သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားတက္ကသိုလ် ပစ်ခတ်မှု ၆ ဦးသေဆုံး


the university of Perm, Russia
the university of Perm, Russia

ရုရှားနိုင်ငံ Perm တက္ကသိုလ် မှာ တနင်္လာနေ့က သေနတ်သမားတယောက်ရဲ့ ပစ်ခတ်မှုကြောင့် ၆ ဦးထက်မနည်း သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ရုရှား စုံစမ်းစစ်ဆေးရေးကော်မတီပြောခွင့်ရ Svet lana Pe trenko ကပြောပါတယ်။

"စုံစမ်းစစ်ဆေးမှုအရ စက်တင်ဘာ ၂၀ ရက်နေ့မှာ Perm အမျိုးသား သုတေသန တက္ကသိုလ် အဆောက်အဦးထဲမှာ သေနတ်ပစ်ခတ်မှု ဖြစ်ခဲ့ပြီး သေဆုံးသူ ၈ ဦးနဲ့ ဆေးကုသမှုခံယူဖို့ လိုအပ်သူ ၂၈ ယောက်ရှိခဲ့ပါတယ်" လို့ ပြောသွားတာပါ။

အစောပိုင်းမှာ စစ်ဆေးရေးကော်မတီ ပြောခွင့်ရက ၈ ဦးသေဆုံးတယ်လို့ ပြောပေမယ့် နောက်ပိုင်းမှာတော့ သေဆုံးသူက ၆ ဦးနဲ့ ဒဏ်ရာရသူ ၂၈ ဦးရှိကြောင်း တာဝန်ခံ အရာရှိတွေက ပြောပါတယ်။ သေနတ်သမားနဲ့ ပတ်သက်ပြီး အသေးစိတ်ကို ထုတ်ဖေါ်ပြောဆိုတာ မရှိသေးသလို သူဘာကြောင့် အခုလို ပစ်ခတ်ခဲ့တယ် ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သတင်း မထုတ်ပြန်သေးပါဘူး။ တက္ကသိုလ် ဝင်းထဲမှာရှိတဲ့ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေက အခန်းတွေထဲ တံခါးပိတ်ပြီး နေနေကြတာ ဖြစ်ပြီး တက္ကသိုလ်တာဝန်ရှိသူတွေ ကတော့ ကျောင်းဝင်းထဲမှာ မနေကြဖို့ တိုက်တွန်းနေတာပါ။

Perm မြို့ကလေးဟာ လူဦးရေ တသန်းလောက်နေထိုင်တဲ့ မြို့ဖြစ်ပြီး မော်စကိုမြို့တော်အရှေ့ဘက် မိုင် ၇၀၀ လောက် အကွာမှာ တည်ရှိပါတယ်။ Perm တက္ကသိုလ်မှာတက်ရောက်တဲ့ ကျောင်းသားအရေအတွက်က ၁၂ ၀၀၀ ရှိပြီး အခင်းဖြစ်ပွါးချိန်ကတော့ ကျောင်းဝင်းထဲမှာ လူ ၃၀၀၀ လောက်ရှိနေတာပါ။

သေနတ်သမား အသုံးပြုတဲ့ သေနတ်ဟာ လူသေစေလောက်အောင် စီစဉ်ပြီး ထုတ်လုပ်ထားတဲ့ သေနတ်မျိုး မဟုတ်ပေမယ့် သူက ဒါကို ပြုပြင်ပြီး ကျည်ဆံထည့် သုံးခဲ့တာဖြစ်ကြောင်း တက္ကသိုလ်သတင်းဌာနက ပြောပါတယ်။

--------------------------

ရုရှားတက်ကသိုလျ ပဈခတျမှု ၆ ဦးသဆေုံး






XS
SM
MD
LG