သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump အပေါ် ထောက်ခံမှု အဆုံးအဖြတ်ပေးမယ့် ရွေးကောက်ပွဲတွေစတင်


အမေရိကန် လွှတ်တော်ရွေးကောက်ပွဲတွေကို အခု ဒေသစံချိန် အင်္ဂါနေ့မှာ ပြုလုပ်ဖို့ရှိနေပြီး၊ ဒီ ရွေးကောက်ပွဲဟာဆိုရင် သမ္မတ Donald Trump အပေါ် လူထုထောက်ခံမှု ဘယ်လောက်မရှိမရှိဆိုတာ အဆုံးအဖြတ်ပေးမယ့် သမ္မတသက်တမ်း ကြားကာလ အခြေအနေလည်းဖြစ်ပါတယ်။ ဒီနေ့ ရွေးကောက်ပွဲရလဒ်တွေဟာ အမေရိကန်နိုင်ငံရေးရဲ့ အာဏာချိန်ခွင်လျှာ ပြောင်းမှုဖြစ်စေနိုင်သလို၊ သမ္မတ Trump ရဲ့ ကျန်နေသေးတဲ့ သမ္မတသက်တမ်းနှစ်နှစ်အတွက် အပြောင်းအလဲတွေလည်းဖြစ်လာနိုင်ပါတယ်။ ဗွီအိုအေ သတင်းထောက် Jim Malone ရေးသားပေးပို့တဲ့ သတင်းကို ကိုသားညွန့်ဦး ပြောပြမှာပါ။

အမေရိကန်အထက်လွှတ်တော်မှာ ရီပတ်ပလီကန် ပါတီ ဆက်ပြီး ထိန်းချုပ်နို်င်အောင်လို့ သမ္မတ Donald Trump က မဲဆွယ်စည်းရုံးပွဲတွေမှာ စည်းရုံးဟောပြောခဲ့ပါတယ်။ Tennessee ပြည်နယ်က မဲဆွယ်ပွဲတခုမှာတော့ လူဝင်မှုကြီးကြပ်ရေးကိစ္စနဲ့ပတ်သက်လို့ သမ္မတ Donald Trump က Democrats တွေကို ပြစ်တင်ပေးဖန်ခဲ့ပါတယ်။

“ တရားမဝင်နိုင်ငံခြားသား ရွှေ့ပြောင်းလာတဲ့ လူအုပ်ကြီး ကျနော်တို့ တိုင်းပြည်ထဲ အလုံးအရင်းဝင်လာမှာကို ဒီမိုကရက်တွေက ကြိုဆိုချင်တာပါ။ ကျနော်ကတော့ အဲလို မဟုတ်ပါဘူး။ ဘယ်တိုင်းပြည်ကမှ သူတို့ နယ်စပ်စည်းကို ဖြတ်သန်းခွင့်မပေးနိုင်ပါဘူး။ ဒါဟာ ကျူးကျော်တာပါ။ သူတို့ ဘယ်လို ပြောပြော ကျနော် ဂရုမစိုက်ဘူး။ သတင်းလိမ်တွေ ဘယ်လိုပဲပြောပြော၊ ကျနော် ဂရုမစိုက်ဘူး။ ဒါဟာ ကျနော်တို့ တိုင်းပြည်ကို ကျူးကျော်လာတာပါ။”

သမ္မတ Trump မတိုင်ခင် သမ္မတလုပ်ခဲ့တဲ့ သမ္မတဟောင်း Barack Obama ဟာ ဒီမိုကရက်ရွေးကောက်ပွဲစည်းရုံးရေးတွေမှာ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေသူတဦး ဖြစ်ပါတယ်။ Illinois ပြည်နယ် စည်းရုံးရေးပွဲတခုမှာ လူတွေ မဲသွားပေးကြဖို့ တိုက်တွန်းနေပါတယ်။

“ Illinois ပြည်သူတို့ - ခင်ဗျားတို့ မဲသွားထည့်ခြင်းအားဖြင့် အခုရှိတဲ့ နိုင်ငံရေးမျိုးကို ပယ်ဖျက်နိုင်ပါလိမ့်မယ်။ နိုင်ငံရေးလုပ်ငန်းစဉ်မှာ ခင်ဗျားတို့ ပါဝင်ခြင်းအားဖြင့်၊ မမှန်ကန်တဲ့လုပ်ရပ်တွေကို ထောက်ပြနိုင်ပါတယ်။ မဲသွားပေးခြင်းအားဖြင့် ကြောက်ရွံမှုအစား မျှော်လင့်ချက်ကို ရွေးနိုင်ပါတယ်။”

လတ်တလောမှာတင် ကြိုတင်မဲပေးမှုမှုနှုန်း အတော်များနေပြီး၊ ပါတီနှစ်ရပ်စလုံးက မဲဆန္ဒရှင်တွေ ထွက်ပြီး မဲပေးနေကြပါတယ်။ အခု ရွေးကောက်ပွဲဟာ သမ္မတ Trump အပေါ် လူထုဆန္ဒခံယူတဲ့ သဘောဖြစ်နေတယ်လို့ Brookings Institution က သုတေသီ John Hudak က ပြောပါတယ်။

“ သမ္မတ ကိုယ်တိုင်ကလည်း ဒီ ရွေးကောက်ပွဲဟာ သူ့အပေါ် လူထုသဘောထားဆန္ဒခံယူတဲ့ပွဲသဘော ဖြစ်စေချင်ပုံရပါတယ်။ သူ့အပေါ် လူထုထောက်ခံမှု လူကြိုက်နှစ်သက်မှုတွေဟာ ရီပတ်ပလင်ကန်ကို အနိုင်ရလိမ့်မယ်လို့ သမ္မတက ယူဆနေပါတယ်။”

Bibartisian Policy Center က သုတေသီ John Fortier ကတာ့ သမ္မတ Trump က အခုပွဲမှာ ဒီမိုကရက်တွေနဲ့တင်ယှဉ်ပြိုင်နေရတာမဟုတ်ပဲ၊ အမေရိကန်ရဲ့ နိုင်ငံရေးသမိုင်းကိုပါ ရင်ဆိုင်နေရတာလို့ ဆိုပါတယ်။

“ တခုလုံးခြုံကြည့်ရင် အခု လွှတ်တော်ရွေးကောက်ပွဲဟာ သမ္မတရဲ့ ရီပတ်ပလင်ကန်ပါတီအတွက် အကဲစမ်းချက်ဖြစ်ပါတယ်။ ဒီမိုကရက်တွေဟာ အောက်လွှတ်တော်မှာရော၊ ပြည်နယ်အုပ်ချုပ်ရေးမှုးနေရာတွေ ပြည်နယ်လွှတ်တော်တွေမှာပါ အတော်လေး အနိုင်ရပါလိမ့်မယ်။”

သမိုင်းကြောင်းအရဆိုရင်တော့ ကြားကာလရွေးကောက်ပွဲတွေမှာ ရီပတ်ပလင်ကန်ထောက်ခံတဲ့ မဲ က ပိုပြီး အခိုင်အမာရှိပါတယ်။ ဒါကြောင့်လည်း Democrats အနေနဲ့ သူ့ကို ထောက်ခံသူတွေ မဲထွက်ပေးကြဖို့ဆိုတာ ဖိအားဖြစ်လာတယ်လို့ ရွေးကောက်ပွဲ စစ်တပ်ပြုစုတဲ့ Gallup Polling က Frank Newport က ပြောပါတယ်။

“ ရီပတ်ပလက်ထောက်ခံသူတွေဟာ ရွေးကောက်ပွဲတွေမှာ မဲထွက်ပေးလေ့ရှိကြတော့၊ Democratic Party အနေနဲ့ သူ့ထောက်ခံသူတွေကို မဲထွက်ပေးကြဖို့ လုပ်နိုင်မလား ကြည့်ရပါမယ်။”

ဒါကြောင့်လည်း အောက်လွှတ်တော်မှာ Democrats တွေ ချုပ်ကိုင်နိုင်ဖို့ဆိုရင်တော့ အခု ရွေးကောက်ပွဲမှာ မဲဆန္ဒပေးသူများများလာဖို့ အရေးကြီးလိမ့်မယ်လို့ Third Way အဖွဲ့ရဲ့ သုတေသီ Jim Kessler က ပြောပါတယ်။

“ အခုဟာက သမ္မတ Trump လုပ်ချင်တာတွေကို အောက်လွှတ်တော်က လုပ်နေရသလိုဖြစ်နေတယ်။ ဒါမျိုး ဆက် မဖြစ်နိုင်တော့ပါဘူး။ ဘယ်ကိစ္စမဆို ပါတီကြီးနှစ်ရပ်စလုံးရဲ့ အခြေခံနဲ့ လုပ်ရပါလိမ့်မယ်။”

လတ်တလော ခန့်မှန်းချက်တွေအရတော့ အောက်လွှတ်တော်နေရာတွေအတွက် Democrats တွေရဖို့ များနေပါတယ်။ ဒါကြောင့် အောက်လွှတ်တော်မှာတော့ ဒီမိုကရက်ကအများစုနဲ့ ချုပ်ကိုင်နိုင်မယ့်အလားအလာတော့ ရှိနေပါတယ်။ ကိုယ်စားလှယ် ၁၀၀ ရှိတဲ့ အထက်လွှတ်တော်မှာတော့ ၅၁ - ၄၉ ကပ်ပြီးအသာနဲ့ ရီပတ်ပလင်ကန်ဖက်က လက်ရှိ လွှမ်းမိုးထားတာကိုပဲ ရီပတ်ပလင်ကန်အနေနဲ့ ဆက်ပြီး ထိမ်းထားနိုင်မယ် မျှော်လင့်ရပါတယ်။ ဒါဟာလည်း သမ္မတ Trump နောက်ဆုံးအချိန်အထိ မဲဆွယ်စည်းရုံးမှုတွေကြောင့်လို့ ပြောရမှာပါ။

သက်တမ်းဝက် ရွေးကောက်ပွဲနဲ့ သမ္မတထရမ့် ရှေ့ရေး
please wait

No media source currently available

0:00 0:03:51 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG