သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဖီလစ္ပို္င္ တကၠသိုလ္ ပစ္ခတ္္မႈ လူ (၃) ဦးေသဆံုး


Police investigators inspect the crime scene after a shooting at the Ateneo de Manila University, in Quezon City, Metro Manila, Philippines, July 24, 2022.

ဖိလစ္ပိုင္ႏုိင္ငံ တကၠသိုလ္ေက်ာင္းတခုမွာ တနဂၤေႏြေန႔က ေသနတ္သမားတဦးရဲ ႔ပစ္ခတ္မႈေၾကာင့္ ၿမိဳ႔ေတာ္၀န္ေဟာင္းအပါအ၀င္ လူ၃ ဦးေသဆုံးခဲ့ေၾကာင္း ဖိလစ္ပိုင္ရဲတပ္ဖြ႔ဲကေျပာပါတယ္။ ဘြဲ႔ႏွင္းသဘင္အခမ္းအနား မက်င္းပခင္မွာပဲ ပစ္ခတ္မႈျဖစ္ပြါးခဲ့တာပါ။

ဖီလစ္ပို္င္ တကၠသိုလ္ ပစ္ခတ္္မႈ လူ (၃) ဦးေသဆံုး

{{Zawgyi/Unicode}}
ဖိလစ္ပိုင္ႏုိင္ငံ တကၠသိုလ္ေက်ာင္းတခုမွာ တနဂၤေႏြေန႔က ေသနတ္သမားတဦးရဲ ႔ပစ္ခတ္မႈေၾကာင့္ ၿမိဳ႔ေတာ္၀န္ေဟာင္းအပါအ၀င္ လူ၃ ဦးေသဆုံးခဲ့ေၾကာင္း ဖိလစ္ပိုင္ရဲတပ္ဖြ႔ဲကေျပာပါတယ္။ ဘြဲ႔ႏွင္းသဘင္အခမ္းအနား မက်င္းပခင္မွာပဲ ပစ္ခတ္မႈျဖစ္ပြါးခဲ့တာပါ။

" ေသနတ္သမားကို လက္ရွိဖမ္းဆီးထိန္းသိမ္းထားပါတယ္။ ပစ္ခတ္ရတဲ့အေၾကာင္းရင္းကို ရဲတပ္ဖြဲ႔ကဆက္ၿပီးစုံစမ္းေနပါတယ္။ သူ႔ကို လူသတ္မႈနဲ႔စြဲခ်က္တင္မွာေသခ်ာပါတယ္လို႔ ဖိလစ္ပိုင္ႏုိ္င္ငံေတာ္ရဲတပ္ဖြဲ႔အႀကီးအကဲ ဗိုလ္မွဴးခ်ဳပ္ Balingasa Medina သတင္းစာရွင္းလင္းပြဲမွာ ကေျပာဆိုသြားတာပါ။

Quezon City မွာရွိတဲ့ Ateneo de Manila တကၠသိုလ္၀င္းထဲကေန ကားနဲ႔ထြက္ေျပးဖို႔ က်ိဳးစားခဲ့တဲ့ ေသနတ္သမားအျဖစ္သံသယရွိခံထားရသူကို ပစၥတိုေသနတ္ ၂ လက္နဲ႔အတူ ဖမ္းဆီးမိခဲ့တာလို႔လည္း ရဲတို႔ကေျပာပါတယ္ ။ တကၠသိုလ္၀င္းအျပင္ဖက္ ဂိတ္ေတြမွာ မ်က္ျမင္သက္ေသေတြနဲ႔ အာဏာပိုင္ေတြက သူ႔ကို ဟန္႔တားခဲ့ၾကတာပါ။ တကၠသိုလ္၀င္းႀကီးတခုလုံးကိုလည္း lockdown ခ်ၿပီး အ၀င္အထြက္ကန္႔သတ္ခဲ့သလို ဥပေဒဘြဲ႔ႏွင္းသဘင္အခမ္းအနားကိုလည္း ဖ်က္သိမ္းလိုက္တယ္လို႔ ရဲတု႔ိကေျပာပါတယ္။

ဘြဲ႔ႏွင္းသဘင္အခမ္းအနားမွာ မိန္႔ခြန္းေျပာဖို႔ လာေနတဲ့ ဖိလစ္ပိုင္ တရား႐ုံးခ်ဳပ္ တရားသူႀကီး Alexander Gesmundo ကလည္း ဒီျဖစ္ရပ္ေၾကာင့္ ေနာက္ေၾကာင္းျပန္လွည့္သြားခဲ့ရတယ္လို႔ တာ၀န္ရွိသူေတြ ကေျပာပါတယ္။

ဒီတုိက္ခိုက္မႈကို အလ်င္အျမန္စုံစမ္းစစ္ေဆးၿပီး သတ္ျဖတ္မႈအတြက္ အျပစ္ရွိသူကို တရားရင္ဆုိင္ေစမယ္လု႔ိ ဖိလစ္ပိုင္သမၼတသစ္ Ferdinand Marcos Jr က ကတိျပဳပါတယ္။ အခင္းျဖစ္ရာ Quezon City မွာ အထက္နဲ႔ေအာက္လႊတ္ေတာ္ ပူးတြဲက်င္းပမယ့္ ညီလာခံကို သမၼတ Marcos တက္ေရာက္ဖို႔ရွိေနတဲ့အတြက္ ပစ္ခတ္မႈမျဖစ္ခင္ကတည္းက ေသနတ္ကုိင္ေဆာင္ခြင္႔ကို အာဏာပိုင္ေတြက တားျမစ္ထားသလို ၿမိဳ ႔လုံၿခဳံေရးကိုပါ တင္းၾကပ္ထားတာပါ။

ပစ္ခတ္မႈအတြက္ တုံလႈပ္မိသလို ေသေၾကထိခိုက္ခဲ့ရသူေတြအတြက္ စိတ္မေကာင္းျဖစ္ရပါတယ္လို႔ သမၼတ Marcos ကေျပာပါတယ္။ ေသနတ္ပစ္ခတ္မႈေၾကာင့္ ေသဆုံးခဲ့ရသူေတြကေတာ့ Lamitan ၿမိဳ ႔ေတာ္၀န္ေဟာင္း Rosita Furigay၊ သူ႔လက္ေထာက္နဲ႔ တကၠသိုလ္အေစာင့္တဦးတို႔ျဖစ္ၾကပါတယ္။

ဖီလစ္ပို္င္ တကၠသိုလ္ ပစ္ခတ္္မႈ လူ (၃) ဦးေသဆံုး
please wait

No media source currently available

0:00 0:01:44 0:00
တိုက္႐ိုက္ လင့္ခ္

............................................

ဖီလစ်ပိုင် တက္ကသိုလ် ပစ်ခတ်မှု လူ (၃) ဦးသေဆုံး

{{Zawgyi/Unicode}}
ဖိလစ်ပိုင်နိုင်ငံ တက္ကသိုလ်ကျောင်းတခုမှာ တနင်္ဂနွေနေ့က သေနတ်သမားတဦးရဲ့ပစ်ခတ်မှုကြောင့် မြို့တော်ဝန်ဟောင်းအပါအဝင် လူ၃ ဦးသေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွ့ဲကပြောပါတယ်။ ဘွဲ့နှင်းသဘင်အခမ်းအနား မကျင်းပခင်မှာပဲ ပစ်ခတ်မှုဖြစ်ပွါးခဲ့တာပါ။

" သေနတ်သမားကို လက်ရှိဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ပစ်ခတ်ရတဲ့အကြောင်းရင်းကို ရဲတပ်ဖွဲ့ကဆက်ပြီးစုံစမ်းနေပါတယ်။ သူ့ကို လူသတ်မှုနဲ့စွဲချက်တင်မှာသေချာပါတယ်လို့ ဖိလစ်ပိုင်နိုင်ငံတော်ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်မှူးချုပ် Balingasa Medina သတင်းစာရှင်းလင်းပွဲမှာ ကပြောဆိုသွားတာပါ။

Quezon City မှာရှိတဲ့ Ateneo de Manila တက္ကသိုလ်ဝင်းထဲကနေ ကားနဲ့ထွက်ပြေးဖို့ ကျိုးစားခဲ့တဲ့ သေနတ်သမားအဖြစ်သံသယရှိခံထားရသူကို ပစ္စတိုသေနတ် ၂ လက်နဲ့အတူ ဖမ်းဆီးမိခဲ့တာလို့လည်း ရဲတို့ကပြောပါတယ် ။ တက္ကသိုလ်ဝင်းအပြင်ဖက် ဂိတ်တွေမှာ မျက်မြင်သက်သေတွေနဲ့ အာဏာပိုင်တွေက သူ့ကို ဟန့်တားခဲ့ကြတာပါ။ တက္ကသိုလ်ဝင်းကြီးတခုလုံးကိုလည်း lockdown ချပြီး အဝင်အထွက်ကန့်သတ်ခဲ့သလို ဥပဒေဘွဲ့နှင်းသဘင်အခမ်းအနားကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ ရဲတု့ိကပြောပါတယ်။

ဘွဲ့နှင်းသဘင်အခမ်းအနားမှာ မိန့်ခွန်းပြောဖို့ လာနေတဲ့ ဖိလစ်ပိုင် တရားရုံးချုပ် တရားသူကြီး Alexander Gesmundo ကလည်း ဒီဖြစ်ရပ်ကြောင့် နောက်ကြောင်းပြန်လှည့်သွားခဲ့ရတယ်လို့ တာဝန်ရှိသူတွေ ကပြောပါတယ်။

ဒီတိုက်ခိုက်မှုကို အလျင်အမြန်စုံစမ်းစစ်ဆေးပြီး သတ်ဖြတ်မှုအတွက် အပြစ်ရှိသူကို တရားရင်ဆိုင်စေမယ်လု့ိ ဖိလစ်ပိုင်သမ္မတသစ် Ferdinand Marcos Jr က ကတိပြုပါတယ်။ အခင်းဖြစ်ရာ Quezon City မှာ အထက်နဲ့အောက်လွှတ်တော် ပူးတွဲကျင်းပမယ့် ညီလာခံကို သမ္မတ Marcos တက်ရောက်ဖို့ရှိနေတဲ့အတွက် ပစ်ခတ်မှုမဖြစ်ခင်ကတည်းက သေနတ်ကိုင်ဆောင်ခွင့်ကို အာဏာပိုင်တွေက တားမြစ်ထားသလို မြို့လုံခြုံရေးကိုပါ တင်းကြပ်ထားတာပါ။

ပစ်ခတ်မှုအတွက် တုံလှုပ်မိသလို သေကြေထိခိုက်ခဲ့ရသူတွေအတွက် စိတ်မကောင်းဖြစ်ရပါတယ်လို့ သမ္မတ Marcos ကပြောပါတယ်။ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူတွေကတော့ Lamitan မြို့တော်ဝန်ဟောင်း Rosita Furigay၊ သူ့လက်ထောက်နဲ့ တက္ကသိုလ်အစောင့်တဦးတို့ဖြစ်ကြပါတယ်။

XS
SM
MD
LG