သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းမစ္ဇိုင္းဒုံးေၾကာင့္ ႐ုရွားတပ္ဖဲြ႕၀င္ ၆၀ ေက်ာ္ေသ 


HIMARS

ယူကရိန္းႏိုင္ငံ Donetsk ေဒသတြင္းက ႐ုရွား ထိန္းခ်ဳပ္ရာ ေဒသ Makiivka ၿမိဳ႕က ႐ုရွား စစ္တန္းလ်ားေတြကို ႏွစ္သစ္ကူးညမွာ  ယူကရိန္းဘက္က ဒံုးက်ည္ေတြနဲ႔ တိုက္ခိုက္တာေၾကာင့္ တပ္ဖြဲ႔၀င္ ၆၃ ဦး ေသဆံုးခဲ႔ေၾကာင္း ႐ုရွားက တနလာၤေန႔မွာ ေျပာပါတယ္။

ယူကရိန္းမစ္ဇိုင္းဒုံးေၾကာင့္ ႐ုရွားတပ္ဖဲြ႕၀င္ ၆၀ ေက်ာ္ေသ

{{Zawgyi/Unicode}}
ယူကရိန္းႏိုင္ငံ Donetsk ေဒသတြင္းက ႐ုရွား ထိန္းခ်ဳပ္ရာ ေဒသ Makiivka ၿမိဳ႕က ႐ုရွား စစ္တန္းလ်ားေတြကို ႏွစ္သစ္ကူးညမွာ ယူကရိန္းဘက္က ဒံုးက်ည္ေတြနဲ႔ တိုက္ခိုက္တာေၾကာင့္ တပ္ဖြဲ႔၀င္ ၆၃ ဦး ေသဆံုးခဲ႔ေၾကာင္း ႐ုရွားက တနလာၤေန႔မွာ ေျပာပါတယ္။ ယူကရိန္းရဲ႕ ၿမိဳ႕ေတာ္ Kyiv ကို ႐ုရွားတို႔က ေလေၾကာင္းကေန ဆက္တိုက္ တိုက္ခိုက္ေနခ်ိန္မွာဘဲ ႐ုရွား ကာကြယ္ေရး ၀န္ႀကီးဌာနရဲ႕ လုပ္႐ိုး လုပ္စဥ္ မဟုတ္တဲ႔ ေၾကညာခ်က္ ထြက္ေပၚလာတာပါ။

Kyiv ၿမိဳ႕ေတာ္နဲ႔ အနီး၀န္းက်င္ ေဒသေတြကို ပစ္မွတ္ထားတိုက္ခိုက္ခဲ႔ အေ၀းထိန္း ဒ႐ုန္းယာဥ္ အစင္း ၄၀ လံုးကိုေတာ့ ပစ္ခ် ႏိုင္ခဲ႔ေၾကာင္း ၿမိဳ႕ေတာ္၀န္ Vitali Klitschko က ေျပာပါတယ္။

" အေမရိကန္တို႔ ယူကရိန္းကို ေပးထားတဲ႔ ပစ္မွတ္ေသခ်ာတဲ႔ HIMARS ဒံုးက်ည္ စနစ္နဲ႔ ပစ္ခတ္တဲ႔ ဒံုးက်ည္ ၆ လံုးထဲက Makiivka ေဒသကို ၄ လံုး ထိမွန္ခဲ႔တာ ျဖစ္ေၾကာင္း ၊ ၂ လံုးကိုေတာ့ ႐ုရွားတို႔က ပစ္ခ်ႏိုင္ခဲ႔ေၾကာင္း ႐ုရွား ကာကြယ္ေရး ၀န္ႀကီးဌာန ေျပာခြင့္ရ Igor Konashenkov က ေျပာဆိုခဲ႔တာ ျဖစ္ပါတယ္ "

ဒီတိုက္ခိုက္မႈကို ယူကရိန္း စစ္တပ္ ဘက္ကေတာ့ တိုက္႐ိုက္ အတည္မျပဳပါဘူး။ ဒါေပမယ့္လည္း ႐ုရွားတို႔ ေျပာတာထက္ ပိုၿပီး အေသအေပ်ာက္မ်ားတယ္လို႔ ေျပာဆိုၿပီး တဖက္လွည့္နဲ႔ ၀န္ခံထားပါတယ္။

Makiivka က သက္ေမြးသင္တန္းေက်ာင္း အေဆာက္အအံုတြင္းမွာ ႐ုရွား စစ္သား ၄၀၀ ေလာက္ ေသဆံုးၿပီး ၃၀၀ ေက်ာ္ ဒဏ္ရာရေၾကာင္း ယူကရိန္း တပ္ဖြဲ႔မ်ားရဲ႕ ျပန္ၾကားေရးဌာနက ေျပာဆိုထားပါတယ္။ ႐ုရွားရဲ႕ ေၾကညာခ်က္မွာေတာ့ Makiivka ေဒသတြင္းမွာ တိုက္ခိုက္မႈ ျဖစ္ခဲ႔ေၾကာင္း ေျပာဆိုထားေပမဲ႔ သက္ေမြးသင္တန္းေက်ာင္းလို႔ေတာ့ ရည္ၫႊန္း ေျပာဆိုမထားပါဘူး။

တိုက္႐ိုက္ လင့္ခ္

ယူကရိန်းမစ်ဇိုင်းဒုံးကြောင့် ရုရှားတပ်ဖွဲ့ဝင် ၆၀ ကျော်သေ

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံ Donetsk ဒေသတွင်းက ရုရှား ထိန်းချုပ်ရာ ဒေသ Makiivka မြို့က ရုရှား စစ်တန်းလျားတွေကို နှစ်သစ်ကူးညမှာ ယူကရိန်းဘက်က ဒုံးကျည်တွေနဲ့ တိုက်ခိုက်တာကြောင့် တပ်ဖွဲ့ဝင် ၆၃ ဦး သေဆုံးခဲ့ကြောင်း ရုရှားက တနလာၤနေ့မှာ ပြောပါတယ်။ ယူကရိန်းရဲ့ မြို့တော် Kyiv ကို ရုရှားတို့က လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေချိန်မှာဘဲ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ လုပ်ရိုး လုပ်စဉ် မဟုတ်တဲ့ ကြေညာချက် ထွက်ပေါ်လာတာပါ။

Kyiv မြို့တော်နဲ့ အနီးဝန်းကျင် ဒေသတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ အဝေးထိန်း ဒရုန်းယာဉ် အစင်း ၄၀ လုံးကိုတော့ ပစ်ချ နိုင်ခဲ့ကြောင်း မြို့တော်ဝန် Vitali Klitschko က ပြောပါတယ်။

" အမေရိကန်တို့ ယူကရိန်းကို ပေးထားတဲ့ ပစ်မှတ်သေချာတဲ့ HIMARS ဒုံးကျည် စနစ်နဲ့ ပစ်ခတ်တဲ့ ဒုံးကျည် ၆ လုံးထဲက Makiivka ဒေသကို ၄ လုံး ထိမှန်ခဲ့တာ ဖြစ်ကြောင်း ၊ ၂ လုံးကိုတော့ ရုရှားတို့က ပစ်ချနိုင်ခဲ့ကြောင်း ရုရှား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရ Igor Konashenkov က ပြောဆိုခဲ့တာ ဖြစ်ပါတယ် "

ဒီတိုက်ခိုက်မှုကို ယူကရိန်း စစ်တပ် ဘက်ကတော့ တိုက်ရိုက် အတည်မပြုပါဘူး။ ဒါပေမယ့်လည်း ရုရှားတို့ ပြောတာထက် ပိုပြီး အသေအပျောက်များတယ်လို့ ပြောဆိုပြီး တဖက်လှည့်နဲ့ ဝန်ခံထားပါတယ်။

Makiivka က သက်မွေးသင်တန်းကျောင်း အဆောက်အအုံတွင်းမှာ ရုရှား စစ်သား ၄၀၀ လောက် သေဆုံးပြီး ၃၀၀ ကျော် ဒဏ်ရာရကြောင်း ယူကရိန်း တပ်ဖွဲ့များရဲ့ ပြန်ကြားရေးဌာနက ပြောဆိုထားပါတယ်။ ရုရှားရဲ့ ကြေညာချက်မှာတော့ Makiivka ဒေသတွင်းမှာ တိုက်ခိုက်မှု ဖြစ်ခဲ့ကြောင်း ပြောဆိုထားပေမဲ့ သက်မွေးသင်တန်းကျောင်းလို့တော့ ရည်ညွှန်း ပြောဆိုမထားပါဘူး။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG