သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ေ႐ွ႕တန္းမွာစိတ္ဓါတ္က်ေနတဲ့ စစ္သားေတြအတြက္ ႐ု႐ွားက ေဖ်ာ္ေျဖေရးအဖြဲ႔ေစလြတ္


Russia Ukraine

စစ္သားေတြ စိတ္ဓာတ္ျမင့္တက္ေအာင္လို႔ ႐ု႐ွားစစ္တပ္က ေ႐ွ႕တန္းစစ္မ်က္ႏွာကို ေအာ္ပရာ အဆိုေတာ္ေတြနဲ႔ ေဖ်ာ္ေျဖေရးအဖြဲ႔ေတြကို ၿပီးခဲ့တဲ့ အပတ္ကစၿပီး ပို႔ေနေပမဲ့ စိတ္ဓာတ္ ျပန္တက္လာစရာမ႐ွိဘူးလို႔ ၿဗိတိန္စစ္ေထာက္လွမ္းေရးက သုံးသပ္လိုက္ပါတယ္။

ေ႐ွ႕တန္းစစ္မ်က္ႏွာမွာ ႐ု႐ွားစစ္သားေတြရဲ႕ စိတ္ဓာတ္က ပ်က္ျပားေနၿပီး၊ အေသအေပ်ာက္မ်ားေနတာ၊ ေခါင္းေဆာင္မႈ ညံ့ဖ်င္းတာ၊ လက္နက္ပစၥည္းနဲ႔ ခဲယမ္းမီးေက်ာက္ ခ်ိဳ႕ငဲ့ေနတာ၊ လခထုတ္ေပးတဲ့ ျပႆနာေတြနဲ႔ စစ္ေရးရည္မွန္းခ်က္ မ႐ွင္းလင္းတာေတြဟာ သူတို႔စိတ္ဓာတ္ကို ထိခိုက္ေစတဲ့ အေၾကာင္းေတြ ျဖစ္တယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာန ေထာက္လွမ္းေရးရဲ႕ တနဂၤေႏြေန႔ထုတ္ အစီရင္ခံစာက ဆိုပါတယ္။ ေဖ်ာ္ေျဖေရးအဖြဲ႔ေတြထဲမွာ အဆိုေတာ္ေတြအျပင္ သ႐ုပ္ေဆာင္ေတြနဲ႔ ဆပ္ကပ္အဖြဲ႕ဝင္ေတြလည္း ပါဝင္ၾကပါတယ္။

ယူကရိန္းမွာေတာ့ ျပည္သူ ၆ သန္းေက်ာ္ကို မီးျပန္ေပးႏိုင္ၿပီလို႔ သမၼတ Volodymyr Zelenskyy က သူ႔ရဲ႕ မေန႔ည ဗြီဒီယိုမိန္႔ခြန္းမွာ ေျပာၾကားလိုက္ပါတယ္။ ဒါေပမဲ့ တခ်ိဳ႕ေနရာေတြ မွာ အခက္အခဲေတြ႐ွိေနဆဲ ျဖစ္တယ္လို႔ သူက ဆိုပါတယ္။ အခုအခ်ိန္ထိ ႐ု႐ွားက ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ တိုက္ခိုက္ခဲ့တာဟာ အေရအတြက္အားျဖင့္ ၄၀၀၀ ေက်ာ္သြားၿပီလို႔လည္း သမၼတ Zelenskyy က ေျပာပါတယ္။

ယူကရိန္းရဲ႕ ေလေၾကာင္းရန္ ကာကြယ္ေရးအျပင္ စြမ္းအင္နဲ႔ ဘ႑ာေရးဆိုင္ရာ အကူအညီေတြ ေပးမယ္ဆိုတဲ့အတြက္ေၾကာင့္ အေမရိကန္နဲ႔ ဥေရာပသမဂၢကို ေက်းဇူးတင္႐ွိေၾကာင္းလည္း ယူကရိန္းသမၼတက ေျပာၾကားသြားပါတယ္။ ဒါေပမဲ့ ယူကရိန္းကို ကာကြယ္ဖို႔ ဒါ့ထပ္မက လိုေနေသးၿပီး ဒုံးက်ည္ေတြရဲ႕ ရန္ကကာကြယ္ေပးႏိုင္မယ့္ အားထားရတဲ့ ေလေၾကာင္းရန္ အကာအကြယ္စနစ္ အကူအညီေပးဖို႔ သူက တိုက္တြန္းသြားပါတယ္။

==== Unicode ===

စစ်သားတွေ စိတ်ဓာတ်မြင့်တက်အောင်လို့ ရုရှားစစ်တပ်က ရှေ့တန်းစစ်မျက်နှာကို အော်ပရာ အဆိုတော်တွေနဲ့ ဖျော်ဖြေရေးအဖွဲ့တွေကို ပြီးခဲ့တဲ့ အပတ်ကစပြီး ပို့နေပေမဲ့ စိတ်ဓာတ် ပြန်တက်လာစရာမရှိဘူးလို့ ဗြိတိန်စစ်ထောက်လှမ်းရေးက သုံးသပ်လိုက်ပါတယ်။

ရှေ့တန်းစစ်မျက်နှာမှာ ရုရှားစစ်သားတွေရဲ့ စိတ်ဓာတ်က ပျက်ပြားနေပြီး၊ အသေအပျောက်များနေတာ၊ ခေါင်းဆောင်မှု ညံ့ဖျင်းတာ၊ လက်နက်ပစ္စည်းနဲ့ ခဲယမ်းမီးကျောက် ချို့ငဲ့နေတာ၊ လခထုတ်ပေးတဲ့ ပြဿနာတွေနဲ့ စစ်ရေးရည်မှန်းချက် မရှင်းလင်းတာတွေဟာ သူတို့စိတ်ဓာတ်ကို ထိခိုက်စေတဲ့ အကြောင်းတွေ ဖြစ်တယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန ထောက်လှမ်းရေးရဲ့ တနင်္ဂနွေနေ့ထုတ် အစီရင်ခံစာက ဆိုပါတယ်။ ဖျော်ဖြေရေးအဖွဲ့တွေထဲမှာ အဆိုတော်တွေအပြင် သရုပ်ဆောင်တွေနဲ့ ဆပ်ကပ်အဖွဲ့ဝင်တွေလည်း ပါဝင်ကြပါတယ်။

ယူကရိန်းမှာတော့ ပြည်သူ ၆ သန်းကျော်ကို မီးပြန်ပေးနိုင်ပြီလို့ သမ္မတ Volodymyr Zelenskyy က သူ့ရဲ့ မနေ့ည ဗွီဒီယိုမိန့်ခွန်းမှာ ပြောကြားလိုက်ပါတယ်။ ဒါပေမဲ့ တချို့နေရာတွေ မှာ အခက်အခဲတွေရှိနေဆဲ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ အခုအချိန်ထိ ရုရှားက ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာဟာ အရေအတွက်အားဖြင့် ၄၀၀၀ ကျော်သွားပြီလို့လည်း သမ္မတ Zelenskyy က ပြောပါတယ်။

ယူကရိန်းရဲ့ လေကြောင်းရန် ကာကွယ်ရေးအပြင် စွမ်းအင်နဲ့ ဘဏ္ဍာရေးဆိုင်ရာ အကူအညီတွေ ပေးမယ်ဆိုတဲ့အတွက်ကြောင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂကို ကျေးဇူးတင်ရှိကြောင်းလည်း ယူကရိန်းသမ္မတက ပြောကြားသွားပါတယ်။ ဒါပေမဲ့ ယူကရိန်းကို ကာကွယ်ဖို့ ဒါ့ထပ်မက လိုနေသေးပြီး ဒုံးကျည်တွေရဲ့ ရန်ကကာကွယ်ပေးနိုင်မယ့် အားထားရတဲ့ လေကြောင်းရန် အကာအကွယ်စနစ် အကူအညီပေးဖို့ သူက တိုက်တွန်းသွားပါတယ်။

XS
SM
MD
LG