သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းကို Leopard တင့္ကားေတြ မပို႔ႏိုင္တဲ့ ဂ်ာမဏီ ေဝဖန္ခံရ   


FILE - German Chancellor Olaf Scholz delivers a speech in front of a Leopard 2 tank during a visit to a military base of the German army Bundeswehr in Bergen, Oct. 17, 2022.

ယူကရိန္းကို Leopard တင့္ကားေတြ ေပးဖို႔ ဂ်ာမဏီက မဆံုးျဖတ္ႏိုင္ပဲ ျဖစ္ေနတာ အတြက္ ဥေရာပေဒသက တာဝန္ရွိသူေတြက ဝိ္ုင္းဝန္းေဝဖန္ေနၾကပါတယ္။  

ယူကရိန္းကို Leopard တင့္ကားေတြ မပို႔ႏိုင္တဲ့ ဂ်ာမဏီ ေဝဖန္ခံရ

{{Zawgyi/Unicode}}
ယူကရိန္းကို Leopard တင့္ကားေတြ ေပးဖို႔ ဂ်ာမဏီက မဆံုးျဖတ္ႏိုင္ပဲ ျဖစ္ေနတာ အတြက္ ဥေရာပေဒသက တာဝန္ရွိသူေတြက ဝိ္ုင္းဝန္းေဝဖန္ေနၾကပါတယ္။

Latvian ႏိုင္ငံျခားေရးဝန္ႀကီး Edgars Rinkevics က Lithuanian နဲ႔ Estonian ႏိုင္ငံျခားေရး ဝန္ႀကီးေတြနဲ႔ အတူ သူ႔အေနနဲ႔ ယူကရိန္းကို အခုပဲ ဒီတင့္ကားေတြ ေပးဖို႔ ဂ်ာမဏီကို ေတာင္းဆိုေၾကာင္း ေျပာပါတယ္။ ဒီလို ေပးအပ္တာဟာ ယူကရိန္းကို ရန္လိုေနတဲ့ ႐ုရွားရဲ႕လုပ္ရပ္ေတြ ရပ္ဆိုင္းဖို႔ ယူကရိန္းအတြက္ အေထာက္အကူ ျဖစ္ေစမယ့္ အျပင္၊ ဥေရာပေဒသ ျပန္လည္ၿငိမ္းခ်မ္းမႈရေအာင္လည္း လုပ္ေပးႏိုင္မယ္လို႔ ေျပာပါတယ္။ ဂ်ာမဏီဟာ ဥေရာပ ေဒသမွာ အင္အားႀကီးတဲ့ ႏိုင္ငံအျဖစ္ ဦးေဆာင္ေနတာေၾကာင့္ ဒါဟာ ဂ်ာမဏီမွာ တာဝန္ရွိတယ္လို႔ ေျပာပါတယ္။

အက္စတိုးနီးယား ဝန္ႀကီးခ်ဳပ္ Kaja Kallas ကလည္း ယူကရိန္းကို လက္နက္ေတြ အမ်ားအျပား အျမန္ထပ္ပို႔ဖို႔ ေတာင္းဆိုလိုက္ပါတယ္။

ပိုလန္ႏိုင္ငံျခားေရးဝန္ႀကီး Zbigniew Ray ကလည္း တင့္ကားေတြ အခု ခ်က္ခ်င္းပို႔ေပးဖို႔ တိုက္တြန္းလိုက္ပါတယ္။ ယူကရိန္းေတြ ေသြးေျမက်ေနရတာဟာ အမွန္တကယ္ျဖစ္ၿပီး ဂ်ာမဏီက တင့္ကား ပို႔ဖို႔ ေႏွာင့္ေႏွးေနရင္ ပို ခံစားရမယ္လို႔ ေျပာပါတယ္။

ယူကရိန္း သမၼတ Volodymyr Zelenskyy ရဲ႕ အႀကီးတန္းအၾကံေပး Mykhailo Podolyak ကေတာ့ မဟာမိတ္ႏိုင္ငံေတြက စစ္ေရး အကူညီေပးဖို႔ ေႏွာင့္ေႏွးေနတာ အတြက္ စိတ္ပ်က္မိေၾကာင္း ေျပာပါတယ္။

တခိ်န္တည္းမွာပဲ ယူကရိန္းတပ္ေတြဟာ ဂ်ာမဏီထုတ္ Leopard 2 တိုက္ခိုက္ေရးသံုး တင့္ကားေတြ အသံုးျပဳဖို႔ ပိုလန္မွာ စၿပီး သင္တန္းတက္ေနၾကတယ္လို႔ ယူကရိန္းကာကြယ္ေရးဝန္ႀကီး Oleksii Reznikov က VOA ကို ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

ယူကရိန်းကို Leopard တင့်ကားတွေ မပို့နိုင်တဲ့ ဂျာမဏီ ဝေဖန်ခံရ

{{Zawgyi/Unicode}}
ယူကရိန်းကို Leopard တင့်ကားတွေ ပေးဖို့ ဂျာမဏီက မဆုံးဖြတ်နိုင်ပဲ ဖြစ်နေတာ အတွက် ဥရောပဒေသက တာဝန်ရှိသူတွေက ဝိုင်းဝန်းဝေဖန်နေကြပါတယ်။

Latvian နိုင်ငံခြားရေးဝန်ကြီး Edgars Rinkevics က Lithuanian နဲ့ Estonian နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ အတူ သူ့အနေနဲ့ ယူကရိန်းကို အခုပဲ ဒီတင့်ကားတွေ ပေးဖို့ ဂျာမဏီကို တောင်းဆိုကြောင်း ပြောပါတယ်။ ဒီလို ပေးအပ်တာဟာ ယူကရိန်းကို ရန်လိုနေတဲ့ ရုရှားရဲ့လုပ်ရပ်တွေ ရပ်ဆိုင်းဖို့ ယူကရိန်းအတွက် အထောက်အကူ ဖြစ်စေမယ့် အပြင်၊ ဥရောပဒေသ ပြန်လည်ငြိမ်းချမ်းမှုရအောင်လည်း လုပ်ပေးနိုင်မယ်လို့ ပြောပါတယ်။ ဂျာမဏီဟာ ဥရောပ ဒေသမှာ အင်အားကြီးတဲ့ နိုင်ငံအဖြစ် ဦးဆောင်နေတာကြောင့် ဒါဟာ ဂျာမဏီမှာ တာဝန်ရှိတယ်လို့ ပြောပါတယ်။

အက်စတိုးနီးယား ဝန်ကြီးချုပ် Kaja Kallas ကလည်း ယူကရိန်းကို လက်နက်တွေ အများအပြား အမြန်ထပ်ပို့ဖို့ တောင်းဆိုလိုက်ပါတယ်။

ပိုလန်နိုင်ငံခြားရေးဝန်ကြီး Zbigniew Ray ကလည်း တင့်ကားတွေ အခု ချက်ချင်းပို့ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ယူကရိန်းတွေ သွေးမြေကျနေရတာဟာ အမှန်တကယ်ဖြစ်ပြီး ဂျာမဏီက တင့်ကား ပို့ဖို့ နှောင့်နှေးနေရင် ပို ခံစားရမယ်လို့ ပြောပါတယ်။

ယူကရိန်း သမ္မတ Volodymyr Zelenskyy ရဲ့ အကြီးတန်းအကြံပေး Mykhailo Podolyak ကတော့ မဟာမိတ်နိုင်ငံတွေက စစ်ရေး အကူညီပေးဖို့ နှောင့်နှေးနေတာ အတွက် စိတ်ပျက်မိကြောင်း ပြောပါတယ်။

တချိန်တည်းမှာပဲ ယူကရိန်းတပ်တွေဟာ ဂျာမဏီထုတ် Leopard 2 တိုက်ခိုက်ရေးသုံး တင့်ကားတွေ အသုံးပြုဖို့ ပိုလန်မှာ စပြီး သင်တန်းတက်နေကြတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleksii Reznikov က VOA ကို ပြောပါတယ်။

XS
SM
MD
LG