သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကန်သက်တမ်းဝက်ရွေးကောက်ပွဲ မဲရုံတချို့ စတင်ပိတ်


အမေရိကန်သက်တမ်းဝက်ရွေးကောက်ပွဲအတွက် တချို့ပြည်နယ်တွေမှာ မဲရုံတွေပိတ်သွားပါပြီ။ လွန်ခဲ့နာရီဝက်လောက်ထဲက Georgia, Indiana, Kentucky, တောင် Carolina, Vermont, Virginia ပြည်နယ်တွေအပြင် Florida ပြည်နယ်ဒေသအများစုမှာ မဲပေးပွဲတွေ အဆုံးသတ်သွားပြီမို့ အစောပိုင်း မဲရလာဒ်တွေလည်း တဖြည်းဖြည်း ထွက်ပေါ်လာနေပါတယ်။

အခုသက်တမ်းဝက် ရွေးကောက်ပွဲဟာ သမ္မတ Trump အပေါ် ပြည်သူ့ထောက်ခံမှုကို ဆန်းစစ်တဲ့ ဆန္ဒခံယူဖြစ်အဖြစ် မဲဆန္ဒရှင်အများက မြင်နေကြပါတယ်။ သမ္မတ Donald Trump က သူ့နေအိမ်လိပ်စာရှိရာ New York ပြည်နယ်အတွက် အဝေးရောက်မဲပေးခဲ့တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG