သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗာဂျီးနီးယားပြည်နယ် သေနတ်ထိန်းချုပ်ရေး ဆန့်ကျင်ဆန္ဒပြပွဲ ငြိမ်းချမ်းစွာပြီးဆုံး


(Zawgyi / Unicode)

အမေရိကန် ပြည်ထောင်စု အရှေ့တောင်ပိုင်း ဗာဂျီးနီးယား ပြည်နယ်ရဲ့ မြို့တော်မှာ တနလာၤနေ့က အရပ်သား လက်နက်ကိုင် အဖွဲ့အစည်းက အဖွဲ့ဝင်တွေ အပါအဝင် သေနတ်ကိုင်ဆောင်ခွင့်ကို ထောက်ခံတဲ့ တက်ကြွလှုပ်ရှားသူတွေ ငြိမ်းချမ်းစွာ စုဝေးခဲ့ကြပြီး သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေး ဥပဒေ အဆိုပြုချက်တွေကို ကန့်ကွက်ခဲ့ကြပါတယ်။ ဒီ လူထုစုဝေးပွဲ ကနေ အကြမ်းဖက်မှုတွေ ဖြစ်လာမှာကို စိုးရိမ်ခဲ့ကြပေမယ်လို့လည်း ရုန်းရင်းဆန်ခတ် ဖြစ်ရပ်တွေ အဖမ်းအဆီး ရှိတယ်ဆိုတဲ့ အစီရင်ခံချက်တွေ မရှိဘဲ အေးအေးဆေးဆေး ပြီးဆုံးခဲ့ပါတယ်။

လူထု စုဝေးပွဲမှာတော့ ဆန္ဒပြသူတွေရဲ့ USA – USA ဆိုတဲ့ ကြွေးကြော်သံတွေနဲ့ တက်တက်ကြွကြွ ရှိခဲ့ကြတယ်လို့လည်း သတင်းထောက်တွေက ပြောပါတယ်။ ဒီ လူထု စည်းဝေးပွဲကို တက်ရောက်သူတွေထဲမှာ အမေရိကန် သမ္မတ Donald Trump ကို ထောက်ခံတဲ့ စာတန်းပါ အကျီ ၤတွေ ဝတ်ထားသူတွေလည်း အများအပြား ပါပါတယ်။ ဗာဂျီးနီးယား ပြည်နယ် မြို့တော် Richmond တဝိုက်မှာ ဆန္ဒပြပွဲ အကြို လုံခြုံရေးကို တိုးမြှင့်ခဲ့ပြီး ပြည်နယ် အရေးပေါ် အခြေအနေက အင်္ဂါနေ့ထိ သက်ရောက်ပါတယ်။

လက်နက်ကိုင် အရပ်ဘက် အဖွဲ့တွေက မြို့တော်ကို စီးနင်းမယ့် အရေးကို ကာကွယ်ဖို့ အတွက် ဆိုပြီး ဗာဂျီးနီးယား ပြည်နယ် အုပ်ချုပ်ရေးမှူး Ralph Northam က မြို့တော် ရင်ပြင်မှာ လက်နက်ယူဆောင်ခွင့်ကို တားမြစ်ကြောင်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ကြေညာထားပါတယ်။ မြို့တော် ရင်ပြင် အပြင်ဘက်မှာတော့ သေနတ်တွေ ယူဆောင်ခွင့် ခွင့်ပြုခဲ့ပြီး Richmond က လူထု စုဝေးပွဲကို လာရောက်သူ အများအပြားက ရိုင်ဖယ် သေနတ်တွေ ကိုင်ဆောင်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Unicode)




XS
SM
MD
LG