သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

တ႐ုတ္ႏိုင္ငံမွာ လူဦးေရတိုးပြားမႈက်ဆင္း


ႏိုင္ငံတကာကေလးမ်ားေန႔မွာေတြ႔ရတဲ့ တ႐ုတ္ျပည္ ေဘက်င္းၿမိဳ႕က အမ်ိဳးသမီးႏွစ္ဦးနဲ႔ ကေလးငယ္မ်ား (ဇြန္ ၁၊ ၂၀၁၇)

တ႐ုတ္ႏိုင္ငံရဲ႕ လူဦးေရတိုးပြားမႈ မႏွစ္က က်ဆင္းသြားေၾကာင္း တ႐ုတ္အစိုးရက ေျပာၾကားလိုက္တာေၾကာင့္ ဒါဟာ ကမာၻ႔ဒုတိယ စီးပြားအင္အားအႀကီးဆုံးႏိုင္ငံမွာ ႏွစ္ေပါင္း ၆၀ အတြင္း ပထမဆုံးအႀကိမ္ အခုလို လူဦးေရတိုးပြားမႈက်ဆင္းျခင္း ျဖစ္ပါတယ္။

တ႐ုတ္အစိုးရ စာရင္းအင္းဌာနက ဒီကေန႔ ရက္စြဲနဲ႔ ထုတ္ျပန္တဲ့ စာရင္းေတြအရ ၂၀၂၂ ခုႏွစ္အတြင္း ကေလးငယ္ ေမြးဖြားတဲ့အေရအတြက္ ၉.၅၆ သန္း ရွိခဲ့ၿပီး ေသဆုံးတဲ့အေရအတြက္က ၁၀.၄၁ သန္း ရွိခဲ့တာေၾကာင့္ လူဦးေရ စုစုေပါင္း ၈ သိန္းခြဲ ေလ်ာ့က်သြားတယ္လို႔ ဆိုပါတယ္။ ဒါဟာ တ႐ုတ္ေခါင္းေဆာင္ေဟာင္း ေမာ္စီတုန္းက Great Leap Forward လို႔ေခၚတဲ့ ခုန္ပ်ံေက်ာ္လႊား တိုးတက္ေရး စီးပြားေရးေပၚလစီကို စမ္းသပ္လုပ္ေဆာင္စဥ္က သန္းနဲ႔ခ်ီတဲ့ တ႐ုတ္ျပည္သူေတြ ေသဆုံးခဲ့ရတဲ့ ၁၉၅၀ ခုႏွစ္ေတြေနာက္ပိုင္း ပထမဆုံး လူဦးေရက်ဆင္းတာလည္း ျဖစ္ပါတယ္။

လူဦးေရတိုးပြားမႈနႈန္း က်ဆင္းရတာဟာ တ႐ုတ္အစိုးရက တအိမ္ေထာင္ ကေလးတေယာက္သာ ေမြးခြင့္ရွိတယ္ဆိုတဲ့ မူဝါဒကို ဆယ္စုႏွစ္ေပါင္းမ်ားစြာကတည္း ခ်မွတ္အေကာင္အထည္ေဖာ္ခဲ့တဲ့ ရလဒ္ေၾကာင့္လည္း ျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္မွာ အဲဒီ မူဝါဒကို တ႐ုတ္အစိုးရက ေျဖေလ်ာ့ေပးလိုက္ၿပီး လူငယ္ေတြ အိမ္ေထာင္ျပဳ၊ ကေလးေမြးၾကဖို႔ စည္း႐ုံးေျပာဆိုခဲ့တာမွာ တခ်ိဳ႕ေနရာေတြမွာ ေငြနဲ႔ မက္လုံးေပးတဲ့အထိ ျပဳလုပ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း လူဦးေရ ၁.၄၁ ဘီလီယံရွိတဲ့ တ႐ုတ္ႏိုင္ငံက လူငယ္အမ်ားစုဟာ လူေနမႈစားရိတ္ ျမင့္မားလြန္းတာေၾကာင့္ ကေလးတေယာက္ဘဲ ယူတာ ဒါမွမဟုတ္ ကေလးလုံး၀မယူေတာ့ဖို႔ ဆုံးျဖတ္ၾကတာေတြလည္း ရွိေနပါတယ္။

တ႐ုတ္ႏိုင္ငံမွာ လူဦးေရတိုးပြားမႈက်ဆင္း
please wait

No media source currently available

0:00 0:01:09 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode]

တရုတ်နိုင်ငံမှာ လူဦးရေတိုးပွားမှုကျဆင်း

တရုတ်နိုင်ငံရဲ့ လူဦးရေတိုးပွားမှု မနှစ်က ကျဆင်းသွားကြောင်း တရုတ်အစိုးရက ပြောကြားလိုက်တာကြောင့် ဒါဟာ ကမ္ဘာ့ဒုတိယ စီးပွားအင်အားအကြီးဆုံးနိုင်ငံမှာ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ် အခုလို လူဦးရေတိုးပွားမှုကျဆင်းခြင်း ဖြစ်ပါတယ်။

တရုတ်အစိုးရ စာရင်းအင်းဌာနက ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ ၂၀၂၂ ခုနှစ်အတွင်း ကလေးငယ် မွေးဖွားတဲ့အရေအတွက် ၉.၅၆ သန်း ရှိခဲ့ပြီး သေဆုံးတဲ့အရေအတွက်က ၁၀.၄၁ သန်း ရှိခဲ့တာကြောင့် လူဦးရေ စုစုပေါင်း ၈ သိန်းခွဲ လျော့ကျသွားတယ်လို့ ဆိုပါတယ်။ ဒါဟာ တရုတ်ခေါင်းဆောင်ဟောင်း မော်စီတုန်းက Great Leap Forward လို့ခေါ်တဲ့ ခုန်ပျံကျော်လွှား တိုးတက်ရေး စီးပွားရေးပေါ်လစီကို စမ်းသပ်လုပ်ဆောင်စဉ်က သန်းနဲ့ချီတဲ့ တရုတ်ပြည်သူတွေ သေဆုံးခဲ့ရတဲ့ ၁၉၅၀ ခုနှစ်တွေနောက်ပိုင်း ပထမဆုံး လူဦးရေကျဆင်းတာလည်း ဖြစ်ပါတယ်။

လူဦးရေတိုးပွားမှုနှုန်း ကျဆင်းရတာဟာ တရုတ်အစိုးရက တအိမ်ထောင် ကလေးတယောက်သာ မွေးခွင့်ရှိတယ်ဆိုတဲ့ မူဝါဒကို ဆယ်စုနှစ်ပေါင်းများစွာကတည်း ချမှတ်အကောင်အထည်ဖော်ခဲ့တဲ့ ရလဒ်ကြောင့်လည်း ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်မှာ အဲဒီ မူဝါဒကို တရုတ်အစိုးရက ဖြေလျော့ပေးလိုက်ပြီး လူငယ်တွေ အိမ်ထောင်ပြု၊ ကလေးမွေးကြဖို့ စည်းရုံးပြောဆိုခဲ့တာမှာ တချို့နေရာတွေမှာ ငွေနဲ့ မက်လုံးပေးတဲ့အထိ ပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လူဦးရေ ၁.၄၁ ဘီလီယံရှိတဲ့ တရုတ်နိုင်ငံက လူငယ်အများစုဟာ လူနေမှုစားရိတ် မြင့်မားလွန်းတာကြောင့် ကလေးတယောက်ဘဲ ယူတာ ဒါမှမဟုတ် ကလေးလုံးဝမယူတော့ဖို့ ဆုံးဖြတ်ကြတာတွေလည်း ရှိနေပါတယ်။

XS
SM
MD
LG