တိုက္ခိုက္ေရး တင့္ကားေတြ ယူကရိန္းကို ေပးဖို႔ NATO တြန္႔ဆုတ္
{{Zawgyi/Unicode}}
ဂ်ာမနီ အေနနဲ႔ Leopard အမ်ဳိးအစား တိုက္ခိုက္ေရး တင့္ကားေတြကို ဒီအခ်ိန္မွာ ေပးမွာ မဟုတ္ေၾကာင္း အေမရိကန္ ကာကြယ္ေရးဝန္ႀကီး LIoyd Austin နဲ႔ ၾကည္းတပ္ ပူးတြဲစစ္ဦးစီးခ်ဳပ္မ်ား ဥကၠဌ ဗိုလ္ခ်ဳပ္ႀကီး Mark A Milley တို႔က ေသာၾကာေန႔က ေျပာပါတယ္။ ဂ်ာမနီႏိုင္ငံ မွာရွိတဲ့ အေမရိကန္ Ramstein ေလတပ္အေျခစိုက္စခန္း မွာ ျပဳလုပ္တဲ့ ယူကရိန္းအေပၚ ေထာက္ပန္႔ေပးေရး ႏိုင္ငံတကာ ညီလာခံ နဲ႔ပတ္သက္တဲ့ သတင္းစာရွင္းလင္းပြဲကေန အဲဒီလို ေျပာဆိုလိုက္တာပါ။
တင့္ကားေတြ အကူအညီေပးေရး နဲ႔ ပတ္သက္ၿပီး သေဘာထားကြဲလြဲေနတာနဲ႔ ပတ္သက္ၿပီး ယူကရိန္းအေနနဲ႔ ဘဝင္မက်မႈေတြျဖစ္ေနေပမဲ့ ႏိုင္ငံတကာ အကူအညီေပးေရး ညီလာခံကိုေတာ့ ျပဳလုပ္ခဲ့ၾကပါတယ္။ အဲဒီ ညီလာခံမွာ ယူကရိန္းသမၼတ Volodymyr Zelenskyy က တိုက္ခိုက္ေရး တင့္ကားေတြ အကူအညီေပးၾကဖို႔ တိုက္ရိုက္ ေမတၱာရပ္ခံခဲ့ပါတယ္။
အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Austin နဲ႔ ဗို္္လ္ခ်ဳပ္ႀကီး Milley တို႔ကေတာ့ Bradley ေျခလွ်င္တပ္သုံး တုိက္ခိုက္ေရးယာဥ္ ၅၉ စင္း အပါအဝင္ Stryker စစ္သည္တင္ သံခ်ပ္ကာကား အစီး ၉ ၀ အကူအညီေပးဖို႔ ေဆြးေႏြးခဲ့ၾကပါတယ္။
အခု အေမရိကန္ စစ္ေရး အကူအညီ ေဒၚလာ သန္းေပါင္း ၂ ေထာင္ ၅ ရာ နဲ႔ ဆိုရင္ ရုရွား က်ူးေက်ာ္ကတည္းက တႏွစ္နီးပါးအၾကာအတြင္း ယူကရိန္းကို အေမရိကန္က ေပးတဲ့ စစ္ေရး အကူအညီေတြ စုစုေပါင္း ဟာ ေဒၚလာသန္းေပါင္း ၂၇ ဘီလီယံ နီးပါး ရွိပါတယ္။
အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Austin က အေမရိကန္လုပ္ Abrams အမ်ဳိးအစား တုိက္ခိုက္ေရး တင့္ကားေတြ ယူကရိန္းကို မေပးတာနဲ႔ ဂ်ာမနီ အစိုးရက Leopard အမ်ဳိးစား တိုက္ခိုက္ေရး တင့္ကားေတြ ယူကရိန္းကို ပို႔မေပးတာဟာ ဆက္စပ္မႈေတြရွိတယ္ဆိုတာကို ျငင္းဆိုလုိက္ပါတယ္။
တိုက်ခိုက်ရေး တင့်ကားတွေ ယူကရိန်းကို ပေးဖို့ NATO တွန့်ဆုတ်
{{Zawgyi/Unicode}}
ဂျာမနီ အနေနဲ့ Leopard အမျိုးအစား တိုက်ခိုက်ရေး တင့်ကားတွေကို ဒီအချိန်မှာ ပေးမှာ မဟုတ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး LIoyd Austin နဲ့ ကြည်းတပ် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌ ဗိုလ်ချုပ်ကြီး Mark A Milley တို့က သောကြာနေ့က ပြောပါတယ်။ ဂျာမနီနိုင်ငံ မှာရှိတဲ့ အမေရိကန် Ramstein လေတပ်အခြေစိုက်စခန်း မှာ ပြုလုပ်တဲ့ ယူကရိန်းအပေါ် ထောက်ပန့်ပေးရေး နိုင်ငံတကာ ညီလာခံ နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကနေ အဲဒီလို ပြောဆိုလိုက်တာပါ။
တင့်ကားတွေ အကူအညီပေးရေး နဲ့ ပတ်သက်ပြီး သဘောထားကွဲလွဲနေတာနဲ့ ပတ်သက်ပြီး ယူကရိန်းအနေနဲ့ ဘဝင်မကျမှုတွေဖြစ်နေပေမဲ့ နိုင်ငံတကာ အကူအညီပေးရေး ညီလာခံကိုတော့ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီ ညီလာခံမှာ ယူကရိန်းသမ္မတ Volodymyr Zelenskyy က တိုက်ခိုက်ရေး တင့်ကားတွေ အကူအညီပေးကြဖို့ တိုက်ရိုက် မေတ္တာရပ်ခံခဲ့ပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး Austin နဲ့ ဗို်လ်ချုပ်ကြီး Milley တို့ကတော့ Bradley ခြေလျှင်တပ်သုံး တိုက်ခိုက်ရေးယာဉ် ၅၉ စင်း အပါအဝင် Stryker စစ်သည်တင် သံချပ်ကာကား အစီး ၉ ၀ အကူအညီပေးဖို့ ဆွေးနွေးခဲ့ကြပါတယ်။
အခု အမေရိကန် စစ်ရေး အကူအညီ ဒေါ်လာ သန်းပေါင်း ၂ ထောင် ၅ ရာ နဲ့ ဆိုရင် ရုရှား ကျူးကျော်ကတည်းက တနှစ်နီးပါးအကြာအတွင်း ယူကရိန်းကို အမေရိကန်က ပေးတဲ့ စစ်ရေး အကူအညီတွေ စုစုပေါင်း ဟာ ဒေါ်လာသန်းပေါင်း ၂၇ ဘီလီယံ နီးပါး ရှိပါတယ်။
အမေရိကန် ကာကွယ်ရေးဝန်ကြီး Austin က အမေရိကန်လုပ် Abrams အမျိုးအစား တိုက်ခိုက်ရေး တင့်ကားတွေ ယူကရိန်းကို မပေးတာနဲ့ ဂျာမနီ အစိုးရက Leopard အမျိုးစား တိုက်ခိုက်ရေး တင့်ကားတွေ ယူကရိန်းကို ပို့မပေးတာဟာ ဆက်စပ်မှုတွေရှိတယ်ဆိုတာကို ငြင်းဆိုလိုက်ပါတယ်။