သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်မှာ ကိုဗစ်ကြောင့်သေဆုံးသူ တလကျော်အတွင်း ၆ သောင်းနီးပါးရှိ



တရုတ်နိုင်ငံမှာ ၁ လကျော်အတွင်း COVID-19 ကပ်ရောဂါနဲ့ ဆက်စပ်သေဆုံးသူ ၆ သောင်းနီးပါးရှိတယ်လို့ တရုတ်အစိုးရတာဝန်ရှိသူတွေ ဒီကနေ့ ပြောကြားပါတယ်။ တရုတ်အစိုးရရဲ့ တင်းကြပ်တဲ့ ကိုဗစ်စည်းကမ်းတွေကို ၂၀၂၂ ဒီဇင်ဘာလမှာ ဖယ်ရှားခဲ့ချိန်ထဲက ကိုဗစ်ကူးစက် သေဆုံးမှုနဲ့ပတ်သက်လို့ တရုတ်အာဏာပိုင်တွေ ပထမဆုံး ထုတ်ပြောတာဖြစ်ပါတယ်။

ဒီဇင်ဘာလ ၈ ရက်နေ့ထဲက ဇန်နဝါရီလ ၁၂ ရက်နေ့အထိ သေဆုံးသူ ၅၉,၉၃၈ ရှိတယ်လို့ တရုတ်အမျိုးသားကျန်းမာရေးကော်မရှင်၊ ဆေးဘက်ဆိုင်ရာဌာန ညွှန်ကြားရေးမှူး Jiao Yahui က ဒီနေ့သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာပါ။ သူတို့ထုတ်ပြန်တဲ့ သေဆုံးစာရင်းက ဆေးရုံ၊ ဆေးခန်းတွေမှာ သေဆုံးခဲ့ကြသူတွေရဲ့ စာရင်းဖြစ်တာမို့ တကယ်တမ်း သေဆုံးခဲ့တဲ့စာရင်းက အများကြီး ပိုများနိုင်ပါတယ်။

သေဆုံးသူ ၆ သောင်းနီးပါးထဲမှာ ၅ ထောင့် ၅ ရာကျော်က ကိုဗစ် Virus ကြောင့် အသက်မရှူနိုင်ဘဲ သေဆုံးခဲ့သူတွေဖြစ်ပြီး ၅ သောင်း ၅ ထောင်နီးပါးက ရောဂါအခံရှိသူတွေ ဖြစ်တယ်လို့ ညွှန်ကြားရေးမှူး Jiao Yahui က ပြောပါတယ်။ နိုင်ငံတဝန်း ကိုဗစ်ကြောင့်ဆေးရုံတက် ကုသမှုခံယူသူ ဒီဇင်ဘာလကုန်ပိုင်းမှာ အထွဋ်အထိပ်ကို ရောက်ခဲ့ပေမဲ့ အခုတော့ ပြန်ကျသွားပြီလို့လည်း သူက ပြောပါတယ်။

ဇန်နဝါရီလ တတိယပါတ်ကုန်ပိုင်းကပြီး တရုတ်နှစ်သစ်ကူးပွဲတော်တွေ စတင်မှာဖြစ်တာကြောင့် သန်းပေါင်းများစွာ ခရီးသွားလာကြတဲ့အခါ နောက်ထပ် ကိုဗစ်ကူးစက်မှုတွေ ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။ တရုတ်အစိုးရက တင်းကြပ်တဲ့ ကိုဗစ်ကန့်သတ်ချက်တွေ ဖယ်ရှားပေးခဲ့ပြီးနောက်မှာ တရုတ်လူမျိုးတွေ နိုင်ငံခြားခရီးတွေထွက်နေကြသလို၊ နိုင်ငံခြားခရီးသွားတွေလည်း တရုတ်နိုင်ငံကို သွားလာနေကြပါတယ်။

===== Unicode =====





XS
SM
MD
LG