သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း လကြောင်းရန်ကာကွယ်ရေးစံနစ် ပိုမိုအားကောင်းလာ


Patriot Missile System Explainer
Patriot Missile System Explainer

ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးကို အရင်ကထက် ပိုမို အားကောင်းအောင် လုပ်ဆောင်ထားကြောင်း နဲ့ ရုရှားလေကြောင်း တိုက်ခိုက်မှုဒဏ်ကို ဆက်လက် ကြံကြံခံနိုင်ကြောင်း ယူကရိန်း သမ္မတ Volodymyr Zelenskyy က သောကြာနေ့က ပြောပါတယ်။

ယူကရိန်း လကြောင်းရန်ကာကွယ်ရေးစံနစ် ပိုမိုအားကောင်းလာ

{{Zawgyi/Unicode}}

ယူကရိန်း လေကြောင်းရန် ကာကွယ်ရေးကို အရင်ကထက် ပိုမို အားကောင်းအောင် လုပ်ဆောင်ထားကြောင်း နဲ့ ရုရှားလေကြောင်း တိုက်ခိုက်မှုဒဏ်ကို ဆက်လက် ကြံကြံခံနိုင်ကြောင်း ယူကရိန်း သမ္မတ Volodymyr Zelenskyy က သောကြာနေ့က ပြောပါတယ်။

လာမယ့်နှစ်မှာဆို ယူကရိန်း လေကြောင်း ကာကွယ်ရေးစံနစ်ဟာ ပိုပြီးတောင်မှ အားကောင်း ထိရောက်လာလိမ့်မယ်လို့လည်း ယူကရိန်းသမ္မတက ထပ်လောင်းပြောပါတယ်။ ဒါ့အပြင် ယူကရိန်း လေကြောင်း ကာကွယ်ရေးဟာ ဥရောပမှာ အင်အား အကြီးဆုံး ဖြစ်လာနိုင်ပြီး မိမိတို့နိုင်ငံ အတွက် တင်သာမက ဥရောပတိုက်ကြီး တခုလုံးအတွက်ပါ လုံခြုံအောင် အကာကွယ်ပေးလာနိုင်မှာ ဖြစ်ကြောင်းလည်း သူကပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ ဒေါ်လာသန်းပေါင်း ၂ ထောင်နီးပါးရှိတဲ့ စစ်ဖက်ဆိုင်ရာ အကူအညီတွေ ယူကရိန်းကို ပေးအပ်ဖို့ ကြေညာခဲ့ပါတယ်။ အဲဒီအထဲမှာ ရုရှား ပဲထိန်းဒုံးကျည်တွေ နဲ့ Cruise မစ်ဇိုင်း ဒုံးတွေ ကို ပစ်ချနိုင်တဲ့ Patriot လေကြောင်းရန်ကာကွယ်ရေး ဒုံးခွင်းဒုံးတွေ ပါဝင်ပါတယ်။

ဒါအပြင် NATO မဟာမိတ်အဖွဲ့ရဲ့ အထွထွေ အတွင်းရေးမှူး Jens Stoltenberg ကလည်း အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ယူကရိန်နိုင်ငံကို လက်နက်အကူညီတွေ ပိုမိုပေးဆောင်ကြဖို့ သောကြာနေ့မှာပဲ တိုက်တွန်းလိုက်ပါတယ်။

ယူကရိန်း လကြောင်းရန်ကာကွယ်ရေးစံနစ် ပိုမိုအားကောင်းလာ
please wait

No media source currently available

0:00 0:00:48 0:00
တိုက်ရိုက် လင့်ခ်


{{Zawgyi/Unicode}}





XS
SM
MD
LG