သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္မွာ ႏွစ္သစ္ကူးပြဲေတြစတင္ 


တ႐ုတ္ျပည္ေတာင္ပိုင္း ဂြန္ေဒါင္းျပည္နယ္က ကြမ္းက်ိဳးၿမိဳ႕မွာ ႏွစ္သစ္ကူးအႀကိဳအလွဆင္မႈေတြကို ေတြ႔ရစဥ္ (ဇန္နဝါရီ ၂၀၊ ၂၀၂၃)

တ႐ုတ္ႏိုင္ငံမွာ ႏွစ္သစ္ကူးပြဲေတာ္ ဒီသီတင္းပတ္ကုန္ စတင္ေတာ့မွာမို႔ ႏိုင္ငံတ၀န္း ႏွစ္သစ္ကူးပြဲေတာ္ ျပင္ဆင္မႈေတြနဲ႔ ပြဲေတာ္ အရိပ္အေငြ႔ေတြ ေနရာတိုင္းမွာ ေတြ႕ေနရပါၿပီ။ ယုန္ႏွစ္ကို ႀကိဳတဲ့ႏွစ္မို႔ မီးေရာင္စံု အလွဆင္ထားတဲ့ ေလထိုးယုန္႐ုပ္ႀကီးေတြကေတာ့ ၿမိဳ႕ႀကီး ေနရာအေတာ္မ်ားမ်ားမွာ ေတြ႕ႏိ္ုင္ပါတယ္။ ႏိုင္ငံ အေနာက္ေျမာက္ပိုင္း Gansu ျပည္နယ္၊ Yuzhong ၿမိဳ႕မွာေတာ့ ႏွစ္သစ္ကူး ႐ိုးရာမျပတ္ မီးထြန္းပြဲေတာ္ က်င္းပေနပါၿပီ ေခတ္မီွ နည္းပညာေတြၿပီး တိရစာၦန္႐ုပ္ႀကီးေတြနဲ႔ ပန္းေပါင္းစံုပြင့္တဲ့ ဥယ်ာဥ္ႀကီးပံုစံ ေရာင္စံုမီးေတြနဲ႔ အလွဆင္ထားတဲ့ ဒီေနရာကို လူေတြအမ်ားအျပား လာေရာက္ လည္ပတ္ေနၾကပါတယ္။ အလယ္ပိုင္း Hubei ျပည္နယ္၊ Wuhan ျမဳ႕မွာလည္း Mulan Everbright City မီးေရာင္စံုထြန္းပြဲ စတင္ေနပါၿပီ။ ေႏြဦးႀကိဳဆိုပြဲေတာ္ လို႔လည္း ေခၚၾကတဲ့ တ႐ုတ္ ႏွစ္သစ္ကူး ပြဲေတာ္ မတိုင္ခင္ကတည္းက တ႐ုတ္ၿမိဳ႕ႀကီးေတြမွာ မီးထြန္းပြဲေတာ္ေတြ စေနတာပါ။ Chongqing ခ႐ိုင္ Liangping ၿမိဳ႕က မီးထြန္းပြဲမွာေတာ့ ႏွစ္သစ္ကို ႀကိဳဆိုတဲ့အေနနဲ႔ မီးရွဴးမီးပန္းေတြလည္း ပစ္ေဖာက္ ဆင္ႏႊဲၾကပါတယ္။ ႏွစ္သစ္ကူးပြဲေတာ္ဟာ တ႐ုတ္ႏိုင္ငံမွာ အႀကီးအက်ယ္ အခမ္းအနားဆံုး ပြဲေတာ္ျဖစ္ပါတယ္။ မိသားစုေတြ ျပန္လည္ ဆံုဆည္းၾကတာေၾကာင့္လည္း ၿပီးခဲ့တဲ့ရက္ပိုင္းေတြကတည္းက ႏိုင္ငံတ၀န္း လူေတြ သန္းနဲ႔ခ်ီ ခရီးသြားလာေနၾကတာပါ။ ႏွစ္သစ္ကူးပြဲေတာ္ခ်ိန္ဟာ တ႐ုတ္ႏိုင္ငံမွာ ကိုဗစ္ကူးစက္မႈေတြ သိသိသာသာ တိုးလာေနခ်ိန္ျဖစ္လို႔ ကူးစက္ေသဆံုးမႈေတြ ပိုၿပီးဆိုးရြားလာမွာကိုလည္း စိုးရိမ္ေနၾကပါတယ္။

တ႐ုတ္မွာ ႏွစ္သစ္ကူးပြဲေတြစတင္
please wait

No media source currently available

0:00 0:01:16 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

တရုတ်မှာ နှစ်သစ်ကူးပွဲတွေစတင်

တရုတ်နိုင်ငံမှာ နှစ်သစ်ကူးပွဲတော် ဒီသီတင်းပတ်ကုန် စတင်တော့မှာမို့ နိုင်ငံတဝန်း နှစ်သစ်ကူးပွဲတော် ပြင်ဆင်မှုတွေနဲ့ ပွဲတော် အရိပ်အငွေ့တွေ နေရာတိုင်းမှာ တွေ့နေရပါပြီ။ ယုန်နှစ်ကို ကြိုတဲ့နှစ်မို့ မီးရောင်စုံ အလှဆင်ထားတဲ့ လေထိုးယုန်ရုပ်ကြီးတွေကတော့ မြို့ကြီး နေရာအတော်များများမှာ တွေ့နိုင်ပါတယ်။ နိုင်ငံ အနောက်မြောက်ပိုင်း Gansu ပြည်နယ်၊ Yuzhong မြို့မှာတော့ နှစ်သစ်ကူး ရိုးရာမပြတ် မီးထွန်းပွဲတော် ကျင်းပနေပါပြီ ခေတ်မှီ နည်းပညာတွေပြီး တိရစ္ဆာန်ရုပ်ကြီးတွေနဲ့ ပန်းပေါင်းစုံပွင့်တဲ့ ဥယျာဉ်ကြီးပုံစံ ရောင်စုံမီးတွေနဲ့ အလှဆင်ထားတဲ့ ဒီနေရာကို လူတွေအများအပြား လာရောက် လည်ပတ်နေကြပါတယ်။ အလယ်ပိုင်း Hubei ပြည်နယ်၊ Wuhan မြု့မှာလည်း Mulan Everbright City မီးရောင်စုံထွန်းပွဲ စတင်နေပါပြီ။ နွေဦးကြိုဆိုပွဲတော် လို့လည်း ခေါ်ကြတဲ့ တရုတ် နှစ်သစ်ကူး ပွဲတော် မတိုင်ခင်ကတည်းက တရုတ်မြို့ကြီးတွေမှာ မီးထွန်းပွဲတော်တွေ စနေတာပါ။ Chongqing ခရိုင် Liangping မြို့က မီးထွန်းပွဲမှာတော့ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ မီးရှူးမီးပန်းတွေလည်း ပစ်ဖောက် ဆင်နွှဲကြပါတယ်။ နှစ်သစ်ကူးပွဲတော်ဟာ တရုတ်နိုင်ငံမှာ အကြီးအကျယ် အခမ်းအနားဆုံး ပွဲတော်ဖြစ်ပါတယ်။ မိသားစုတွေ ပြန်လည် ဆုံဆည်းကြတာကြောင့်လည်း ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက နိုင်ငံတဝန်း လူတွေ သန်းနဲ့ချီ ခရီးသွားလာနေကြတာပါ။ နှစ်သစ်ကူးပွဲတော်ချိန်ဟာ တရုတ်နိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေ သိသိသာသာ တိုးလာနေချိန်ဖြစ်လို့ ကူးစက်သေဆုံးမှုတွေ ပိုပြီးဆိုးရွားလာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

XS
SM
MD
LG