သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း တိုက္ေလယာဥ္မႉးေတြကို ၿဗိတိန္သင္တန္းေပးမည္


ယူကရိန္းသမၼတ Zelenskyy နဲ႔ ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ Rishi Sunak တို႔ ေတြ႕ဆုံ (ေဖေဖာ္ဝါရီ ၈၊ ၂၀၂၃)

ယူကရိန္း သမၼတ Volodymyr Zelenskyy ဟာ ယူ‌ေက ကို ဗုဒၶဟူးေန႔ က ေရာက္ရွိသြားၿပီး တိုက္ေလယာဥ္ ေလယာဥ္မႉးေတြ နဲ႔ ကမ္းတက္တပ္သားေတြ ကို ယူေက က ေလ့က်င့္ေပးမယ္လို႔ ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ ႐ုံး က ေျပာလိုက္ပါတယ္။

ဒီ ခရီးစဥ္ မွာ သမၼတ Zelenskyy ဟာ ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ Rishi Sunak နဲ႔ ေတြ႕ဆုံၿပီး ပါလီမန္မွာလည္း စကားေျပာမွာ ျဖစ္တယ္ လို႔ ၿဗိတိန္ အစိုးရ က ေျပာပါတယ္။ ဒါ့အျပင္ ခ်ားလ္ဘုရင္ကိုလည္း ေတြ႕ဆုံမွာ ျဖစ္တယ္ လို႔ Buckingham နန္းေတာ္ က ေျပာပါတယ္။

ေနတိုးစံမီ တိုက္ေလယာဥ္ေတြ နဲ႔ ပတ္သက္ၿပီး ယူကရိန္း တိုက္ေလယာဥ္မႉးေတြ ကို ေလ့က်င့္ေပးမယ္လို႔ ဝန္ႀကီးခ်ဳပ္ SUNAK က ေၾကညာလိုက္ခ်ိန္မွာပဲ သမၼတ Zelenskyy ေရာက္ရွိလာတာ ျဖစ္ပါတယ္။ ၿဗိတိန္ တိုက္ေလယာဥ္ေတြ ကို ေပးဖို႔ လက္ေတြ႕ မက်ဘူး လို႔ ၿဗိတိန္ က ေျပာေပမဲ့ တိုက္ေလယာဥ္ေတြ ပို႔ေပးဖို႔ မဟာမိတ္ ႏိုင္ငံေတြ ကို သမၼတ Zelenskyy က ေတာင္းဆိုထားပါတယ္။ ယူကရိန္း ကို စစ္ေရးအရ အႀကီးမားဆုံး ကူညီေနၾကတဲ့ ႏိုင္ငံေတြ ထဲမွာ ၿဗိတိန္ႏိုင္ငံ ဟာ တစ္ႏိုင္ငံ ျဖစ္ၿပီး လက္နက္ပစၥည္းေတြအတြက္ ေပါင္ ၂ ဘီလီယံ ကူညီထားပါတယ္။ ၿဗိတိန္ မွာ စစ္သင္တန္း တက္ခဲ့၊ တက္ေနၾကတာ ယူကရိန္း စစ္သား ၁၀၀၀၀ ေက်ာ္ခဲ့ၿပီ ျဖစ္ၿပီး၊ တခ်ိဳ႕ က ၿဗိတိန္ က ပို႔ေပးေနတဲ့ Challenger 2 တင့္ကားေတြအတြက္ ေလ့က်င့္ေနၾကတာပါ။

အေမရိကန္ ကို ဒီဇင္ဘာလတုန္း က သြားေရာက္ခဲ့ၿပီးေနာက္၊ ဒါဟာ သမၼတ Zelenskyy ရဲ႕ ဒုတိယ ႏိုင္ငံျခား ခရီးလည္း ျဖစ္ပါတယ္။ ႐ုရွား နဲ႔ ယူကရိန္းတို႔က ေႏြဦး ထိုးစစ္မဆင္ႏႊဲမီပိုၿပီး ေခတ္မီတိုးတက္တဲ့ လက္နက္ေတြ အေနာက္ႏိုင္ငံေတြက ယူကရိန္းကို ပို႔ေပးမယ့္ ကတိကဝတ္ကို သမၼတ Zelenskyy က ေတာင္းခံေနတာ ျဖစ္ႏိုင္တယ္လို႔ သုံးသပ္သူေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

{Unicode}

ယူကရိန်း တိုက်လေယာဉ်မှူးတွေကို ဗြိတိန်သင်တန်းပေးမည်

ယူကရိန်း သမ္မတ Volodymyr Zelenskyy ဟာ ယူ‌ကေ ကို ဗုဒ္ဓဟူးနေ့ က ရောက်ရှိသွားပြီး တိုက်လေယာဉ် လေယာဉ်မှူးတွေ နဲ့ ကမ်းတက်တပ်သားတွေ ကို ယူကေ က လေ့ကျင့်ပေးမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ရုံး က ပြောလိုက်ပါတယ်။

ဒီ ခရီးစဉ် မှာ သမ္မတ Zelenskyy ဟာ ဗြိတိန် ဝန်ကြီးချုပ် Rishi Sunak နဲ့ တွေ့ဆုံပြီး ပါလီမန်မှာလည်း စကားပြောမှာ ဖြစ်တယ် လို့ ဗြိတိန် အစိုးရ က ပြောပါတယ်။ ဒါ့အပြင် ချားလ်ဘုရင်ကိုလည်း တွေ့ဆုံမှာ ဖြစ်တယ် လို့ Buckingham နန်းတော် က ပြောပါတယ်။

နေတိုးစံမီ တိုက်လေယာဉ်တွေ နဲ့ ပတ်သက်ပြီး ယူကရိန်း တိုက်လေယာဉ်မှူးတွေ ကို လေ့ကျင့်ပေးမယ်လို့ ဝန်ကြီးချုပ် SUNAK က ကြေညာလိုက်ချိန်မှာပဲ သမ္မတ Zelenskyy ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဗြိတိန် တိုက်လေယာဉ်တွေ ကို ပေးဖို့ လက်တွေ့ မကျဘူး လို့ ဗြိတိန် က ပြောပေမဲ့ တိုက်လေယာဉ်တွေ ပို့ပေးဖို့ မဟာမိတ် နိုင်ငံတွေ ကို သမ္မတ Zelenskyy က တောင်းဆိုထားပါတယ်။ ယူကရိန်း ကို စစ်ရေးအရ အကြီးမားဆုံး ကူညီနေကြတဲ့ နိုင်ငံတွေ ထဲမှာ ဗြိတိန်နိုင်ငံ ဟာ တစ်နိုင်ငံ ဖြစ်ပြီး လက်နက်ပစ္စည်းတွေအတွက် ပေါင် ၂ ဘီလီယံ ကူညီထားပါတယ်။ ဗြိတိန် မှာ စစ်သင်တန်း တက်ခဲ့၊ တက်နေကြတာ ယူကရိန်း စစ်သား ၁၀၀၀၀ ကျော်ခဲ့ပြီ ဖြစ်ပြီး၊ တချို့ က ဗြိတိန် က ပို့ပေးနေတဲ့ Challenger 2 တင့်ကားတွေအတွက် လေ့ကျင့်နေကြတာပါ။

အမေရိကန် ကို ဒီဇင်ဘာလတုန်း က သွားရောက်ခဲ့ပြီးနောက်၊ ဒါ ဟာ သမ္မတ Zelenskyy ရဲ့ ဒုတိယ နိုင်ငံခြား ခရီးလည်း ဖြစ်ပါတယ်။ ရုရှား နဲ့ ယူကရိန်းတို့ က နွေဦး ထိုးစစ် မဆင်နွှဲမီ ပိုပြီး ခေတ်မီတိုးတက်တဲ့ လက်နက်တွေ အနောက်နိုင်ငံတွေ က ယူကရိန်း ကို ပို့ပေးမယ့် ကတိကဝတ် ကို သမ္မတ Zelenskyy က တောင်းခံနေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်သူတွေ က ပြောပါတယ်။

XS
SM
MD
LG