သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Texas အထက်တန်းကျောင်း ပစ်ခတ်မှု ၁၀ ဦးသေဆုံး


Texas ပြည်နယ်၊ Santa Fe အထက်တန်းကျောင်း ပစ်ခတ်မှုကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အရေးယူ ကိုင်တွယ်နေတဲ့မြင်ကွင်း (မေ ၁၈၊ ၂၀၁၈)
Texas ပြည်နယ်၊ Santa Fe အထက်တန်းကျောင်း ပစ်ခတ်မှုကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အရေးယူ ကိုင်တွယ်နေတဲ့မြင်ကွင်း (မေ ၁၈၊ ၂၀၁၈)

တက္ကဆက်စ်ပြည်နယ်၊ Santa Fe မြို့က အထက်တန်းကျောင်းတကျောင်းမှာ သေနတ်နဲ့ဝင်ပစ်တဲ့ အသက် ၁၇ နှစ်အရွယ် လူငယ်ကို တက္ကဆက်စ်ပြည်နယ် တာဝန်ရှိသူတွေက လူသတ်မှုနဲ့ တရားစွဲလိုက်ပါပြီ။ အဲဒီပစ်ခတ်မှုကြောင့် ကျောင်းသား အများစုအပါအဝင် လူ ၁၀ ယောက်ထက်မနည်း သေဆုံးပြီး နောက်ထပ် ၁၀ ယောက် ဒဏ်ရာရသွားပါတယ်။

သေနတ်နဲ့ဝင်ပစ်သူဟာ Dimitrios Pagourtzis ဖြစ်တယ်လို့ တာဝန်ရှိသူတွေ ကပြောထားပြီး သောကြာမနက် ၈ နာရီမထိုးခင်မှာ ဝင်ပစ်တာလို့ ကျောင်းသူ ကျောင်းသားတွေကပြောပါတယ်။

သေနတ်နဲ့ဝင်ပစ်သူလို့ သံသယရှိထားသူရဲ့နေအိမ်၊ ကားတစင်းနဲ့ ပစ်ခတ်မှုဖြစ်တဲ့ Santa Fe အထက်တန်း ကျောင်း ပတ်ဝန်းကျင်ကို ရှာဖွေတာမှာ လက်လုပ်ပုလင်းဗုံးတလုံးအပါအဝင် ဖောက်ခွဲရေးပစ္စည်းတွေကို ရဲတပ်ဖွဲ့က ရှာတွေ့ခဲ့တယ်လို့ တက္ကဆက်စ် ပြည်နယ်အုပ်ချုပ်ရေးမှူး Greg Abbott ကပြောပါတယ်။

အခုအခါမှာ လူသတ်မှုစွဲချက်နဲ့ ဖမ်းဆီးထားတဲ့ Pagourtzis ဟာ ကနဦးတုန်းကတော့ ကျောင်းမှာ သေနတ်နဲ့ ဝင်ပစ်ပြီးရင် သူ့ကိုယ်သူသတ်သေဖို့ ရည်ရွယ်ထားပေမဲ့ ကိုယ့်ကိုယ်ကို သတ်သေရဲတဲ့သတ္တိမရှိခဲ့ဘူးလို့ ဖမ်းမိပြီးတဲ့နောက် ရဲတပ်ဖွဲ့ကို ပြောတဲ့အကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး Abbot က ပြောပါတယ်။

ပစ်ခတ်မှုမှာ သေနတ်နှစ်လက်ကို အသုံးပြုခဲ့ပြီး နှစ်လက်စလုံးဟာ သူ့ရဲ့ဖခင်ပိုင်တွေဖြစ်တယ်လို့လည်း Abbot က ပြောပါတယ်။ ဒါပေမဲ့လည်း သားဖြစ်သူ သေနတ်ယူသွားတာကို ဖခင်သိသလား ဆိုတာကတော့ ရှင်းရှင်း လင်းလင်း မရှိသေးဘူးလို့ပြောပါတယ်။ ဘာ့ကြောင့် အခုလိုပစ်ခတ်တယ်ဆိုတာကိုလည်း ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။

ဒီအတောအတွင်းမှာပဲ Gallup အဖွဲ့က ကောက်ယူတဲ့ လူထုသဘောထားအမြင် စစ်တမ်းတခုမှာ သေနတ်ကိုင် ဆောင်ခွင့် ထိန်းချုပ်ရေးအပေါ် အမေရိကန်တွေရဲ့အမြင် ပြောင်းသွားတာကို တွေ့ရပါတယ်။ သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးကို အရေးအကြီးဆုံးကိစ္စရပ်တခုအဖြစ် မတ်လကကောက်ယူတဲ့ စစ်တမ်း မှာ ပါဝင်သူ ၁၃% က ယူဆကြပေမဲ့ ဧပြီက ကောက်ယူတဲ့ စစ်တမ်းမှာတော့ ၆% ကပဲ အရေးအကြီးဆုံး ကိစ္စရပ်အဖြစ် မြင်ကြပါတော့တယ်။

အခုစစ်တမ်းအရ အစိုးရနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်မှု၊ လူဝင်မှုကြီးကြပ်ရေးနဲ့ လူမျိုးကွဲတွေကြား ဆက်ဆံရေး ဆိုင်ရာတွေကို သေနတ်ကိုင်ဆောင်ခွင့် ထိန်းချုပ်ရေးကိစ္စထက် ပိုပြီးအရေးကြီးတယ်လို့ ယူဆတဲ့ အမေရိကန် နိုင်ငံသား ပိုများလာပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG