သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

မူဆယ္ နယ္စပ္ကုန္သြယ္ေရးဂိတ္ အကန္႔အသတ္နဲ႔ ျပန္ဖြင့္


ယူနန္ျပည္နယ္အေနာက္ပိုင္း ေရႊလီၿမိဳ႕မွာရွိတဲ့ ျမန္မာ-တ႐ုတ္နယ္စပ္စစ္ေဆးေရးဂိတ္ (ဇန္နဝါရီ ၁၃၊ ၂၀၂၃)

တ႐ုတ္-ျမန္မာ နယ္စပ္က မူဆယ္ကုန္သြယ္ေရးဂိတ္ကို ျမန္မာဘက္က တာဝန္ရွိသူေတြက ၿပီးခဲ့တဲ့ စေနေန႔ကစလို႔ အကန႔္အသတ္နဲ႔ ဖြင့္ေပးလိုက္ပါတယ္။ တ႐ုတ္ႏိုင္ငံထဲမွာ အလုပ္သြားလုပ္မဲ့ သူေတြကိုေတာ့ နယ္စပ္ျဖတ္ေက်ာ္ခြင့္ ခြင့္မျပဳေသးဘူးလို႔ သိရပါတယ္။ ဒီအေၾကာင္း ရန္ကုန္က သတင္းေပးပို႔ခ်က္ကို ကိုေဇာ္၀င္းလႈိင္က ေျပာျပမွာပါ။

ကိုဗစ္ေရာဂါ စတင္ျပန႔္ႏွံ႔လာကတည္း ပိတ္ထားတဲ့ တ႐ုတ္-ျမန္မာနယ္စပ္က အဓိက ကုန္သြယ္ေရးစခန္းျဖစ္တဲ့ မူဆယ္ဂိတ္ကို ဇန္နဝါရီ၁၄ရက္မွာ ႏွစ္ႏိုင္ငံလုံးက ဖြင့္ေပးလိုက္ၿပီ ျဖစ္ေပမဲ့ အမ်ားစုေမွ်ာ္လင့္ထားတဲ့ လူဝင္ထြက္ခြင့္ကေတာ့ မရေသးပါဘူး။ အဓိကကေတာ့ ႏွစ္ဖက္ ကုန္ကားေတြသြားလာခြင့္ေပးလိုက္တာပါ။ ရွမ္းျပည္ေျမာက္ပိုင္းက ကုန္ကား ေမာင္းသူေတြကို နယ္စပ္ျဖတ္ေက်ာ္ခြင့္ စာအုပ္အနီကို အရင္ဆုံး ထုတ္ေပးသြားဖို႔ ရွိေၾကာင္း မူဆယ္ကုန္သည္အသင္းက တာဝန္ရွိသူတဦးက ဗြီအိုေအကို ေျပာပါတယ္။ နယ္စပ္ျဖတ္သန္းခြင့္စာအုပ္ကို လုပ္တဲ့အခါမွာ အိမ္ေထာင္စုဇယား၊ မွတ္ပုံတင္၊ သက္တမ္းက်န္ရွိတဲ့ ယာဥ္ေမာင္းလိုင္စင္ ဒီလိုအခ်က္အလက္ အျပည့္အစုံေပးရေၾကာင္း သူကေျပာပါတယ္။

" ရွမ္းျပည္ေျမာက္၊ ရွမ္းျပည္ဆိုေတာ့ ၁၃/ေပါ့ေနာ္ ရွမ္းျပည္နယ္အတြင္းမွာ ပါတဲ့ နမ့္ခမ္းၿမိဳ႕နယ္၊ မူဆယ္ၿမိဳ႕နယ္ အတြင္းမွာရွိတဲ့ ယာဥ္ေမာင္းေတြကို တ႐ုတ္ႏိုင္ငံအတြင္းကို ျဖတ္သန္းတဲ့ border pass စာအုပ္လုပ္ေပးတယ္၊ အျခားနယ္က သူေတြကိုေတာ့ ေလာေလာဆယ္ မလုပ္ေပးေသးဘူး။ ဗမာျပည္ကေန တ႐ုတ္ျပည္သြားရင္ ေျခာက္ဘီးကုန္တင္ကား ယာဥ္ေမာင္းတဦးပဲ ဝင္ခြင့္ရွိတယ္ဆိုေတာ့ အျခားသူေတာ့ မလုပ္ေပးေသးဘူး။"

နယ္စပ္ဂိတ္ ဖြင့္လိုက္တဲ့အတြက္ တ႐ုတ္ျပည္သြားဖို႔ လေပါင္းမ်ားစြာ ေစာင့္ေနၾကတဲ့ နယ္အသီးသီးက သူေတြလည္း မူဆယ္ၿမိဳ႕ကို ေရာက္ေနၾကေၾကာင္း မူဆယ္ေဒသခံတဦးက ဗြီအိုေအကို ေျပာပါတယ္။ အထူးသျဖင့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ ေနထိုင္သူေတြကို ဦးစားေပးၿပီး နယ္စပ္ျဖတ္ေက်ာ္ခြင့္ လုပ္ေပးမယ္ဆိုတဲ့ သတင္းေၾကာင့္ ရွမ္းျပည္နယ္ ေျမာက္ပိုင္းၿမိဳ႕ေတြက ေဒသခံအမ်ားအျပား မူဆယ္ၿမိဳ႕ေပၚ ေရာက္ေနေၾကာင္း သူကေျပာပါတယ္။

" ဒီ လားရႈိးတို႔ ရွမ္းေျမာက္ဟာေတြ အကုန္လုံးက မူဆယ္ကိုပဲ လာစုေနၾကေတာ့တာ အခုက။ ဗမာျပည္က ဟာေတြကပါ ဖြင့္ၿပီဆိုၿပီးမွ တက္လာၾကတာခက္တာ အဲဒါ။ အမ်ားႀကီးပဲ တက္လာၾကတာ။ တက္မလာၾကနဲ႔ ဒီမွာလည္း အလုပ္ကမရွိ၊ တည္းခိုခန္းေတြလည္း လူေတြကျပည့္၊ အလုပ္ေတြကမရွိေတာ့ လူေတြလည္း ဒုကၡေတြေရာက္ ေငြကုန္ေၾကးက်ေတြလည္းမ်ား။ ဒီမွာက ကုန္က်စရိတ္ မ်ားမယ္ေလ၊ နယ္စပ္ၿမိဳ႕ေတြဆိုေတာ့။"

တ႐ုတ္ႏိုင္ငံ ေ႐ႊလီနဲ႔ က်ယ္ေဂါင္ဘက္မွာေတာ့ ျမန္မာႏိုင္ငံသား အမ်ားျပားက အထည္ခ်ဳပ္စက္႐ုံ၊ ေဆးဘက္ဆိုင္နဲ႔ မိုဘိုင္းဖုန္း ဆက္စပ္ပစၥည္း စက္႐ုံေတြမွာ လုပ္ကိုင္ၾကတာပါ။ တ႐ုတ္ႏိုင္ငံဘက္က သစ္သီးဝလံ ကုန္စည္ဒိုင္၊ ပန္းရံနဲ႔ စိုက္ပ်ိဳးေရး လုပ္ငန္းေတြမွာလည္း လုပ္သား အမ်ားအျပား လိုအပ္ေနေၾကာင္းလည္း ကုန္သည္တခ်ိဳ႕က ေျပာပါတယ္။ ကိုဗစ္စည္ကမ္းေတြကို တ႐ုတ္ဘက္က အမ်ားအျပား ေျဖေလွ်ာ့လိုက္သလို၊ ျမန္မာဘက္ကလည္း ျပည္တြင္းဝင္မယ့္ တ႐ုတ္ႏိုင္ငံသားတိုင္း ၁၄ရက္ႀကိဳၿပီး ကိုဗစ္ေဆးတခုခုကို ထိုးႏွံထားဖို႔ အသိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

မူဆယ် နယ်စပ်ကုန်သွယ်ရေးဂိတ် အကန့်အသတ်နဲ့ ပြန်ဖွင့်

တရုတ်-မြန်မာ နယ်စပ်က မူဆယ်ကုန်သွယ်ရေးဂိတ်ကို မြန်မာဘက်က တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ စနေနေ့ကစလို့ အကန့်အသတ်နဲ့ ဖွင့်ပေးလိုက်ပါတယ်။ တရုတ်နိုင်ငံထဲမှာ အလုပ်သွားလုပ်မဲ့ သူတွေကိုတော့ နယ်စပ်ဖြတ်ကျော်ခွင့် ခွင့်မပြုသေးဘူးလို့ သိရပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုဇော်ဝင်းလှိုင်က ပြောပြမှာပါ။

ကိုဗစ်ရောဂါ စတင်ပြန့်နှံ့လာကတည်း ပိတ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်က အဓိက ကုန်သွယ်ရေးစခန်းဖြစ်တဲ့ မူဆယ်ဂိတ်ကို ဇန်နဝါရီ၁၄ရက်မှာ နှစ်နိုင်ငံလုံးက ဖွင့်ပေးလိုက်ပြီ ဖြစ်ပေမဲ့ အများစုမျှော်လင့်ထားတဲ့ လူဝင်ထွက်ခွင့်ကတော့ မရသေးပါဘူး။ အဓိကကတော့ နှစ်ဖက် ကုန်ကားတွေသွားလာခွင့်ပေးလိုက်တာပါ။ ရှမ်းပြည်မြောက်ပိုင်းက ကုန်ကား မောင်းသူတွေကို နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီကို အရင်ဆုံး ထုတ်ပေးသွားဖို့ ရှိကြောင်း မူဆယ်ကုန်သည်အသင်းက တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်ကို လုပ်တဲ့အခါမှာ အိမ်ထောင်စုဇယား၊ မှတ်ပုံတင်၊ သက်တမ်းကျန်ရှိတဲ့ ယာဉ်မောင်းလိုင်စင် ဒီလိုအချက်အလက် အပြည့်အစုံပေးရကြောင်း သူကပြောပါတယ်။

" ရှမ်းပြည်မြောက်၊ ရှမ်းပြည်ဆိုတော့ ၁၃/ပေါ့နော် ရှမ်းပြည်နယ်အတွင်းမှာ ပါတဲ့ နမ့်ခမ်းမြို့နယ်၊ မူဆယ်မြို့နယ် အတွင်းမှာရှိတဲ့ ယာဉ်မောင်းတွေကို တရုတ်နိုင်ငံအတွင်းကို ဖြတ်သန်းတဲ့ border pass စာအုပ်လုပ်ပေးတယ်၊ အခြားနယ်က သူတွေကိုတော့ လောလောဆယ် မလုပ်ပေးသေးဘူး။ ဗမာပြည်ကနေ တရုတ်ပြည်သွားရင် ခြောက်ဘီးကုန်တင်ကား ယာဉ်မောင်းတဦးပဲ ဝင်ခွင့်ရှိတယ်ဆိုတော့ အခြားသူတော့ မလုပ်ပေးသေးဘူး။"

နယ်စပ်ဂိတ် ဖွင့်လိုက်တဲ့အတွက် တရုတ်ပြည်သွားဖို့ လပေါင်းများစွာ စောင့်နေကြတဲ့ နယ်အသီးသီးက သူတွေလည်း မူဆယ်မြို့ကို ရောက်နေကြကြောင်း မူဆယ်ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။ အထူးသဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာ နေထိုင်သူတွေကို ဦးစားပေးပြီး နယ်စပ်ဖြတ်ကျော်ခွင့် လုပ်ပေးမယ်ဆိုတဲ့ သတင်းကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်းမြို့တွေက ဒေသခံအများအပြား မူဆယ်မြို့ပေါ် ရောက်နေကြောင်း သူကပြောပါတယ်။

" ဒီ လားရှိုးတို့ ရှမ်းမြောက်ဟာတွေ အကုန်လုံးက မူဆယ်ကိုပဲ လာစုနေကြတော့တာ အခုက။ ဗမာပြည်က ဟာတွေကပါ ဖွင့်ပြီဆိုပြီးမှ တက်လာကြတာခက်တာ အဲဒါ။ အများကြီးပဲ တက်လာကြတာ။ တက်မလာကြနဲ့ ဒီမှာလည်း အလုပ်ကမရှိ၊ တည်းခိုခန်းတွေလည်း လူတွေကပြည့်၊ အလုပ်တွေကမရှိတော့ လူတွေလည်း ဒုက္ခတွေရောက် ငွေကုန်ကြေးကျတွေလည်းများ။ ဒီမှာက ကုန်ကျစရိတ် များမယ်လေ၊ နယ်စပ်မြို့တွေဆိုတော့။"

တရုတ်နိုင်ငံ ရွှေလီနဲ့ ကျယ်ဂေါင်ဘက်မှာတော့ မြန်မာနိုင်ငံသား အများပြားက အထည်ချုပ်စက်ရုံ၊ ဆေးဘက်ဆိုင်နဲ့ မိုဘိုင်းဖုန်း ဆက်စပ်ပစ္စည်း စက်ရုံတွေမှာ လုပ်ကိုင်ကြတာပါ။ တရုတ်နိုင်ငံဘက်က သစ်သီးဝလံ ကုန်စည်ဒိုင်၊ ပန်းရံနဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေမှာလည်း လုပ်သား အများအပြား လိုအပ်နေကြောင်းလည်း ကုန်သည်တချို့က ပြောပါတယ်။ ကိုဗစ်စည်ကမ်းတွေကို တရုတ်ဘက်က အများအပြား ဖြေလျှော့လိုက်သလို၊ မြန်မာဘက်ကလည်း ပြည်တွင်းဝင်မယ့် တရုတ်နိုင်ငံသားတိုင်း ၁၄ရက်ကြိုပြီး ကိုဗစ်ဆေးတခုခုကို ထိုးနှံထားဖို့ အသိပေးထားပါတယ်။

XS
SM
MD
LG