သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းရဟတ်ယာဉ်ပျက်ကျမှု ပြည်ထဲရေးဝန်ကြီးအပါအဝင် ၁၈ ဦး သေဆုံး


ပျက်ကျခဲ့တဲ့ရဟတ်ယာဉ်အပိုင်းအစများအနီး ယူူကရိန်းရဲတပ်ဖွဲ့ဝင်များ မှတ်တမ်းယူနေစဉ် (ဇန်နဝါရီ ၁၈၊၂၀၂၃)
ပျက်ကျခဲ့တဲ့ရဟတ်ယာဉ်အပိုင်းအစများအနီး ယူူကရိန်းရဲတပ်ဖွဲ့ဝင်များ မှတ်တမ်းယူနေစဉ် (ဇန်နဝါရီ ၁၈၊၂၀၂၃)

ယူကရိန်းမြို့တော်ကိဗ် (Kyiv) အပြင်မှာ ဒီကနေ့ ရဟတ်ယာဉ်ပျက်ကျခဲ့တာကြောင့် လူ ၁၈ ဦး သေဆုံးသွားခဲ့တာမှာ ယူကရိန်းပြည်ထဲရေးဝန်ကြီး Denys Monastyrsky အပါအဝင် ဝန်ကြီးဌာနက အရာရှိတော်တော်များများလည်း သေဆုံးသူတွေထဲ ပါသွားတယ်လို့ ဆိုပါတယ်။

ရဟတ်ယာဉ်ဟာ ကိဗ်မြို့ရဲ့ ဆင်ခြေဖုံးအရပ်မှာရှိတဲ့ နေ့ကလေးထိန်းကျောင်းအနီးမှာ ပျက်ကျခဲ့တာကြောင့် ကလေးငယ် ၂ ဦးလည်း သေဆုံးသွားတယ်လို့ ယူကရိန်းရဲချုပ် Ihor Klymenko က ပြောပါတယ်။

ဝန်ကြီးကိုသယ်ဆောင်လာတဲ့ ရဟတ်ယာဉ် ဘာကြောင့် ပျက်ကျသွားတယ်ဆိုတဲ့ အကြောင်းရင်းကို မသိရသေးပါဘူး။

ဥရောပကောင်စီဥက္ကဋ္ဌ Charles Michel ကလည်း အခုလို ရဟတ်ယာဉ်ပျက်ပြီး လူတွေ သေကြေရတဲ့အတွက် ယူကရိန်းပြည်သူတွေထံ ဝမ်းနည်းစကား ပြောကြားခဲ့ပြီး ဝန်ကြီး Monastyrsky ဟာ အီးယူရဲ့ မိတ်ဆွေကောင်းတယောက်ဖြစ်တယ်လို့ ပြောပါတယ်။

ဒီအတောအတွင်း ယူကရိန်းကို ပိုပြီးခေတ်မီတဲ့လက်နက်တွေ ထောက်ပံ့ပေးနိုင်ရေးအတွက် အမေရိကန်နဲ့ မဟာမိတ်တွေက စီစဉ်နေကြတာမှာ ဂျာမနီနိုင်ငံ Ramstein လေတပ် အခြေစိုက်စခန်းမှာ စည်းဝေးပွဲကျင်းပပြီးရင် သောကြာနေ့လောက်မှာ ကူညီပေးမယ့် လက်နက်အသစ်တွေနဲ့ စစ်သင်တန်းကိစ္စကို ကြေညာနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် (Lloyd Austin) ဦးဆောင်ကျင်းပမယ့် ဒီစည်းဝေးပွဲကို နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg နဲ့ ယူကရိန်းကာကွယ်ရေးဝန်ကြီး Oleksii Reznikov တို့လည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ယူရိန်းရဟတ်ယာဉ်ပျက်ကျမှု ပြည်ထဲရေးဝန်ကြီးအပါအဝင် ၁၈ ဦး သေဆုံး
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

[Unicode]








XS
SM
MD
LG