ေရွ႕ႏွစ္ထဲ ၿငိမ္းခ်မ္းေရး ေဆြးေႏြးႏိုင္ဖို႔ ယူကရိန္းေမွ်ာ္လင့္
{{Zawgyi/Unicode}}
႐ုရွား က်ဴးေက်ာ္စစ္ ႏွစ္ပတ္လည္အျဖစ္ ေရွ႕ႏွစ္ ေဖေဖာ္ဝါရီလကုန္ပိုင္းေလာက္မွာ ၿငိမ္းခ်မ္းေရးဆိုင္ရာ ထိပ္သီးေဆြးေႏြးပြဲ တခု ျပဳလုပ္ဖို႔ မိမိတို႔ အစိုးရအေနနဲ႔ ရည္႐ြယ္ထားေၾကာင္း ယူကရိန္း ႏိုင္ငံျခားေရးဝန္ႀကီး က တနလၤာေန႔က ေျပာပါတယ္။ အဲဒီေဆြးေႏြးပြဲမွာ ျဖစ္ႏိုင္ရင္ေတာ့ ကုလသမဂၢ အေထြေထြအတြင္းေရးမႉးခ်ဳပ္ Antonio Guterres ကို ညႇိႏႈိင္းေပးသူ တာ၀န္ယူဖို႔ လိုလားေၾကာင္းလည္း ေျပာပါတယ္။
႐ုရွားအေနနဲ႔ကေတာ့ ႏိုင္ငံတကာ စစ္ရာဇ၀တ္တရား႐ုံးမွာ အရင္ဆုံး ရင္ဆိုင္ၿပီးမွသာ ၿငိမ္းခ်မ္းေရး ထိပ္သီး ေဆြးေႏြးပြဲကို ဖိတ္ၾကားခံရႏိုင္ပါတယ္လို႔ ယူကရိန္း ႏိုင္ငံျခားေရးဝန္ႀကီး Dmytro Kuleba က AP သတင္းဌာနနဲ႔ သီးသန္႔ေမးျမန္းရာမွာ ေျပာဆိုခဲ့တာပါ။
ယူကရိန္း သမၼတ Volodymyr Zelenskyy ရဲ႕ ၿပီးခဲ့တဲ့ သီတင္းပတ္ က အေမရိကန္ ခရီးစဥ္ရဲ႕အက်ိဳးရလဒ္ကိုလည္း အျပည့္အဝ ေက်နပ္မႈရွိေၾကာင္း ေျပာပါတယ္။ အေမရိကန္ရဲ႕ Patriot ဒုံးခြင္းဒုံး အသုံးျပဳဖို႔အတြက္ ပုံမွန္အားျဖင့္ တႏွစ္သင္တန္းေပးရတာကို အေမရိကန္ အစိုးရက အထူးအစီအစဥ္အေနနဲ႔ ယူကရိန္းမွာ အျမန္အသုံးျပဳႏိုင္ေအာင္ ၆ လေအာက္ ေလွ်ာ့တဲ့ သင္တန္းပဲေပးမွာျဖစ္ပါတယ္။
ယူကရိန္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနမွာ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ Kuleba က ဘာပဲျဖစ္ျဖစ္ ေရွ႕ႏွစ္ ၂ဝ၂၃ မွာ မိမိတို႔ ယူကရိန္းဟာ စစ္ပြဲကို ေအာင္ျမင္ေအာင္ တိုက္မွာျဖစ္ၿပီး သံတမန္ေရး အခန္းက႑ကလည္း အေရးႀကီးတဲ့ ေနရာက ပါဝင္မွာ ျဖစ္ေၾကာင္း ေျပာပါတယ္။
ရှေ့နှစ်ထဲ ငြိမ်းချမ်းရေး ဆွေးနွေးနိုင်ဖို့ ယူကရိန်းမျှော်လင့်
{{Zawgyi/Unicode}}
ရုရှား ကျူးကျော်စစ် နှစ်ပတ်လည်အဖြစ် ရှေ့နှစ် ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ ငြိမ်းချမ်းရေးဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ တခု ပြုလုပ်ဖို့ မိမိတို့ အစိုးရအနေနဲ့ ရည်ရွယ်ထားကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး က တနင်္လာနေ့က ပြောပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ဖြစ်နိုင်ရင်တော့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ကို ညှိနှိုင်းပေးသူ တာဝန်ယူဖို့ လိုလားကြောင်းလည်း ပြောပါတယ်။
ရုရှားအနေနဲ့ကတော့ နိုင်ငံတကာ စစ်ရာဇဝတ်တရားရုံးမှာ အရင်ဆုံး ရင်ဆိုင်ပြီးမှသာ ငြိမ်းချမ်းရေး ထိပ်သီး ဆွေးနွေးပွဲကို ဖိတ်ကြားခံရနိုင်ပါတယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba က AP သတင်းဌာနနဲ့ သီးသန့်မေးမြန်းရာမှာ ပြောဆိုခဲ့တာပါ။
ယူကရိန်း သမ္မတ Volodymyr Zelenskyy ရဲ့ ပြီးခဲ့တဲ့ သီတင်းပတ် က အမေရိကန် ခရီးစဉ်ရဲ့အကျိုးရလဒ်ကိုလည်း အပြည့်အဝ ကျေနပ်မှုရှိကြောင်း ပြောပါတယ်။ အမေရိကန်ရဲ့ Patriot ဒုံးခွင်းဒုံး အသုံးပြုဖို့အတွက် ပုံမှန်အားဖြင့် တနှစ်သင်တန်းပေးရတာကို အမေရိကန် အစိုးရက အထူးအစီအစဉ်အနေနဲ့ ယူကရိန်းမှာ အမြန်အသုံးပြုနိုင်အောင် ၆ လအောက် လျှော့တဲ့ သင်တန်းပဲပေးမှာဖြစ်ပါတယ်။
ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ အင်တာဗျူးမှာ Kuleba က ဘာပဲဖြစ်ဖြစ် ရှေ့နှစ် ၂ဝ၂၃ မှာ မိမိတို့ ယူကရိန်းဟာ စစ်ပွဲကို အောင်မြင်အောင် တိုက်မှာဖြစ်ပြီး သံတမန်ရေး အခန်းကဏ္ဍကလည်း အရေးကြီးတဲ့ နေရာက ပါဝင်မှာ ဖြစ်ကြောင်း ပြောပါတယ်။