သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Texas တကၠသိုလ္ ပစ္ခတ္မႈ လူ ၂ ဦးေသဆံုး


၂၀၁၈ တုန္းက Texas လံုၿခံဳေရးရဲတဦးကို ေတြ႔ရစဥ္

(Zawgyi/Unicode)

အေမရိကန္ ျပည္ေထာင္စု တကၠဆက္ ျပည္နယ္က Texas A&M တကၠသိုလ္ ရဲ႕ကူးသန္းေရာင္း၀ယ္ေရး ဘာသာရပ္ဆိုင္ရာ ဌာန၀င္း အတြင္း တနလာၤေန႔က ပစ္ခတ္မႈအတြင္း ၂ ဦး ေသဆံုးၿပီး တဦး ဒဏ္ရာ ရေၾကာင္း တကၠသိုလ္က လူမႈကြန္ရက္ကေန ေဖာ္ျပထားပါတယ္။ ဒဏ္ရာရသူကိုေတာ့ ေဆးရံုကို ပို႔ေဆာင္ထားေၾကာင္းလည္း ေက်ာင္းက ေျပာပါတယ္။ ဒဏ္ရာရသူရဲ႕ အေျခအေနကိုေတာ့ ထုတ္ေဖာ္ေျပာဆိုမႈ မရွိပါဘူး။

ကန္ ေသနတ္ထိန္းခ်ဳပ္ေရး ေတာင္းဆိုမႈက်ယ္ျပန္႔တဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

Texas A&M တကၠသိုလ္ ရဲ႕ကူးသန္းေရာင္း၀ယ္ေရး ဘာသာရပ္ဆိုင္ရာ ဌာန၀င္း တကၠဆက္ ျပည္နယ္ Dallas ၿမိဳ႕ရဲ႕ အေရွ႕ေျမာက္ဘက္ ၆၅ မိုင္ အကြာမွာ တည္ရွိပါတယ္။ အေမရိကန္ ျပည္ေထာင္စု အတြင္း ပစ္ခတ္မႈေတြေၾကာင့္ဘဲ လက္နက္ ကိုင္ေဆာင္ခြင့္ျပဳထားတဲ႔ အေမရိကန္ အေျခခံ ဥပေဒ ဒုတိယအႀကိမ္ ျပင္ဆင္ျဖည့္စြက္ခ်က္မွာ ေသနတ္ ပိုင္ဆိုင္ခြင့္ အေပၚ ပိုၿပီး ထိန္းခ်ဳပ္ ကန္႔သတ္ေရး ေဆြးေႏြး ျငင္းခံုမႈေတြလည္း ေပၚေပါက္လာပါတယ္။

ၿပီးခဲ႔တဲ႔ႏွစ္ ေအာက္တိုဘာလ အတြင္းမွာလည္း Texas A&M တကၠသိုလ္ ရဲ႕ကူးသန္းေရာင္း၀ယ္ေရး ဘာသာရပ္ဆိုင္ရာ ဌာန၀င္း အနီးမွာ က်င္းပတဲ႔ Halloween ပါတီမွာလည္း လူ ၂ ဦး ေသဆံုးၿပီး တဒါဇင္ေက်ာ္ ဒဏ္ရာ ရခဲ႔ပါတယ္။ ပါတီမွာ လူေပါင္း ၇၅၀ ေလာက္ ရွိခဲ႔ၿပီး အမ်ားအျပားက ေက်ာင္းသားေတြ ျဖစ္တယ္လို႔ အာဏာပိုင္တို႔က ေျပာပါတယ္။

Texas တကၠသိုလ္ ပစ္ခတ္မႈ လူ ၂ ဦးေသဆံုး
please wait

No media source currently available

0:00 0:00:31 0:00
တိုက္႐ိုက္ လင့္ခ္


.....................

Texas တက္ကသိုလ် ပစ်ခတ်မှု လူ ၂ ဦးသေဆုံး

(Unicode)

အမေရိကန် ပြည်ထောင်စု တက္ကဆက် ပြည်နယ်က Texas A&M တက္ကသိုလ် ရဲ့ကူးသန်းရောင်းဝယ်ရေး ဘာသာရပ်ဆိုင်ရာ ဌာနဝင်း အတွင်း တနလာၤနေ့က ပစ်ခတ်မှုအတွင်း ၂ ဦး သေဆုံးပြီး တဦး ဒဏ်ရာ ရကြောင်း တက္ကသိုလ်က လူမှုကွန်ရက်ကနေ ဖော်ပြထားပါတယ်။ ဒဏ်ရာရသူကိုတော့ ဆေးရုံကို ပို့ဆောင်ထားကြောင်းလည်း ကျောင်းက ပြောပါတယ်။ ဒဏ်ရာရသူရဲ့ အခြေအနေကိုတော့ ထုတ်ဖော်ပြောဆိုမှု မရှိပါဘူး။

ကန် သေနတ်ထိန်းချုပ်ရေး တောင်းဆိုမှုကျယ်ပြန့်တဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

Texas A&M တက္ကသိုလ် ရဲ့ကူးသန်းရောင်းဝယ်ရေး ဘာသာရပ်ဆိုင်ရာ ဌာနဝင်း တက္ကဆက် ပြည်နယ် Dallas မြို့ရဲ့ အရှေ့မြောက်ဘက် ၆၅ မိုင် အကွာမှာ တည်ရှိပါတယ်။ အမေရိကန် ပြည်ထောင်စု အတွင်း ပစ်ခတ်မှုတွေကြောင့်ဘဲ လက်နက် ကိုင်ဆောင်ခွင့်ပြုထားတဲ့ အမေရိကန် အခြေခံ ဥပဒေ ဒုတိယအကြိမ် ပြင်ဆင်ဖြည့်စွက်ချက်မှာ သေနတ် ပိုင်ဆိုင်ခွင့် အပေါ် ပိုပြီး ထိန်းချုပ် ကန့်သတ်ရေး ဆွေးနွေး ငြင်းခုံမှုတွေလည်း ပေါ်ပေါက်လာပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ အတွင်းမှာလည်း Texas A&M တက္ကသိုလ် ရဲ့ကူးသန်းရောင်းဝယ်ရေး ဘာသာရပ်ဆိုင်ရာ ဌာနဝင်း အနီးမှာ ကျင်းပတဲ့ Halloween ပါတီမှာလည်း လူ ၂ ဦး သေဆုံးပြီး တဒါဇင်ကျော် ဒဏ်ရာ ရခဲ့ပါတယ်။ ပါတီမှာ လူပေါင်း ၇၅၀ လောက် ရှိခဲ့ပြီး အများအပြားက ကျောင်းသားတွေ ဖြစ်တယ်လို့ အာဏာပိုင်တို့က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG