဖစ္ေနေတာ့ ရုရွားစစ္စခန္းေတြ ထားရိွေရးကိစၥကို သည္းညည္းခံလိမ့္မယ္ မဟုတ္ပါဘူး။

ေမး ။ ။ အခု ျမန္မာႏိုင္ငံမွာ ျဖစ္ပ်က္ေနတာကို သံုးသပ္သူတခ်ဳိ ႔ ေျပာၾကပါတယ္။ ဒါဟာ Proxy War ကိုယ္စားလွယ္ကတဆင့္ တိုက္တဲ့စစ္ပြဲရဲ ႔ စစ္မ်က္ႏွာျပင္၊ စစ္ေျမျပင္ ျဖစ္လာႏိုင္တယ္လို႔ ေျပာၾကပါတယ္။ အေနာက္အုပ္စုက ဒီမိုကေရစီအင္အားစု ေနာက္ကြယ္မွာ ရိွေနၿပီး၊ တရုတ္နဲ႔ ရုရွားတို႔က စစ္ေကာင္စီ ေနာက္ကြယ္မွာ ရိွေနၾကတယ္လို႔ ဆိုၾကပါတယ္။ ဒါေပမဲ့ သံုးသပ္သူ ေနာက္ပညာရွင္တဦးကေတာ့ အခုျမန္မာျပည္မွာ ျဖစ္္ေနတဲ့ တုိက္ပြဲေတြမွာ လက္နက္ကို ၾကည့္မယ္ဆိုရင္ တကယ္တမ္း Proxy War ျဖစ္ေနတာက တရုတ္နဲ႔ ရုရွားၾကားမွာသာ ျဖစ္တယ္။ တိုင္းရင္းသားအင္အားစုေတြက တရုတ္လက္နက္ကိုင္ၿပီး တိုက္ေနၾကတယ္။ စစ္ေကာင္စီက ရုရွားလက္နက္ကိုင္ၿပီး တိုက္ေနရတယ္လို႔ ဆိုပါတယ္။ ဆိုေတာ့ ဒီကိစၥမွာေကာ ပါေမာကၡအေနနဲ႔ ဘယ္လိုသံုးသပ္လုိပါသလဲ။

ေျဖ ။ ။ သူတုုိ႔လက္နက္ေထာက္ပံ့မႈေတြ ရိွေနတယ္ဆိုေပမဲ့ ရုရွားနဲ႔ တရုတ္တို႔ ျမန္မာႏုိင္ငံမွာ Proxy War ဆင္ႏႊဲေနတယ္လုိ႔ က်ေနာ္ မထင္ပါဘူး။ ျမန္မာႏုိင္ငံအေရးမွာ တရုတ္ဝင္စြက္ေနသလို၊ ရုရွားက ျမန္မာႏုိင္ငံ ျပည္တြင္းေရးမွာ ဝင္ေရာက္စြက္ဖက္ေနတယ္လို႔ မထင္ပါဘူး။ ျမန္မာအေပၚ ရုရွားလႊမ္းမုိးမႈဟာ အဓိကအားျဖင့္ ကူးသန္ေရာင္းဝယ္ေရးနဲ႔ ႏုိင္ငံေရး၊ သံခင္းတမန္ခင္း ကိစၥေတြမွာသာ ျဖစ္ပါတယ္။ ျမန္မာႏုိင္ငံေပၚ ရုရွားက တရုတ္ကို မယွဥ္ပါဘူး။ ယွဥ္ႏုိုင္စရာ အေျခအေနလဲ လံုးဝမရိွပါဘူး။

=== Unicode ====

အခုအခါ မြန်မာနဲ့ ရုရှား နီးစပ်လာနေတာဟာ အခြေအနေအရ အခိုက်အတန့် ကိုယ်ကျိုးအတွက် အပြန်အလှန် တွယ်ကပ်နေကြခြင်းသာ ဖြစ်တယ်။ တကယ်နက်ရှိုင်းစွဲမြဲမယ့် မဟာမိတ်စစ်စစ်တွေ ဖြစ်ဖို့ခက်မယ်လို့ အာရှပစိဖိတ်ဒေသရေးရာကျွမ်းကျင်သူ ပါမောက္ခ Rouben Azizian (ရူဘန် အာဇီဇီယန်) က သုံးသပ်ပါတယ်။ မြန်မာ-တရုတ်-ရုရှား (၃) ပွင့်ဆိုင် ညီညွတ်ရေးဆိုတာကကော ဖြစ်ထွန်းလာနိုင်စရာရှိပါသလား။ New Zealand နိုင်ငံ Massey တက္ကသိုလ်က ပါမောက္ခ Azizian နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။

မေး ။ ။ မကြာသေးခင်က ရုရှားသမ္မတ Vladimir Putin နဲ့ မြန်မာစစ်ကောင်စီအကြီးအကဲ ဗိုလ်မှူးကြီးမင်းအောင်လှိုင်တို့ Vladivostok မှာ တွေ့ဆုံခဲ့ကြပါတယ်။ တဘက်ကိုတဘက် ချီးကျူးဂုဏ်တင်ပြီးတော့ ပြောကြပါတယ်လို့ အဲဒီလို တချို့ကို သုံးသပ်ကြပါတယ်။ ပါမောက္ခ Azizian ဘယ်လိုသုံးသပ်လိုပါသလဲ။ ဘယ်လောက်အရေးကြီးပါသလဲ။

ဖြေ ။ ။ ဒီတွေ့ဆုံမှုက မြန်မာစစ်ကောင်စီနဲ့ ရုရှားပူတင် အစိုးရခေါင်းဆောင်တွေ နှစ်ဘက်စလုံးအတွက် အရေးကြီးတဲ့ တွေ့ဆုံမှုပါ။ နှစ်နိုင်ငံစလုံးဟာ အထီးကျန်မှု၊ ကမ္ဘာ့နိုင်ငံများစွာတို့ရဲ့ ဝေဖန်မှု၊ ကဲ့ရဲ့ရှုတ်ချမှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်တဲ့အတွက် သူတို့ဟာ သဘောသဘာဝအရဖြစ်စေ၊ သဘောပေါက်နားလည်မှုနဲ့ဖြစ်စေ တယောက်ကိုတယောက် တွယ်ဖက်ပြီး၊ အပြန်အလှန် ထောက်ခံအားပေးမှု ရရှိဖို့ မျှော်လင့်နေကြတာပါ။ ဆိုတော့ ရုရှားအနေနဲ့ သူတို့ဟာ အထီးကျန်မဟုတ်ဘူးဆိုတာကို ပြသဖို့အတွက် နိုင်ငံအများအပြားက လူတွေလာရောက်ပြီး ပူတင်နဲ့ ယှဉ်တွဲထိုင်နေတာကို လိုချင်နေကြတာပါ။ မြန်မာစစ်ကောင်စီကလဲ ကမ္ဘာ့နိုင်ငံတွေ ပိုပြီးသူတို့အပေါ် စိတ်ဝင်တစရာနဲ့ ထောက်ခံပြဖို့ လိုချင်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ အခုတွေ့ဆုံမှုဟာ နိုင်ငံရေးနဲ့ လူထုအမြင်အတွက် နှစ်ဘက်စလုံးက လုပ်ပြတဲ့ အရေးကြီးတဲ့ကိစ္စတခု ဖြစ်ပါတယ်။ ဒါက ရေရှည် ဘယ်လောက်ထိရောက်မှု ရှိမလဲဆိုတာကိုတော့ ကျနော် သံသယ ဖြစ်ပါတယ်။

မေး ။ ။ ဆိုတော့ကာ ဒီတွေ့ဆုံမှုဟာ တကယ်နှစ်နှစ်ကာကာ ရင်းနှီးမှုမဟုတ်ဘဲ၊ လက်တလော အဆင်ပြေဖို့အတွက် ကိုယ့်အကျိုးအတွက် လုပ်တဲ့သဘော၊ တနည်းအားဖြင့် marriage of convenience ဆိုတဲ့ သဘောမျိုးလို့ပဲ ပြောရမှာပေါ့။

ဖြေ ။ ။ ဟုတ်ပါတယ်။ ဒါက marriage of convenience ပါပဲ။ သူတို့နှစ်ယောက် တွေ့ဆုံရာမှာ ဘာတွေပြောကြတယ်ဆိုတာ အသေးစိတ်ကို ကျနော် မသိပေမဲ့၊ သူတို့ပြောကြတဲ့အထဲ ပါဝင်နိုင်တဲ့ အကြောင်းအရာတခုကတော့ သူတို့တိုင်းပြည်က ထွက်ပြေးဖို့ ကြုံလာရင် တယောက်ဆီတယောက်လာပြီး ခိုလှုံမယ့်ကိစ္စတွေလည်း ပါကောင်းပါမယ်လို့ ထင်ပါတယ်။ ဒါကို ကျနော် အလေးအနက်ထားပြီး ပြောနေတာ မဟုတ်ပေမဲ့ သူတို့အနေနဲ့ ဒီလိုအခြေအနေမျိုး ဖြစ်လာခဲ့ရင်ဆိုတာကိုတော့ စဉ်းစားရမယ့်အချိန်လဲ ရောက်လာနိုင်ပါတယ်။

မေး ။ ။ နောက်မေးချင်တာတခုကတော့ ရုရှားနဲ့ တရုတ်ကိစ္စ ဖြစ်ပါတယ်။ ဒီနှစ်နိုင်ငံတို့ဟာ အခုလောလောဆယ်မှာ မြန်မာစစ်ကောင်စီ နောက်ကွယ်မှာ အတူတူရပ်တည်နေကြတယ်လို့ လူတွေက သတ်မှတ်ကြပါတယ်။ သို့ပေမဲ့ သူတို့နှစ်နိုင်ငံရဲ့ မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ လက်တွဲမှုဟာ ဘယ်လောက် ခိုင်ခိုင်မာမာ ရှိနိုင်ပါသလဲ။ တကယ်တော့ စစ်ရေးခေတ်တုန်းက ဆိုဗီယက်ရုရှားက တရုတ်ကို ကမ္ဘာ့ဇာတ်ခုံပေါ်မှာ သူတို့နဲ့ တန်းတူမဆက်ဆံချင်လို့ Co-starring Role မပေးချင်လို့၊ လမ်းခွဲခဲ့ကြတာ ရှိပါတယ်။ နောက် အာရှအလယ်ပိုင်းမှာလည်း နယ်မြေပြဿနာတွေ ရှိနေခဲ့တယ်ဆိုတော့ သူတို့ရဲ့ လက်တွဲမှုက ဘယ်လောက်ခိုင်မာနိုင်မယ် ထင်ပါသလဲ။ မြန်မာရဲ့ နောက်ကွယ်လက်တွဲမှု။

ဖြေ ။ ။ ရုရှားနဲ့ တရုတ် နှစ်နိုင်ငံတို့မှာ မြန်မာနိုင်ငံမှာ သူတို့ရဲ့ အကျိုးအမြတ်တွေ အတူတကွ ရှိနေတာတော့ သေချာပါတယ်။ တခုသော တူညီတဲ့ မျှော်မှန်းချက်ကတော့ မြန်မာနိုင်ငံမှာ အနောက်နိုင်ငံတွေနဲ့ ဒီမိုကရေစီ လွှမ်းမိုးမှုတွေ မရောက်လာစေရေးပဲ ဖြစ်ပါတယ်။ ဒီကိစ္စမှာ ရုရှားနဲ့ တရုတ်တို့ မြန်မာနောက်က အတူတကွ ရှိကြပါတယ်။ ဒါပေမဲ့ ဒီလိုလက်တွဲရပ်တည်မှုဟာ ရှေ့ဆက်ပြီး အကန့်အသတ်နဲ့သာ သွားနေပါလိမ့်မယ်။ ဒီအတွက် အကြောင်းရင်း အများအပြားလည်း ရှိပါတယ်။ တရုတ်ဟာ ကမ္ဘာရဲ့ ဒီဘက်ခြမ်းမှာ အထင်ကရ အင်အားကြီးနိုင်ငံအဖြစ် သူ့ကိုယ်သူ မှတ်ယူထားတာပါ။ မြန်မာနိုင်ငံပေါ်လည်း ရုရှားထက် များစွာသာလွန်ပြီး လွှမ်းမိုးထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ရုရှားဟာ မြန်မာနိုင်ငံမှာ ဘာပဲလုပ်လုပ် တရုတ်မျက်နှာကို အရင်ကြည့်ရမှာ ဖြစ်ပါတယ်။ တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ သူလုပ်ချင်တာလုပ်ဖို့ ရုရှားမျက်နှာကိုကြည့်နေစရာ မလိုပါဘူး။ ဆိုတော့ မြန်မာ့အရေးအတွက် သူတို့နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုမှာ အကန့်အသတ်ရှိမှာဖြစ်ပြီး၊ နိုင်ငံတကာအရေး လက်တွဲရာမှာလဲ အကန့်အသတ်တွေ ရှိနေမှာပါ။ သူတို့နှစ်နိုင်ငံဟာ စစ်ရေးကာလတုန်းက နိုင်ငံတကာမှာ ရန်သူတွေ၊ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြတာ မှန်ပါတယ်။ အခုတော့ သူတို့ဟာသူတို့ မဟာဗျူဟာ မဟာမိတ်တွေ Strategic Alliance လို့ ပြောနေကြပါတယ်။ ဒါဟာ မှန်ပါတယ်။ သူတို့ဟာ တယောက်ကိုတယောက် သိသိသာသာ မှီခိုအားထားနေကြပါတယ်။

ယူကရိန်းစစ်ပွဲမှာ တရုတ်က ရုရှားကို ပေါ်ပေါ်ထင်ထင် ထောက်ခံပါတယ်။ ဒါပေမဲ့ တရုတ်က သတိကြီးစွာထားပါတယ်။ လိုအပ်တာထက်တော့ မပိုပါဘူး။ ယူကရိန်းမှာ ရုရှားရဲ့ စစ်တိုက်နေပုံကို အပြည့်အဝ သဘောမတူပါဘူး။ ရုရှားရဲ့ နျူကလီးယားအင်အားပြ အနိုင်ကျင့်နေတာကို တရုတ်က သဘောမကျပါဘူး။ ဆိုတော့ နှစ်နိုင်ငံဆက်ဆံရေးမှာ အကန့်အသတ်နဲ့ ရှိနေတာပါ။

မေး ။ ။ မြန်မာ့အရေးမှာကော ရုရှားနဲ့ တရုတ် နှစ်နိုင်ငံ ညီညွှတ်မှုမှာ ဘယ်လို အဖုအထစ်တွေ ရှိနေနိုင်တယ်ဆိုတာလဲ နည်းနည်းရှင်းပြပါအုံး။

ဖြေ ။ ။ မြန်မာနိုင်ငံဟာလဲ တရုတ်-ရုရှား ဆက်ဆံရေး အကန့်အသတ် ရှိနေတယ်ဆိုတဲ့ နောက်ထပ်နမူနာပြယုဂ်ပါ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မဖြစ်ထွန်းဖို့ သူတို့လိုလားနေသမျှတော့ သူတို့ လက်တွဲနေကြပါလိမ့်မယ်။ ဒါပေမဲ့ သူတို့အချင်းချင်းမှာလဲ ထူးခြားတဲ့ မတူညီတဲ့ ဦးစားပေးမှုတွေ သီးခြားရှိနေကြပါတယ်။ ဒီလိုဦးစားပေးမှုတွေကို မြန်မာနဲ့ရုရှား သီးသန့်၊ မြန်မာနဲ့တရုတ် သီးသန့်ဆီ လုပ်ကိုင်ချင်ကြပါတယ်။ သုံးနိုင်ငံ လက်တွဲပြီး triliteral မလုပ်ချင်ကြပါဘူး။ ရုရှား၊ တရုတ်နဲ့ မြန်မာစစ်ကောင်စီ သုံးပွင့်ဆိုင် တွဲလုပ်ချင်ကြတဲ့ အရေးကြီးလုပ်ရပ် ဘာမှရှိလိမ့်မယ်လို့ မထင်ပါဘူး။

မေး ။ ။ သမ္မတပူတင်နဲ့ တရုတ်တို့ဟာ မဟာဗျူဟာ မဟာမိတ်တွေ Strategic Alliance တွေဆိုတော့ မြန်မာနိုင်ငံကို တရုတ်က သူတို့အတွက် မဟာဗျူဟာအရ အချက်အချာကျတဲ့ နေရာ ဖြစ်တယ်။ အိန္ဒိယသမုဒ္ဒရာကိုထွက်မယ့် ထွက်ပေါက်ဖြစ်တယ်လို့ သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။ ဆိုတော့ ဒီနေရာမှာ ရုရှားက ဝင်လာတော့ ရုရှားနဲ့ တရုတ်ဟာ မဟာဗျူဟာအရ အကျိုးစီးပွားချင်း ထိပ်တိုက်တွေ့တယ်လို့ မဆိုနိုင်ဘူးလား။

ဖြေ ။ ။ သူတို့ဟာ မဟာဗျူဟာဆိုင်ရာ မဟာမိတ်တွေ ဖြစ်တယ်ဆိုတာတော့ အသေအချာပဲလို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ သူတို့ကို စစ်ရေးမဟာမိတ် Military Alliance လို့ မခေါ်ချင်ပါဘူး။ သူတို့နှစ်နိုင်ငံကြားမှာ စစ်ရေးသဘောတူစာချုပ် တစုံတရာ မရှိပါဘူး။ မဟာဗျူဟာအရတော့ အပြန်အလှန်ကူညီပြီး သြဇာအရှိန်အဝါ ကြီးမားအောင် လုပ်မယ်။ အနောက်နိုင်ငံတွေရဲ့ ဖိအားကို လက်တွဲရင်ဆိုင်မယ်ဆိုတဲ့ သဘောမျိုး ရှိနေပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ တနိုင်ငံနဲ့ တနိုင်ငံ ယှဉ်ပြိုင်မှုလည်း ရှိနေပါတယ်။ အာရှအလယ်ပိုင်းမှာ ပြိုင်ဆိုင်နေကြပါတယ်။ တကယ်လို့ အနောက်ဘက် နိုင်ငံတွေနဲ့ ဆက်ဆံရေး ပြဿနာတက်လို့ အရှေ့ဘက်မှာ ပိုပြီးလှုပ်ရှားဖို့ ရုရှားက လုပ်လာမယ်ဆိုရင် တရုတ်နဲ့ ပြိုင်ဆိုင်မှုက ပိုပြီးပြင်းထန်လာနိုင်ပါတယ်။ လောလောဆယ်မှာတော့ တရုတ် ငြိုငြင်စရာ မဖြစ်အောင် ရုရှားက သတိထားလုပ်ဆောင်နေပါတယ်။ အချုပ်ပြောရရင် မြန်မာ့အရေးမှာ အကျိုးစီးပွားချင်း တူညီမှု ရှိပါတယ်။ သူတို့ တတ်နိုင်ရင် မြန်မာမှာ နျူကလီးယားစက်ရုံ တည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ တရုတ်နဲ့ ရုရှား နှစ်နိုင်ငံကြား သူတို့လုပ်သမျှမှာ အပြည့်အဝ သဘောတူညီမှု ရကြလိမ့်မယ်လို့ ကျနော် မထင်ပါဘူး။ တရုတ်က သူ့ရဲ့ ကိုယ်ပိုင်အကျိုးစီးပွားကို ဦးစားပေး ကာကွယ်သွားမှာပါ။ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ တရာရာခိုင်နှုန်းတော့ မဖြစ်နိုင်ပါဘူး။

မေး ။ ။ ဒီတော့ အရှေ့တောင်အာရှမှာလဲ ရုရှားဟာ တချိန်က သူ့ရဲ့ ခြေကုပ်စခန်း ဖြစ်ခဲ့တဲ့ ဗိယက်နမ်ကို အခုအခါမှာ လက်တွဲဖြုတ်ခဲ့ပြီ ဖြစ်ပါတယ်။ ဆိုတော့ မြန်မာနိုင်ငံကို အရှေ့တောင်အာရှမှာ သူတို့ရဲ့ ခြေကုပ်စခန်းအဖြစ် တည်ဆောက်လာနိုင်မယ့် အလားအလာကော မရှိဘူးလား။

ဖြေ ။ ။ ဟုတ်ပါတယ် - ရုရှားက နှစ်အတော်ကြာမှာပဲ ဗိယက်နမ်မှာရှိတဲ့ စစ်စခန်း Cam Ranh Bay ကမ်ရန်ပင်လယ်ကွေ့ကို စွန့်လွှတ်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒါက ပူတင်ရဲ့ ဆုံးဖြတ်ချက်နဲ့ လုပ်တာပါ။ တချိန်တည်းမှာပဲ အဲဒီစစ်စခန်းဟာ သူတို့အတွက် အကျိုးမရှိတော့လို့၊ ဒါမှမဟုတ်လဲ ငွေကြေးမတတ်နိုင်တော့လို့ စွန့်လွှတ်ခဲ့တာလဲ ဖြစ်နိုင်ပါတယ်။ အခုလောလောဆယ်မှာတော့ ရုရှားဟာ သူ့ရဲ့ အနီးကပ် အိမ်နီးနားချင်းနိုင်ငံ အချို့ကလွဲလို့ သူ့ရဲ့ စစ်စခန်း တိုးချဲ့ထားရှိနိုင်မယ့် အခြေအနေမျိုး မရှိပါဘူး။ သူ့ရဲ့ တိုက်ရိုက်သြဇာ လွှမ်းမိုးခံရတဲ့နယ်မြေ Direct sphere of influence နယ်မြေတွေဖြစ်တဲ့ ယခင်ဆိုဗီယက်နိုင်ငံတွေ၊ ကော့ကေးစပ်၊ ယူကရိန်း၊ မော်ဒိုဗာ စတဲ့နိုင်ငံတွေမှာ လက်မလည်အောင် ဖြစ်နေပါတယ်။ ဒါကြောင့်လဲ သူဟာ အရှေ့တောင်အာရှမှာ စစ်စခန်းတည်ဆောက်နိုင်တဲ့ အင်အား၊ ဒါမှမဟုတ် ရည်မှန်းချက် တစုံတရာ ရှိမယ်လို့ ကျနော် မထင်ပါဘူး။ ဒုတိယအချက်ကလဲ အရှေ့တောင်အာရှဆိုတာ တရုတ်က သူ့ရဲ့ သြဇာလွှမ်းမိုးခံ နယ်မြေလို့ သတ်မှတ်ထားရာ ဖြစ်နေတော့ ရုရှားစစ်စခန်းတွေ ထားရှိရေးကိစ္စကို သည်းညည်းခံလိမ့်မယ် မဟုတ်ပါဘူး။

မေး ။ ။ အခု မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာကို သုံးသပ်သူတချို့ ပြောကြပါတယ်။ ဒါဟာ Proxy War ကိုယ်စားလှယ်ကတဆင့် တိုက်တဲ့စစ်ပွဲရဲ့ စစ်မျက်နှာပြင်၊ စစ်မြေပြင် ဖြစ်လာနိုင်တယ်လို့ ပြောကြပါတယ်။ အနောက်အုပ်စုက ဒီမိုကရေစီအင်အားစု နောက်ကွယ်မှာ ရှိနေပြီး၊ တရုတ်နဲ့ ရုရှားတို့က စစ်ကောင်စီ နောက်ကွယ်မှာ ရှိနေကြတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ သုံးသပ်သူ နောက်ပညာရှင်တဦးကတော့ အခုမြန်မာပြည်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ လက်နက်ကို ကြည့်မယ်ဆိုရင် တကယ်တမ်း Proxy War ဖြစ်နေတာက တရုတ်နဲ့ ရုရှားကြားမှာသာ ဖြစ်တယ်။ တိုင်းရင်းသားအင်အားစုတွေက တရုတ်လက်နက်ကိုင်ပြီး တိုက်နေကြတယ်။ စစ်ကောင်စီက ရုရှားလက်နက်ကိုင်ပြီး တိုက်နေရတယ်လို့ ဆိုပါတယ်။ ဆိုတော့ ဒီကိစ္စမှာကော ပါမောက္ခအနေနဲ့ ဘယ်လိုသုံးသပ်လိုပါသလဲ။

ဖြေ ။ ။ သူတို့လက်နက်ထောက်ပံ့မှုတွေ ရှိနေတယ်ဆိုပေမဲ့ ရုရှားနဲ့ တရုတ်တို့ မြန်မာနိုင်ငံမှာ Proxy War ဆင်နွှဲနေတယ်လို့ ကျနော် မထင်ပါဘူး။ မြန်မာနိုင်ငံအရေးမှာ တရုတ်ဝင်စွက်နေသလို၊ ရုရှားက မြန်မာနိုင်ငံ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်နေတယ်လို့ မထင်ပါဘူး။ မြန်မာအပေါ် ရုရှားလွှမ်းမိုးမှုဟာ အဓိကအားဖြင့် ကူးသန်ရောင်းဝယ်ရေးနဲ့ နိုင်ငံရေး၊ သံခင်းတမန်ခင်း ကိစ္စတွေမှာသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံပေါ် ရုရှားက တရုတ်ကို မယှဉ်ပါဘူး။ ယှဉ်နိုင်စရာ အခြေအနေလဲ လုံးဝမရှိပါဘူး။

XS
SM
MD
LG