သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ရုရွားကိုတံု႔ျပန္ဖို႔ တာေဝးပစ္ မစ္ဇိုင္းဒံုးလိုအပ္ (ယူကရိန္းသမၼတ)


UKRAINE-CRISIS/GERMANY-PATRIOTS

႐ုရွားေတြဟာ Donetsk ေဒသ Kostaintynivka ၿမိဳ႕မွာရွိတဲ့ အရပ္သားပစ္မွတ္ေတြကို မစ္ဇိုင္းဒံုးက်ည္နဲ႔ တိုက္ခိုက္ခဲ့တာေၾကာင့္ တုံ႔ျပန္ႏိုင္ေအာင္ တာေဝးပစ္ မစ္ဇိုင္းဒံုးက်ည္ေတြ လိုအပ္ေၾကာင္း ယူကရိန္းသမၼတ Volodymyr Zelenskyy က စေနေန႔ ဗီဒီယို မိန္႔ခြန္းမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။  

ရုရွားကိုတံု႔ျပန္ဖို႔ တာေဝးပစ္ မစ္ဇိုင္းဒံုးလိုအပ္ (ယူကရိန္းသမၼတ)

{{Zawgyi/Unicode}}
႐ုရွားေတြဟာ စေနေန႔မနက္ပိုင္းက Donetsk ေဒသ Kostaintynivka ၿမိဳ႕မွာရွိတဲ့ အရပ္သားပစ္မွတ္ေတြကို မစ္ဇိုင္းဒံုးက်ည္နဲ႔ တိုက္ခိုက္ခဲ့တာေၾကာင့္ ႐ုရွားရဲ႕ အားျပင္းလက္နက္ေတြကို တုံ႔ျပန္ႏိုင္ေအာင္ တာေဝးပစ္ မစ္ဇိုင္းဒံုးက်ည္ေတြ လိုအပ္ေၾကာင္း ယူကရိန္းသမၼတ Volodymyr Zelenskyy က စေနေန႔ ဗီဒီယို မိန္႔ခြန္းမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။

ယူကရိန္းႏိုင္ငံ အေရွ႕ပိုင္း Donetsk ေဒသ Kostian tynivka ၿမိဳ႕က လူေနရပ္ကြက္တခုကို ႐ုရွားက ဒံုးက်ည္နဲ႔ ပစ္ခတ္ခဲ့တဲ့အတြက္ ၃ ဦးထက္မနည္း ေသဆံုးခဲ့ရတယ္လို႔ ေဒသအုပ္ခ်ဳပ္ေရးမႈး Pavlo Kyrylenko က ေျပာပါတယ္။ ဒီတိုက္ခိုက္မႈမွာ ဒဏ္ရာရသူက ၁၄ ဦးရွိခဲ့သလို လူေနတိုက္ခန္းတြဲ ၄ ခုနဲ႔ ေဟာ္တယ္ တခုလည္း ပ်က္စီးသြားတယ္ လို႔ ေျပာပါတယ္။

ဒီေဒသထဲမွာ ႐ုရွားတပ္ေတြရဲ႕ ပစ္ခတ္မႈေတြ ဆက္ရွိေနသလို ၁ ရက္အတြင္း ေဒသဆံုးရသူ အနည္းဆံုး ၄ ဦးရွိေနတယ္လို႔ အုပ္ခ်ဳပ္ေရးမႈး Kyry lenko က စေနေန႔ အေစာပိုင္းကေျပာၾကားခဲ့တာပါ။ ႐ုရွားသမၼတ Zelenskyy ကေတာ့ ယူကရိန္းရဲ႕ ေရွ႕တန္းမွာ အေျခေနဟာ အေတာ္ဆိုးဝါးေနဆဲ ျဖစ္ၿပီး အထူးသျဖင့္ Donetsk ေဒသမွာဆိုရင္ ႐ုရွားဘက္က ထိုးစစ္ေတြ တိုးႁမွင့္ လာခဲ့တယ္လို႔ ေျပာပါတယ္။

ယူကရိန္းကို ႐ုရွားက မႏွစ္က ေဖေဖၚဝါရီ လကုန္ေလာက္မွာ က်ဴးေက်ာ္တိုက္ခိုက္ခဲ့တဲ့ အတြက္ အခုဆို ၁၁ လေက်ာ္လာၿပီျဖစ္ၿပီး လတ္တေလာမွာေတာ့ ၂ ဖက္ တိုက္ပြဲေတြ အျပင္းအထန္ မေတြ႕ရသလို ၂ ဘက္ သိသာတဲ့ ေအာင္ျမင္မႈေတြလည္း မေတြ႕ရပါဘူး။ ယူကရိန္းဘက္ကေတာ့ ႐ုရွားတပ္ေတြဟာ လာမယ့္ သီတင္းပတ္ေတြ ဒါမွမဟုတ္ လေတြ အတြင္း ေနာက္ထပ္ ထိုးစစ္ဆင္ဖို႔ ႀကိဳးစားလာႏိုင္တယ္လို႔ ထပ္တလဲလဲ သတိေပးေနတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

ရုရှားကိုတုံ့ပြန်ဖို့ တာဝေးပစ် မစ်ဇိုင်းဒုံးလိုအပ် (ယူကရိန်းသမ္မတ)

{{Zawgyi/Unicode}}
ရုရှားတွေဟာ စနေနေ့မနက်ပိုင်းက Donetsk ဒေသ Kostaintynivka မြို့မှာရှိတဲ့ အရပ်သားပစ်မှတ်တွေကို မစ်ဇိုင်းဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရုရှားရဲ့ အားပြင်းလက်နက်တွေကို တုံ့ပြန်နိုင်အောင် တာဝေးပစ် မစ်ဇိုင်းဒုံးကျည်တွေ လိုအပ်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က စနေနေ့ ဗီဒီယို မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Donetsk ဒေသ Kostian tynivka မြို့က လူနေရပ်ကွက်တခုကို ရုရှားက ဒုံးကျည်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ၃ ဦးထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသအုပ်ချုပ်ရေးမှုး Pavlo Kyrylenko က ပြောပါတယ်။ ဒီတိုက်ခိုက်မှုမှာ ဒဏ်ရာရသူက ၁၄ ဦးရှိခဲ့သလို လူနေတိုက်ခန်းတွဲ ၄ ခုနဲ့ ဟော်တယ် တခုလည်း ပျက်စီးသွားတယ် လို့ ပြောပါတယ်။

ဒီဒေသထဲမှာ ရုရှားတပ်တွေရဲ့ ပစ်ခတ်မှုတွေ ဆက်ရှိနေသလို ၁ ရက်အတွင်း ဒေသဆုံးရသူ အနည်းဆုံး ၄ ဦးရှိနေတယ်လို့ အုပ်ချုပ်ရေးမှုး Kyry lenko က စနေနေ့ အစောပိုင်းကပြောကြားခဲ့တာပါ။ ရုရှားသမ္မတ Zelenskyy ကတော့ ယူကရိန်းရဲ့ ရှေ့တန်းမှာ အခြေနေဟာ အတော်ဆိုးဝါးနေဆဲ ဖြစ်ပြီး အထူးသဖြင့် Donetsk ဒေသမှာဆိုရင် ရုရှားဘက်က ထိုးစစ်တွေ တိုးမြှင့် လာခဲ့တယ်လို့ ပြောပါတယ်။

ယူကရိန်းကို ရုရှားက မနှစ်က ဖေဖေါ်ဝါရီ လကုန်လောက်မှာ ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ အတွက် အခုဆို ၁၁ လကျော်လာပြီဖြစ်ပြီး လတ်တလောမှာတော့ ၂ ဖက် တိုက်ပွဲတွေ အပြင်းအထန် မတွေ့ရသလို ၂ ဘက် သိသာတဲ့ အောင်မြင်မှုတွေလည်း မတွေ့ရပါဘူး။ ယူကရိန်းဘက်ကတော့ ရုရှားတပ်တွေဟာ လာမယ့် သီတင်းပတ်တွေ ဒါမှမဟုတ် လတွေ အတွင်း နောက်ထပ် ထိုးစစ်ဆင်ဖို့ ကြိုးစားလာနိုင်တယ်လို့ ထပ်တလဲလဲ သတိပေးနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG