သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ယူကရိန္းစစ္ပြဲ အရွိန္ေကာင္းဆဲ 


FILE PHOTO: Russian strike during 36-hour Orthodox Christmas ceasefire, in Bakhmut

Orthodox ခရစ္ယန္ေတြရဲ႕  ခရစ္စမတ္ အခါသမယ မွာ တရက္ခြဲၾကာ တဖက္သတ္ အပစ္အခတ္ရပ္ထားမယ္လို႔ ရုရွား သမၼတ Vladimer Putin က ေၾကညာထားေပမယ့္ တကယ့္လက္ေတြမွာ ယူကရိန္းမွာ တိုက္ပြဲေတြက ဆက္လက္ျဖစ္ပြားေနတယ္လို႔ ယူကရိန္း သမၼတ Volodymyr Zelenskyy  က ေျပာပါတယ္။

ယူကရိန္းစစ္ပြဲ အရွိန္ေကာင္းဆဲ

{{Zawgyi/Unicode}}
Orthodox ခရစ္ယန္ေတြရဲ႕ ခရစ္စမတ္ အခါသမယ မွာ တရက္ခြဲၾကာ တဖက္သတ္ အပစ္အခတ္ရပ္ထားမယ္လို႔ ရုရွား သမၼတ Vladimer Putin က ေၾကညာထားေပမယ့္ တကယ့္လက္ေတြမွာ ယူကရိန္းမွာ တိုက္ပြဲေတြက ဆက္လက္ျဖစ္ပြားေနတယ္လို႔ ယူကရိန္း သမၼတ Volodymyr Zelenskyy က ေျပာပါတယ္။

"၂ဝ၂၃ ဒီႏွစ္အစ ပထမ သီတင္းပတ္မွာ ေရွ႕တန္းစစ္ေျမျပင္မွာ တိုက္ခိုက္မႈေတြကေတာ့ အေျပာင္းအလဲမရွိ ပုံမွန္အတိုင္းျဖစ္ေနပါတယ္။ Luhansk နဲ႔ Donetsk ေဒသေတြကေတာ့ အၿမဲတန္း တိုက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားေနပါတယ္လို႔ ယူကရိန္း သမၼတ က ေျပာဆိုသြားတာပါ"

ၿဗိတိန္ ကာကြယ္ေရးဝန္ႀကီးဌာန ကေတာ့ သူတို႔ရဲ့ ေထာက္လွမ္းေရး အစီရင္ခံစာေတြအရ ႐ုရွားတပ္ေတြဟာ ယူကရိန္းရဲ႕ ဘယ္ေနရာက ၿခိမ္းေျခာက္မႈအႀကီးမားဆံုးျဖစ္မယ္ ဆိုတာကို ဆံုးျဖတ္လို႔ မရပဲ ျဖစ္ေနတယ္လို႔ ေျပာပါတယ္။

ရုရွား ရဲ႕ တိုက္ခိုက္မႈေတြကိုၾကည့္ရင္ ယူကရိန္းတပ္ေတြ Luhansk Oblast ေျမာက္ပိုင္း ဒါမွမဟုတ္ Zaporizhzhia ကေန အဓိက ထုိးစစ္ဆင္လာႏိုင္တဲ့အတြက္ အဲဒီေနရာေတြကို ႀကိဳတင္သိမ္းပိုက္ဖို႔ ႐ုရွားတပ္မႈးေတြရဲ႕ အၾကံေပးခ်က္အတိုင္း လုပ္ေနပံုရတယ္လို႔လည္း ေျပာပါတယ္။

Zaporizhzhia ေဒသမွာ ယူကရိန္းတပ္ဖြဲ႔ေတြရဲ႕ တိုက္ခိုက္ ထိုးေဖာက္ႏိုင္မႈက ရုရွားႏိုင္ငံ Rostov ေဒသ နဲ႔ ႐ုရွားသိမ္းပိုက္ထားတဲ့ Crimea ကြ်န္းဆြယ္ကို ဆက္သြယ္ထားတဲ့ တံတားကေန ႐ုရွားရဲ႕ ကုန္းတြင္းလမ္းပန္းဆက္သြယ္မႈအေပၚမွာ အႀကီးအက်ယ္ ၿခိမ္းေျခာက္မႈျဖစ္ေနတာပါ။

ဒါအျပင္ ယူကရိန္းတပ္ဖြဲ႔ေတြရဲ႕ Luhansk ေဒသမွာ ေအာင္ျမင္မႈေတြကလည္း ရုရွားတပ္ေတြရဲ႕Donbas ေဒသ ထိန္းခ်ဳပ္ထားတဲ့အေပၚမွာ ပိုမို ထိခိုက္လာေစတာ ျဖစ္ၿပီး အဲဒီလို အေနအထားေတြေၾကာင့္ ဘယ္ေနရာကို ဦးစားေပး တိုက္ခိုက္ ရမယ္ဆိုတာကို မဆံုးျဖတ္ႏိုင္ပဲ ျဖစ္ေနတယ္ လို႔လည္း ၿဗိတိန္က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

ယူကရိန်းစစ်ပွဲ အရှိန်ကောင်းဆဲ

{{Zawgyi/Unicode}}
Orthodox ခရစ်ယန်တွေရဲ့ ခရစ်စမတ် အခါသမယ မှာ တရက်ခွဲကြာ တဖက်သတ် အပစ်အခတ်ရပ်ထားမယ်လို့ ရုရှား သမ္မတ Vladimer Putin က ကြေညာထားပေမယ့် တကယ့်လက်တွေမှာ ယူကရိန်းမှာ တိုက်ပွဲတွေက ဆက်လက်ဖြစ်ပွားနေတယ်လို့ ယူကရိန်း သမ္မတ Volodymyr Zelenskyy က ပြောပါတယ်။

"၂ဝ၂၃ ဒီနှစ်အစ ပထမ သီတင်းပတ်မှာ ရှေ့တန်းစစ်မြေပြင်မှာ တိုက်ခိုက်မှုတွေကတော့ အပြောင်းအလဲမရှိ ပုံမှန်အတိုင်းဖြစ်နေပါတယ်။ Luhansk နဲ့ Donetsk ဒေသတွေကတော့ အမြဲတန်း တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေပါတယ်လို့ ယူကရိန်း သမ္မတ က ပြောဆိုသွားတာပါ"

ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာန ကတော့ သူတို့ရဲ့ ထောက်လှမ်းရေး အစီရင်ခံစာတွေအရ ရုရှားတပ်တွေဟာ ယူကရိန်းရဲ့ ဘယ်နေရာက ခြိမ်းခြောက်မှုအကြီးမားဆုံးဖြစ်မယ် ဆိုတာကို ဆုံးဖြတ်လို့ မရပဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

ရုရှား ရဲ့ တိုက်ခိုက်မှုတွေကိုကြည့်ရင် ယူကရိန်းတပ်တွေ Luhansk Oblast မြောက်ပိုင်း ဒါမှမဟုတ် Zaporizhzhia ကနေ အဓိက ထိုးစစ်ဆင်လာနိုင်တဲ့အတွက် အဲဒီနေရာတွေကို ကြိုတင်သိမ်းပိုက်ဖို့ ရုရှားတပ်မှုးတွေရဲ့ အကြံပေးချက်အတိုင်း လုပ်နေပုံရတယ်လို့လည်း ပြောပါတယ်။

Zaporizhzhia ဒေသမှာ ယူကရိန်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက် ထိုးဖောက်နိုင်မှုက ရုရှားနိုင်ငံ Rostov ဒေသ နဲ့ ရုရှားသိမ်းပိုက်ထားတဲ့ Crimea ကျွန်းဆွယ်ကို ဆက်သွယ်ထားတဲ့ တံတားကနေ ရုရှားရဲ့ ကုန်းတွင်းလမ်းပန်းဆက်သွယ်မှုအပေါ်မှာ အကြီးအကျယ် ခြိမ်းခြောက်မှုဖြစ်နေတာပါ။

ဒါအပြင် ယူကရိန်းတပ်ဖွဲ့တွေရဲ့ Luhansk ဒေသမှာ အောင်မြင်မှုတွေကလည်း ရုရှားတပ်တွေရဲ့Donbas ဒေသ ထိန်းချုပ်ထားတဲ့အပေါ်မှာ ပိုမို ထိခိုက်လာစေတာ ဖြစ်ပြီး အဲဒီလို အနေအထားတွေကြောင့် ဘယ်နေရာကို ဦးစားပေး တိုက်ခိုက် ရမယ်ဆိုတာကို မဆုံးဖြတ်နိုင်ပဲ ဖြစ်နေတယ် လို့လည်း ဗြိတိန်က ပြောပါတယ်။

XS
SM
MD
LG