သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကာလီဖိုးနီးယားက တ႐ုတ္ႏွစ္သစ္ကူးပြဲ ပစ္ခတ္မႈ ၁၀ ဦးထက္မနည္း ေသဆုံး


Police investigate a scene where a shooting took place in Monterey Park, Calif., Jan. 22, 2023.

အေမရိကန္ႏိုင္ငံ California ျပည္နယ္ Monterey Park မွာ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ က်င္းပေနတုန္း ပစ္ခတ္ခဲ့တဲ့အတြက္ လူ ၁၀ ေယာက္ ေသဆုံးသြားတယ္လို႔ Los Angeles ခ႐ိုင္ရဲဌာနက ေျပာပါတယ္။

ေသနတ္နဲ႔ပစ္သူဟာ ထြက္ေျပးလြတ္ေျမာက္သြာၿပီး ရဲက ႐ွာေဖြေနဆဲျဖစ္ေၾကာင္း ဒီကေန႔ တနဂၤေႏြေန႔ အေစာပိုင္းမွာ ရဲက ဆိုပါတယ္။ ပစ္ခတ္မႈက ေဒသစံေတာ္ခ်ိန္ စေနေန႔ည ၁၀ နာရီေလာက္မွာ ျဖစ္ခဲ့တာပါ။ ဘာေၾကာင့္ တိုက္ခိုက္ခဲ့တယ္ဆိုတာကိုေတာ့ မသိရေသးပါဘူးလို႔ ရဲဌာနက ေျပာပါတယ္။

ဒဏ္ရာရသြားၾကတဲ့ ေနာက္ထပ္ လူ ၁၀ ေယာက္ကိုေတာ့ အနီးတဝိုက္က ေဆး႐ုံေတြကို တင္ခဲ့ၾကပါတယ္။ အနည္းဆုံး တစ္ေယာက္ကေတာ့ စိုးရိမ္ရတဲ့ အေျခအေနမွာ႐ွိတယ္လို႔ ဆိုပါတယ္။ Monterey Park ဟာ Los Angeles ၿမိဳ႕လယ္ကေန ၁၁ မိုင္ေဝးတဲ့ ၿမိဳ႕ျဖစ္ပါတယ္။

တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္ကို ေစာေစာပိုင္းအခ်ိန္က လူေတြ ေသာင္းခ်ီလာၾကခဲ့ပါတယ္။ အဲဒီလို ျဖစ္ပ်က္ခဲ့တဲ့ ေနရာနားက စားေသာက္ဆိုင္ ပိုင္႐ွင္တစ္ေယာက္ကို ေမးျမန္းရာမွာ သူ႔ဆိုင္ထဲ ဝင္ပုန္းခဲ့ၾကတဲ့သူေတြ အေျပာအရ၊ စက္ေသနတ္နဲ႔ လူတစ္ေယာက္ကို အဲဒီေနရာတဝိုက္မွာ ေတြ႔ခဲ့ၾကရတယ္လို႔ Los Angeles Times သတင္းစာက ဆိုပါတယ္။

-==== Unicode ====

အမေရိကန်နိုင်ငံ California ပြည်နယ် Monterey Park မှာ တရုတ်နှစ်သစ်ကူးပွဲတော် ကျင်းပနေတုန်း ပစ်ခတ်ခဲ့တဲ့အတွက် လူ ၁၀ ယောက် သေဆုံးသွားတယ်လို့ Los Angeles ခရိုင်ရဲဌာနက ပြောပါတယ်။

သေနတ်နဲ့ပစ်သူဟာ ထွက်ပြေးလွတ်မြောက်သွာပြီး ရဲက ရှာဖွေနေဆဲဖြစ်ကြောင်း ဒီကနေ့ တနင်္ဂနွေနေ့ အစောပိုင်းမှာ ရဲက ဆိုပါတယ်။ ပစ်ခတ်မှုက ဒေသစံတော်ချိန် စနေနေ့ည ၁၀ နာရီလောက်မှာ ဖြစ်ခဲ့တာပါ။ ဘာကြောင့် တိုက်ခိုက်ခဲ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူးလို့ ရဲဌာနက ပြောပါတယ်။

ဒဏ်ရာရသွားကြတဲ့ နောက်ထပ် လူ ၁၀ ယောက်ကိုတော့ အနီးတဝိုက်က ဆေးရုံတွေကို တင်ခဲ့ကြပါတယ်။ အနည်းဆုံး တစ်ယောက်ကတော့ စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ဆိုပါတယ်။ Monterey Park ဟာ Los Angeles မြို့လယ်ကနေ ၁၁ မိုင်ဝေးတဲ့ မြို့ဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးပွဲတော်ကို စောစောပိုင်းအချိန်က လူတွေ သောင်းချီလာကြခဲ့ပါတယ်။ အဲဒီလို ဖြစ်ပျက်ခဲ့တဲ့ နေရာနားက စားသောက်ဆိုင် ပိုင်ရှင်တစ်ယောက်ကို မေးမြန်းရာမှာ သူ့ဆိုင်ထဲ ဝင်ပုန်းခဲ့ကြတဲ့သူတွေ အပြောအရ၊ စက်သေနတ်နဲ့ လူတစ်ယောက်ကို အဲဒီနေရာတဝိုက်မှာ တွေ့ခဲ့ကြရတယ်လို့ Los Angeles Times သတင်းစာက ဆိုပါတယ်။

XS
SM
MD
LG