သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကြောင့် သေဆုံးမှုတွေ စောင့်ကြည့်ဖို့ တရုတ်ကို WHO တိုက်တွန်း 


Virus Outbreak China
Virus Outbreak China

[[Zawgyi/Unicode]]

ကိုဗစ်ကပ်ရောဂါကူးစက်မှုတိုးလာနေတဲ့အခြေအနေကို ပြည့်ပြည့်စုံစုံသိနိုင်အောင် သေဆုံးမှုနှုန်းတိုးလာတာကို စောင့်ကြည့်ဖို့ တရုတ်နိုင်ငံကိုအကြံပြုထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က တနင်္လာနေ့မှာ ပြောပါတယ်။

ကိုဗစ်လုံးဝကင်းစင်ရေး Zero Covid မူဝါဒကို ပြီးခဲ့တဲ့လက စွန့်လွှတ်လိုက်ပြီးနောက် သေဆုံးသူတွေတိုးလာကာ ၆ သောင်းနီးပါးအထိရှိတယ်လို့ တရုတ်အစိုးရက စနေနေ့မှာပဲ အတည်ပြုထားပါတယ်။ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ အချက်အလက်အမှန်တွေ ထုတ်ပြန်ပေးဖို့ ပျက်ကွက်တယ်လို့ နိုင်ငံတကာက ဝေဖန်မှုတွေကြုံခဲ့ရပြီးနောက် တရုတ်နိုင်ငံကထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းတွေဟာ အရင်ထုတ်ပြန်ထားတာထက် သိသိသာသာတိုးလာခဲ့တာပါ။

သေဆုံးမှုနှုန်းတိုးလာတာကိုစောင့်ကြည့်ဖို့ အကြံပြုထားပြီး ဒါမှသာ ကိုဗစ်ရောဂါရဲ့သက်ရောက်မှုကို ပြည့်ပြည့်စုံစုံ နားလည်နိုင်မှာဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ထုတ်ပြန်ချက်ကို ကိုးကားပြီး Reuters သတင်းက ဖော်ပြပါတယ်။ ရောဂါကူးစက်မှုတွေတိုးလာနေတာကြောင့် ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ အကြီးအကျယ်အကန့်အသတ်တွေ ကြုံရတဲ့ အခြေအနေမျိုးမှာ ဒီလိုအချက်အလက်တွေကိုသိရဖို့က အရေးကြီးတယ်လို့လည်း ပြောပါတယ်။

ဒီသီတင်းပတ်အတွင်း က WHO ညွှန်ကြားရေးမှူး Tedros Adhanom Ghebreyesus အနေနဲ့ တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင် CNHC ဒါရိုက်တာ Ma Xiaowei နဲ့ စကားပြောဆိုခဲ့ပြီးနောက် နောက်ထပ် ဆွေးနွေးဖို့အတွက်ကိုတော့ အချိန်အတိအကျ သတ်မှတ်ထားတာမရှိဘူးလို့လည်း WHO က ပြောပါတယ်။ ဒါပေမဲ့လည်း WHO အနေနဲ့ တရုတ်နိုင်ငံနဲ့ ဆက်လက်ပူးပေါင်းလုပ်ဆောင်သွားပြီး ပံ့ပိုးမှုတွေ၊ အကြံဉာဏ်တွေကိုလည်း ဆက်လက်ပေးသွားမယ်လို့ ဆိုပါတယ်။

ကိုဗစ်ကြောင့် သေဆုံးမှုတွေ စောင့်ကြည့်ဖို့ တရုတ်ကို WHO တိုက်တွန်း.mp3
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

================

[[Unicode]]






XS
SM
MD
LG