သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားနဲ႔ ယူကရိန္း လူ႔အခြင့္အေရးေကာ္မရွင္ အႀကီးအကဲေတြ တူရကီမွာေတြ႕


႐ုရွားလူ႔အခြင့္အေရး ေကာ္မရွင္အႀကီးအကဲ တာယာနာေမာ္စကာကိုဗာ (Tatyana Moskalkova) (ယာ) နဲ႔ တူရကီႏိုင္ငံမွာ ေတြ႕ဆုံေဆြးေႏြးေနတဲ့ ယူကရိန္း လူ႔အခြင့္အေရးေကာ္မရွင္ အႀကီးအကဲ ဒီမီထ႐ိုလူဘီနက္စ္ (Dmytro Lubinets) (ဝဲ) (ဇန္နဝါရီ ၁၁၊ ၂၀၂၃)

႐ုရွား လူ႔အခြင့္အေရး ေကာ္မရွင္အႀကီးအကဲ တာယာနာ ေမာ္စကာကိုဗာ (Tatyana Moskalkova) နဲ႔ တူရကီႏိုင္ငံမွာ ဒီကေန႔ ဗုဒၶဟူးေန႔ ေတြ႕ဆုံေဆြးေႏြးခဲ့ၾကတယ္လို႔ ယူကရိန္း လူ႔အခြင့္အေရးေကာ္မရွင္ အႀကီးအကဲ ဒီမီထ႐ိုလူဘီနက္စ္ (Dmytro Lubinets) က ေျပာပါတယ္။ ႐ုရွားက ယူကရိန္းကို က်ဴးေက်ာ္စစ္ ဆင္ခဲ့ကတည္းကဆိုရင္ ဒါဟာ ႏွစ္ႏိုင္ငံၾကား တာဝန္ရွိသူေတြ ရွားရွားပါးပါး ေတြ႕ဆုံၾကတာပါ။ လူသားခ်င္းစာနာေထာက္ထားေရး ျပႆနာေတြ၊ ႏွစ္ႏိုင္ငံ ႏိုင္ငံသားေတြရဲ႕ လူ႔အခြင့္အေရးအေပၚ ေလးစားလာေအာင္ ေဆာင္႐ြက္ေရးကိစၥေတြကို ေဆြးေႏြးခဲ့ၾကတယ္လို႔ လူဘီနက္စ္က သူရဲ႕ ေဖ့ဘြတ္ခ္လူမႈကြန္ရက္စာမ်က္ႏွာမွာ ေျပာပါတယ္။ ႐ုရွားလူ႔အခြင့္အေရး ေကာ္မရွင္အႀကီးအကဲ ေမာ္စကာကိုဗာကေတာ့ လူသားခ်င္းစာနာေထာက္ထားေရး အကူအညီေပးဖို႔ ကိစၥေတြကို ေဆြးေႏြးခဲ့တယ္လို႔ သီးျခားေၾကညာခ်က္ထုတ္ျပန္ပါတယ္။
ယူကရိန္းအေရွ႕ပိုင္း ဆိုလီဒါ (Soledar) ၿမိဳ႕ အဝင္ဂိတ္ကို ႐ုရွားအတြက္တိုက္ေပးေနတဲ့ ေၾကးစားတပ္ ဝက္ဂ္နာ (Wagner) အုပ္စုက သိမ္းပိုက္ခဲ့တယ္ဆိုတာ ကို ယူကရိန္းက ဗုဒၶဟူးေန႔ မွာ ျငင္းဆိုလိုက္ပါတယ္။ ဆိုလီဒါၿမိဳ႕ ဟာ ယူကရိန္းရဲ႕ ၿမိဳ႕ ျဖစ္ခဲ့၊ ျဖစ္ေနသလို၊ ဆက္ျဖစ္ေနပါလိမ့္မယ္လို႔ ယူကရိန္းက ဆိုပါတယ္။ ႐ုရွား မီဒီယာေတြမွာ ေဖာ္ျပထားတဲ့ ဓာတ္ပုံက တျခားတစ္ေနရာမွာ ႐ိုက္ထားတာ ျဖစ္တယ္လို႔ ယူကရိန္း စစ္တပ္ရဲ႕ မဟာဗ်ဴဟာဆက္သြယ္ဆက္ဆံေရးဌာနက ေျပာပါတယ္။
တရားဝင္ေၾကညာခ်က္ကို ေစာင့္ၾကပါလို႔ ႐ုရွားအစိုးရ ေျပာေရးဆိုခြင့္ရွိသူ ဒီမစ္ထရီ ပက္စေကာ့္ဗ္ (Dmitry Peskov) က ဒီေန႔ ဗုဒၶဟူးေန႔ မွာပဲ ေျပာပါတယ္။ ဒီေန႔ ဗုဒၶဟူးေန႔ အေစာပိုင္းမွာ ေၾကးစားတပ္ ဝက္ဂ္နာတပ္ေခါင္းေဆာင္က ၿမိဳ႕လည္မွာ တိုက္ပြဲေတြရွိေသးေပမယ့္ ဆိုလီဒါၿမိဳ႕ကို သူ႔တပ္ေတြက ထိန္းခ်ဳပ္လိုက္ႏိုင္ၿပီလို႔ ေၾကညာခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

[Unicode]

ရုရှားနဲ့ ယူကရိန်း လူ့အခွင့်အရေးကော်မရှင် အကြီးအကဲတွေ တူရကီမှာတွေ့

ရုရှား လူ့အခွင့်အရေး ကော်မရှင်အကြီးအကဲ တာယာနာ မော်စကာကိုဗာ (Tatyana Moskalkova) နဲ့ တူရကီနိုင်ငံမှာ ဒီကနေ့ ဗုဒ္ဓဟူးနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ယူကရိန်း လူ့အခွင့်အရေးကော်မရှင် အကြီးအကဲ ဒီမီထရိုလူဘီနက်စ် (Dmytro Lubinets) က ပြောပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်ခဲ့ကတည်းကဆိုရင် ဒါဟာ နှစ်နိုင်ငံကြား တာဝန်ရှိသူတွေ ရှားရှားပါးပါး တွေ့ဆုံကြတာပါ။ လူသားချင်းစာနာထောက်ထားရေး ပြဿနာတွေ၊ နှစ်နိုင်ငံ နိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးအပေါ် လေးစားလာအောင် ဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ လူဘီနက်စ်က သူရဲ့ ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာ ပြောပါတယ်။ ရုရှားလူ့အခွင့်အရေး ကော်မရှင်အကြီးအကဲ မော်စကာကိုဗာကတော့ လူသားချင်းစာနာထောက်ထားရေး အကူအညီပေးဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သီးခြားကြေညာချက်ထုတ်ပြန်ပါတယ်။
ယူကရိန်းအရှေ့ပိုင်း ဆိုလီဒါ (Soledar) မြို့ အဝင်ဂိတ်ကို ရုရှားအတွက်တိုက်ပေးနေတဲ့ ကြေးစားတပ် ဝက်ဂ်နာ (Wagner) အုပ်စုက သိမ်းပိုက်ခဲ့တယ်ဆိုတာ ကို ယူကရိန်းက ဗုဒ္ဓဟူးနေ့ မှာ ငြင်းဆိုလိုက်ပါတယ်။ ဆိုလီဒါမြို့ ဟာ ယူကရိန်းရဲ့ မြို့ ဖြစ်ခဲ့၊ ဖြစ်နေသလို၊ ဆက်ဖြစ်နေပါလိမ့်မယ်လို့ ယူကရိန်းက ဆိုပါတယ်။ ရုရှား မီဒီယာတွေမှာ ဖော်ပြထားတဲ့ ဓာတ်ပုံက တခြားတစ်နေရာမှာ ရိုက်ထားတာ ဖြစ်တယ်လို့ ယူကရိန်း စစ်တပ်ရဲ့ မဟာဗျူဟာဆက်သွယ်ဆက်ဆံရေးဌာနက ပြောပါတယ်။
တရားဝင်ကြေညာချက်ကို စောင့်ကြပါလို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီ ပက်စကော့်ဗ် (Dmitry Peskov) က ဒီနေ့ ဗုဒ္ဓဟူးနေ့ မှာပဲ ပြောပါတယ်။ ဒီနေ့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ကြေးစားတပ် ဝက်ဂ်နာတပ်ခေါင်းဆောင်က မြို့လည်မှာ တိုက်ပွဲတွေရှိသေးပေမယ့် ဆိုလီဒါမြို့ကို သူ့တပ်တွေက ထိန်းချုပ်လိုက်နိုင်ပြီလို့ ကြေညာခဲ့တာပါ။

XS
SM
MD
LG