သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၂ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေ ပူတင်ရဲ့ယူကရိန်းကျူးကျော်မှုကို ရှုတ်ချ


Nobel Peace Prize award for 2022 in Oslo
Nobel Peace Prize award for 2022 in Oslo

၂၀၂၂ ခုနှစ်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုပေးပွဲကို စနေနေ့က နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာကျင်းခဲ့ပြီး ဒီနှစ်ဆုရတဲ့နိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေက တရားမျှတတဲ့ကမ္ဘာကြီးဖြစ်ရေးဆိုတဲ့ တူညီတဲ့ အမြင်တွေကိုဖေါ်ပြခဲ့ကြသလို၊ ရုရှား သမတ ဗာလဒီမာပူတင်ရဲ့ ယူကရိန်းကိုကျူးကျော်တဲ့ စစ်ပွဲကိုလည်း ရှုတ်ခဲ့ကြပါတယ်။

Zawgyi/ Unicode

၂၀၂၂ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေ ပူတင်ရဲ့ယူကရိန်းကျူးကျော်မှုကို ရှုတ်ချ

၂၀၂၂ ခုနှစ်အတွက်နိုဘယ်ငြိမ်းချမ်းရေးဆုပေးပွဲကို စနေနေ့က နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာကျင်းခဲ့ပြီး ဒီနှစ်ဆုရတဲ့ ယူကရိန်း၊ ရုရှားနဲ့ ဘဲလာရုစ် နိုင်ငံတို့က ပူးတွဲနိုဘယ်ငြိမ်းချမ်းရေးဆုရှင်တွေက တရားမျှတတဲ့ကမ္ဘာကြီးဖြစ်ရေးဆိုတဲ့ သူတို့ရဲ့တူညီတဲ့ အမြင်တွေကိုဖေါ်ပြခဲ့ကြသလို၊ ရုရှား သမတ ဗာလဒီမာပူတင်ရဲ့ ယူကရိန်းကိုကျူးကျော်တဲ့ စစ်ပွဲကိုလည်း ရှုတ်ခဲ့ကြပါတယ်။

Act: Oleksandra Mativichuk

“ဒီကနေ့ယူရိန်းစစ်ပွဲဟာ နိုင်ငံနှစ်ခုအကြားဖြစ်နေတဲ့စစ်ပွဲမဟုတ်ပါဘူး၊ စနစ်နှစ်ခုအကြားဖြစ်နေတဲ့စစ်ပွဲပါ။ အာဏာရှင်စ နစ်နဲ့ ဒီမိုကရေစီစနစ်အကြားဖြစ်နေတဲ့စစ်ပွဲပါ။” လို့ ယူကရိန်းက နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Oleksandra Mativichuk က ဆုပေးပွဲအခမ်းအနားမှာပြောဆိုခဲ့တာပါ။

ဒါ့အပြင် ရုရှားက ယူကရိန်းမှာသိမ်းပိုက်ထားတဲ့ နယ်မြေတွေကိုအသိအမှတ်ပြုမယ်ဆိုရင် ငြိမ်းချမ်းရေးအတွက်ဆွေးနွေး မယ်ဆိုတာကိုလည်း သူကပယ်ချခဲ့ပါတယ်။ “ ငြိမ်းချမ်းရေးအတွက်တိုက်ပွဲဝင်တယ်ဆိုတာ၊ ရန်လိုတဲ့သူတွေရဲ့ ဖိအားပေး တာကို အလျော့ပေးတာမဟုတ်ဘူးလို့” သူကပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် ကျူးကျော်တိုက်ခိုက်ခံနေရတဲ့ နိုင်ငံတနိုင်ငံဟာ လက်နှက်ချယုံနဲ့ ငြိမ်းချမ်းရေးမရနိုင်ပါဘူးလို့ လည်းပြောဆိုပါတယ်။

ယူကရိန်းက လူ့အခွင်အရေးအဖွဲ့ဖြစ်တဲ့ Ukraine Center for Civil Liberties ကခေါင်းဆောင်တဦးဖြစ်တဲ့ Oleksandra Mativichuk ဟာ ၂၀၂၂ ခုနှစ်နိုင်ဘယ်ငြိမ်းချမ်းရေးဆုအတွက် ရုရှားလူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Memorial နဲ့ ဘဲလရုစ် နိုင်ငံက Viasna လူ့အခွင့်အရေးအဖွဲ့ကခေါင်းဆောင်ဖြစ်သူ Ales Bialiatski တို့နဲ့အတူ နိုဘယ်ငြိမ်းချမ်းရေးဆုကို ပူးတွဲရရှိခဲ့တာ ပါ။

###

တိုက်ရိုက် လင့်ခ်



Act: Oleksandra Mativichuk




XS
SM
MD
LG