ယူကရိန္းကို ႐ုရွားက်ဴးေက်ာ္မႈအတြက္ တုန္႔ျပန္တဲ့အေနနဲ႔ ဂ်ာမနီက သူ႔စစ္တပ္ေခတ္မွီေအာင္လုပ္ဖို႔ အေမရိကန္လုပ္ F 35 တိုက္ဂ်က္ေလယာဥ္ ၃၅ စင္းနဲ႔ Eurofighter ဂ်က္ ၁၅ စင္း ဝယ္ယူဖို႔ စီစဥ္ေနတယ္လို႔ လႊတ္ေတာ္သတင္းရပ္ကြက္က တနလၤာေန႔မွာ ေျပာပါတယ္။
အေမရိကန္ Lockheed Martin ထုတ္ F-35 ဂ်က္ေလယာဥ္ေတြကို ဂ်ာမနီရဲ႕ ဆယ္စုႏွစ္အေတာ္ၾကာၿပီျဖစ္တဲ့ Tornado ဂ်က္တိုက္ေလယာဥ္ေတြမွာ အစားထိုးမွာ ျဖစ္ပါတယ္။ ဂ်ာမနီမွာထားတဲ့ အေမရိကန္ ႏ်ဴကလီယားဗံုးေတြကို ဒီ Tonado ဂ်က္ေလယာဥ္ေတြကပဲ သယ္ေဆာင္ႏိုင္တာျဖစ္ၿပီး ဒါဟာ NATO ရဲ႕ ခုခံကာကြယ္မႈမွာ အေရးပါတဲ့အစိတ္ပိုင္း တခုျဖစ္ပါတယ္။
Lockheed Martin ထုတ္ F-35 stealth ဂ်က္တိုက္ေလယာဥ္ေတြဟာ ကမာၻမွာ ေခတ္အမွီဆံုးအျဖစ္ သတ္မွတ္ထားတာျဖစ္ၿပီး သူတို႔ရဲ႕ထူးျခားတဲ့ပံုစံနဲ႔ ေလယာဥ္ကိုယ္ထည္ကို သုတ္ထားတဲ့ေဆးေၾကာင့္ ဒီတိုက္ေလယာဥ္ေတြကို ရန္သူ႔ေရဒါနဲ႔ ဖမ္းဖို႔ ခက္ခဲေစတာ ျဖစ္ပါတယ္။
Airbus အပါအဝင္ ႏိုင္ငံတကာကုမၸဏီအစုအဖြဲ႔ကထုတ္တဲ့ Eurofighter ဂ်က္ေတြကိုေတာ့ အီလက္ထေရာနစ္ စစ္ဆင္ေရးနဲ႔ ေစာင့္ၾကပ္ေရး အပါအဝင္ တျခား တိုက္ပြဲဆိုင္ရာလႈပ္ရွားမႈေတြမွာ သံုးမွာ ျဖစ္ေၾကာင္း သတင္းေတြမွာေဖၚျပပါတယ္။
ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz က ဂ်ာမန္စစ္တပ္အတြက္ ရင္းႏွီးျမႈပ္ႏွံမႈအျဖစ္ ေဒၚလာ ၁၁၂ ဘီလီယံ သံုးစြဲမွာ ျဖစ္ေၾကာင္း ၿပီးခဲ့တဲ့ လထဲမွာပဲ ေျပာၾကားထားတာပါ။ ဒါဟာ ဒုတိယကမာၻစစ္ၿပီးဆံုးခဲ့တဲ့ ေနာက္ စစ္တပ္အေနထားကို သိပ္ေပၚလြင္ေအာင္ မလုပ္ခဲ့တဲ့ ဥေရာပရဲ႕စီးပြါးေရးထိပ္တန္းေရာက္ ဂ်ာမနီအတြက္ အႀကီးအက်ယ္ ေျပာင္းလဲမႈ တခုလည္း ျဖစ္ပါတယ္။
ဒါဟာ ေဖေဖၚဝါရီ ၂၄ ရက္မွာ ႐ုရွားက ယူကရိန္းကို ဝင္တိုက္ခဲ့တဲ့ေနာက္ ဥေရာပေဒသတြင္း စစ္မက္အလားအလား ရွိလာတာေၾကာင့္ ဂ်ာမနီက သူ႔လံုျခံဳေရးဆိုင္ရာ တိုးႁမွင့္ေဆာင္ရြက္ဖို႔ လုပ္လာတာ ျဖစ္ပါတယ္။
---------------------------
လုံခြုံရေး အတွက် ခေတ်အမီဆုံးဂျက်တိုက်လေယာဉ် ဂျာမနီ ဝယ်ယူမည်
ယူကရိန်းကို ရုရှားကျူးကျော်မှုအတွက် တုန့်ပြန်တဲ့အနေနဲ့ ဂျာမနီက သူ့စစ်တပ်ခေတ်မှီအောင်လုပ်ဖို့ အမေရိကန်လုပ် F 35 တိုက်ဂျက်လေယာဉ် ၃၅ စင်းနဲ့ Eurofighter ဂျက် ၁၅ စင်း ဝယ်ယူဖို့ စီစဉ်နေတယ်လို့ လွှတ်တော်သတင်းရပ်ကွက်က တနင်္လာနေ့မှာ ပြောပါတယ်။
အမေရိကန် Lockheed Martin ထုတ် F-35 ဂျက်လေယာဉ်တွေကို ဂျာမနီရဲ့ ဆယ်စုနှစ်အတော်ကြာပြီဖြစ်တဲ့ Tornado ဂျက်တိုက်လေယာဉ်တွေမှာ အစားထိုးမှာ ဖြစ်ပါတယ်။ ဂျာမနီမှာထားတဲ့ အမေရိကန် နျူကလီယားဗုံးတွေကို ဒီ Tonado ဂျက်လေယာဉ်တွေကပဲ သယ်ဆောင်နိုင်တာဖြစ်ပြီး ဒါဟာ NATO ရဲ့ ခုခံကာကွယ်မှုမှာ အရေးပါတဲ့အစိတ်ပိုင်း တခုဖြစ်ပါတယ်။
Lockheed Martin ထုတ် F-35 stealth ဂျက်တိုက်လေယာဉ်တွေဟာ ကမ္ဘာမှာ ခေတ်အမှီဆုံးအဖြစ် သတ်မှတ်ထားတာဖြစ်ပြီး သူတို့ရဲ့ထူးခြားတဲ့ပုံစံနဲ့ လေယာဉ်ကိုယ်ထည်ကို သုတ်ထားတဲ့ဆေးကြောင့် ဒီတိုက်လေယာဉ်တွေကို ရန်သူ့ရေဒါနဲ့ ဖမ်းဖို့ ခက်ခဲစေတာ ဖြစ်ပါတယ်။
Airbus အပါအဝင် နိုင်ငံတကာကုမ္ပဏီအစုအဖွဲ့ကထုတ်တဲ့ Eurofighter ဂျက်တွေကိုတော့ အီလက်ထရောနစ် စစ်ဆင်ရေးနဲ့ စောင့်ကြပ်ရေး အပါအဝင် တခြား တိုက်ပွဲဆိုင်ရာလှုပ်ရှားမှုတွေမှာ သုံးမှာ ဖြစ်ကြောင်း သတင်းတွေမှာဖေါ်ပြပါတယ်။
ဂျာမနီဝန်ကြီးချုပ် Olaf Scholz က ဂျာမန်စစ်တပ်အတွက် ရင်းနှီးမြှုပ်နှံမှုအဖြစ် ဒေါ်လာ ၁၁၂ ဘီလီယံ သုံးစွဲမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ လထဲမှာပဲ ပြောကြားထားတာပါ။ ဒါဟာ ဒုတိယကမ္ဘာစစ်ပြီးဆုံးခဲ့တဲ့ နောက် စစ်တပ်အနေထားကို သိပ်ပေါ်လွင်အောင် မလုပ်ခဲ့တဲ့ ဥရောပရဲ့စီးပွါးရေးထိပ်တန်းရောက် ဂျာမနီအတွက် အကြီးအကျယ် ပြောင်းလဲမှု တခုလည်း ဖြစ်ပါတယ်။
ဒါဟာ ဖေဖေါ်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို ဝင်တိုက်ခဲ့တဲ့နောက် ဥရောပဒေသတွင်း စစ်မက်အလားအလား ရှိလာတာကြောင့် ဂျာမနီက သူ့လုံခြုံရေးဆိုင်ရာ တိုးမြှင့်ဆောင်ရွက်ဖို့ လုပ်လာတာ ဖြစ်ပါတယ်။