သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဂ်ာမန္တင့္ကားေတြ ယူကရိန္းပို႔ေပးေရး ေနတိုးအဖြဲ႔အႀကီးအကဲနဲ႔ ေဆြးေႏြး


ဂ်ာမနီႏိုင္ငံမွာ ဂ်ာမနီစစ္တပ္ရဲ႕ စစ္ေရးေလ့က်င္မႈအတြင္းေတြ႔ရတဲ့ Leopard 2 တင့္ကား (စက္တင္ဘာ ၂၈၊ ၂၀၁၈)

ဂ်ာမန္လုပ္ Leopard တင့္ကားေတြ ယူကရိန္းကို လႊဲေျပာင္း ေပးပို႔ႏိုင္ေရး ခြင့္ျပဳဖို႔ ပိုလန္ႏိုင္ငံရဲ႕ တရားဝင္ ေတာင္းဆိုခ်က္ကို ဂ်ာမနီႏိုင္ငံက ဒီကေန႔ အဂၤါေန႔မွာ လက္ခံရရွိၿပီျဖစ္ပါတယ္။

႐ုရွားတပ္ေတြ ေရွ႕ကို ပိုၿပီး တက္မလာႏိုင္ေအာင္နဲ႔ သိမ္းပိုက္ခံ နယ္ေျမေတြ ျပန္လည္ရယူဖို႔အေရး ယူကရိန္းတို႔က အေနာက္ႏိုင္ငံေတြမွာ တြင္တြင္က်ယ္က်ယ္ အသုံးျပဳေနတဲ့ဂ်ာမနီလုပ္ Leopard 2 တင့္ကားေတြ ရရွိဖို႔ လိုလားေနတာပါ။

ဒါေပမယ့္ ေနတိုး အဖြဲ႕ဝင္ ႏိုင္ငံေတြက တင့္ကားေတြ လႊဲေျပာင္းေပးဖို႔ ဆႏၵရွိေပမယ့္ တင့္ကားေတြကို ေနာက္တစ္ႏိုင္ငံကို လႊဲေျပာင္းတင္ပို႔မယ္ဆိုရင္ မူရင္းထုတ္လုပ္တဲ့ႏိုင္ငံျဖစ္တဲ့ ဂ်ာမနီႏိုင္ငံရဲ႕ ခြင့္ျပဳခ်က္ လိုအပ္ပါတယ္။ အခုအခ်ိန္အထိေတာ့ ဂ်ာမနီႏိုင္ငံက ႐ုရွားတို႔ဘက္က စစ္ရွိန္ျမႇင့္လာမွာကို စိုးရိမ္တဲ့ အေၾကာင္းျပခ်က္နဲ႔ ခြင့္ျပဳခ်က္ေပးဖို႔ တြန္႔ဆုတ္ ေနပါတယ္။

ဂ်ာမန္ကာကြယ္ေရးဝန္ႀကီး Boris Pistorius က တင့္ကားေတြ လႊဲေျပာင္း တင္ပို႔ႏိုင္ေရး သိပ္မၾကာခင္မွာပဲ ဂ်ာမနီ အစိုးရက ဆုံးျဖတ္ခ်က္ ေပးလိမ့္မယ္လို႔ ေျပာပါတယ္။

ဂ်ာမန္ကာကြယ္ေရးဝန္ႀကီးရဲ႕ ေျပာၾကားခ်က္ကို ေနတိုး အတြင္းေရးမႉးခ်ဳပ္ Stoltenberg ကႀကိဳဆိုေၾကာင္းနဲ႔ Leopard 2 တင့္ကား ပိုင္ဆိုင္တဲ့ ႏိုင္ငံေတြ အေနနဲ႔ တင့္ကားေတြ လႊဲေျပာင္း ေပးပို႔ရာမွာ အဆင့္သင့္ အေနအထားရွိဖို႔အတြက္ ယူကရိန္း တပ္ဖြဲ႕ေတြကို ႀကိဳတင္ သင္တန္းေပးဖို႔ တိုက္တြန္းေျပာၾကားပါတယ္။ ႐ုရွား အစိုးရကေတာ့ ခုလိုယူကရိန္းကို တိုက္ပြဲဝင္တင္ကားေတြပို႔လို႔ ဘာမွေကာင္းလာစရာ အေၾကာင္း မရွိဘူးလို႔ ျပစ္တင္ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ဂျာမန်တင့်ကားတွေ ယူကရိန်းပို့ပေးရေး နေတိုးအဖွဲ့အကြီးအကဲနဲ့ ဆွေးနွေး

ဂျာမန်လုပ် Leopard တင့်ကားတွေ ယူကရိန်းကို လွှဲပြောင်း ပေးပို့နိုင်ရေး ခွင့်ပြုဖို့ ပိုလန်နိုင်ငံရဲ့ တရားဝင် တောင်းဆိုချက်ကို ဂျာမနီနိုင်ငံက ဒီကနေ့ အင်္ဂါနေ့မှာ လက်ခံရရှိပြီဖြစ်ပါတယ်။

ရုရှားတပ်တွေ ရှေ့ကို ပိုပြီး တက်မလာနိုင်အောင်နဲ့ သိမ်းပိုက်ခံ နယ်မြေတွေ ပြန်လည်ရယူဖို့အရေး ယူကရိန်းတို့က အနောက်နိုင်ငံတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေတဲ့ဂျာမနီလုပ် Leopard 2 တင့်ကားတွေ ရရှိဖို့ လိုလားနေတာပါ။

ဒါပေမယ့် နေတိုး အဖွဲ့ဝင် နိုင်ငံတွေက တင့်ကားတွေ လွှဲပြောင်းပေးဖို့ ဆန္ဒရှိပေမယ့် တင့်ကားတွေကို နောက်တစ်နိုင်ငံကို လွှဲပြောင်းတင်ပို့မယ်ဆိုရင် မူရင်းထုတ်လုပ်တဲ့နိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငံရဲ့ ခွင့်ပြုချက် လိုအပ်ပါတယ်။ အခုအချိန်အထိတော့ ဂျာမနီနိုင်ငံက ရုရှားတို့ဘက်က စစ်ရှိန်မြှင့်လာမှာကို စိုးရိမ်တဲ့ အကြောင်းပြချက်နဲ့ ခွင့်ပြုချက်ပေးဖို့ တွန့်ဆုတ် နေပါတယ်။

ဂျာမန်ကာကွယ်ရေးဝန်ကြီး Boris Pistorius က တင့်ကားတွေ လွှဲပြောင်း တင်ပို့နိုင်ရေး သိပ်မကြာခင်မှာပဲ ဂျာမနီ အစိုးရက ဆုံးဖြတ်ချက် ပေးလိမ့်မယ်လို့ ပြောပါတယ်။

ဂျာမန်ကာကွယ်ရေးဝန်ကြီးရဲ့ ပြောကြားချက်ကို နေတိုး အတွင်းရေးမှူးချုပ် Stoltenberg ကကြိုဆိုကြောင်းနဲ့ Leopard 2 တင့်ကား ပိုင်ဆိုင်တဲ့ နိုင်ငံတွေ အနေနဲ့ တင့်ကားတွေ လွှဲပြောင်း ပေးပို့ရာမှာ အဆင့်သင့် အနေအထားရှိဖို့အတွက် ယူကရိန်း တပ်ဖွဲ့တွေကို ကြိုတင် သင်တန်းပေးဖို့ တိုက်တွန်းပြောကြားပါတယ်။ ရုရှား အစိုးရကတော့ ခုလိုယူကရိန်းကို တိုက်ပွဲဝင်တင်ကားတွေပို့လို့ ဘာမှကောင်းလာစရာ အကြောင်း မရှိဘူးလို့ ပြစ်တင်ပြောဆိုထားပါတယ်။

XS
SM
MD
LG