သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆိုလီဒါမြို့မှာ တိုက်ပွဲပြင်းထန်နေ 


ယူကရိန်းစစ်ပွဲအတွင်း တွေ့ရတဲ့ တိုက်ပွဲဝင်တင့်ကားတစ်စီး (ဇန်နဝါရီ ၁၁, ၂၀၂၃)
ယူကရိန်းစစ်ပွဲအတွင်း တွေ့ရတဲ့ တိုက်ပွဲဝင်တင့်ကားတစ်စီး (ဇန်နဝါရီ ၁၁, ၂၀၂၃)

ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ဆိုလီဒါ (Soledar) မြို့မှာ ယူကရိန်းနဲ့ ရုရှားတပ်ဖွဲ့တွေ တိုက်ပွဲတွေအပြင်းအထန် ဖြစ်ပွားနေပြီး မြို့ရဲ့ အခြေအနေက မရေမရာနဲ့ စိုးရိမ်ရတဲ့ အနေအထားမှာရှိနေပါတယ်။

ရုရှားဘက်က ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေကို ယူကရိန်းတပ်ဖွဲ့တွေ ကြံ့ကြံ့ခံ ရင်ဆိုင်နေတယ်လို့ ယူကရိန်းဘက်က ပြောလိုက်ပြီး၊ ဒီတိုက်ခိုက်မှုတွေဟာ လွန်ခဲ့တဲ့ ၁၁ လနီးပါအတွင်း အပြင်းထန်ဆုံးနဲ့ ထိခိုက်သေဆုံးမှု အများဆုံး တိုက်ပွဲတွေထဲက တစ်ခုဖြစ်တယ်လို့ ပြောပါတယ်။

ရုရှားတပ်တွေက ယူကရိန်းအရှေ့ခြမ်းက ဆားတွင်းတွေရှိတဲ့ ဆိုလီဒါမြို့ကို တိုက်လေယာဉ်တွေ၊ မော်တာအမြောက်ကျည်တွေ၊ ဒုံးကျည်တွေ သုံးပြီးတော့ တရစပ် တိုက်ခိုက်နေတာဖြစ်ပါတယ်။

ရုရှားတွေဘက်က ဆိုလီဒါမြို့ကို သိမ်းပိုက်နိုင်လိုက်ပြီလို့ ပြောပေမယ့်၊ ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီးကတော့ ဒီပြောကြားချက်ကို ဗုဒ္ဓဟူးနေ့က ငြင်းဆိုခဲ့ပါတယ်။ ဆိုလီဒါမြို့ကိုသာ တကယ်သိမ်းယူနိုင်လိုက်တယ်ဆိုရင်တော့ ဒါဟာ အခုလပိုင်းတွေအတွင်း အကျအရှုံးတွေများနေတဲ့ ရုရှားတွေအတွက်တော့ သတင်းကောင်း တခုဖြစ်ပါလိမ့်မယ်။

ယူကရိန်းနိုင်ငံက တိုက်ပွဲတွေအတွင်း ရုရှားတပ်ဖွဲ့တွေ အရေးနိမ့်လာတာတွေကြောင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းမှာရှိတဲ့ ရုရှားတပ်ဖွဲ့တွေရဲ့ အကြီးအကဲကို ၃ လ အကြာမှာ ရာထူးတဆင့်ချပြီးတော့ သူနေရာမှာ နောက်တစ်ယောက်နဲ့ အစားထိုးခန့်အပ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}







XS
SM
MD
LG