သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္း၊ အာဆီယံ သံတမန္ဆက္ဆံေရး တိုးျမႇင့္ဖို႔ျပင္ဆင္ 


FILE PHOTO: Ukraine's Foreign Minister Dmytro Kuleba attends a news conference in Odesa (မွတ္တမ္းဓါတ္ပုံ)

ယူကရိန္း၊ အာဆီယံ သံတမန္ဆက္ဆံေရး တိုးျမႇင့္ဖို႔ျပင္ဆင္

{{Zawgyi/Unicode}}
ယူကရိန္းႏိုင္ငံဟာ အေရွ႕ေတာင္ အာရွႏိုင္ငံမ်ားအသင္း ASEAN နဲ႔ ဆက္ဆံေရး တိုးျမွင့္ေနၿပီး ဒီသီတင္းပတ္ ေႏွာင္းပိုင္း ကေမာၻဒီးယားႏိုင္ငံ ဖႏြမ္းပင္ၿမိဳ႕ေတာ္မွာ သံတမန္ေရး သေဘာတူညီခ်က္ တရပ္ကိုလည္း လက္မွတ္ေရးထိုးဖို႔ ရွိေနပါတယ္။

ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီး Dmytro Kuleba ဟာ အေရွ႕ေတာင္အာရွ ဆက္ဆံေရး နဲ႔ ပူးေပါင္းေဆာင္ရြက္ေရးဆိုင္ရာ သေဘာတူညီခ်က္ TAC ကို လူကိုယ္တိုင္ လက္မွတ္ေရးထုိးၿပီး ASEAN အခမ္းအနား တခ်ုိ႕ကိုလည္း တက္ေရာက္လိမ့္မယ္လို႔ ခန္႔မွန္းရပါတယ္။ TAC သေဘာတူညီခ်က္ဆိုတာဟာ တႏိုင္ငံရဲ႕ အခ်ဳပ္အျခာ၊ နယ္နမိတ္ နဲ႔ အမ်ဳိးသားေရး လကၡဏာေတြကို အျပန္အလွန္ ေလးစားလိုက္နာေရး အတြက္ ASEAN ကို စတင္ တည္ေထာင္ခဲ့တဲ့ အဖြဲ႔ဝင္ႏိုင္ငံေတြက ၁၉၇၆ ခုႏွစ္မွာ ခ်မွတ္ခဲ့တဲ့ ၿငိမ္းခ်မ္းေရး စာခ်ဳပ္ျဖစ္ပါတယ္။

ASEAN အဖြဲ႔ဝင္မဟုတ္တဲ့ ယူကရိန္းႏိုင္ငံ နဲ႔ သေဘာတူညီခ်က္ဟာ သံတမန္ေရး သေဘာသာျဖစ္ၿပီး၊ ႐ုရွားႏိုင္ငံနဲ႔ စစ္ျဖစ္ေနတဲ ယူကရိန္းႏိုင္ငံကို ေငြေၾကး နဲ႔ ရုပ္ဝတၳဳေတြ ေပးအပ္ဖို႔အတြက္ မဟုတ္ပါဘူးလို႔ ကေမၻာဒီယား အစိုးရ အႀကီးတန္း အရာရွိတဦး က ေျပာပါတယ္။

ဒီႏွစ္ ၂ဝ၂၂ ၾသဂုတ္လ အထိ TAC သေဘာတူညီခ်က္ လက္မွတ္ထုိးထားတဲ့ အထဲမွာ အေမရိကန္ ၊ တရုတ္ နဲ႔ ရုရွားတို႔ အပါအဝင္ ၄၉ ႏိုင္ငံရွိပါတယ္။ ASEAN အလွည့္က် ဥကၠဌ တာဝန္ထမ္းေဆာင္ေနတဲ့ ကေမၻာဒီးယား ႏိုင္ငံဟာဆိုရင္ ရုရွား က ယူကရိန္း အေပၚ က်ဴးေက်ာ္မႈကို မတ္လအတြင္းက ရႈတ္ခ်ထားၿပီး အပစ္အခတ္ ရပ္စဲၾကဖို႔ ASEAN ရဲ႕ သေဘာထားကို ထုတ္ျပန္ခဲ့ပါတယ္။

အလွည့္က် ဥကၠ႒ ကေမာၻဒီးယားက ASEAN ထိပ္သီးေဆြးေႏြးပြဲနဲ႔ အေရွ႕အာရွ ထိပ္သီးအစည္းအေ၀းေတြကို အိမ္ရွင္အျဖစ္ က်င္းပမွာျဖစ္ၿပီး ႐ုရွားသမၼတကိုယ္စား ႏိုင္ငံျခားေရး၀န္ႀကီး Sergey Lavrov ဖႏြမ္းပင္ၿမိဳ႕ေတာ္ကို လာေရာက္မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

................................................................

ယူကရိန်း၊ အာဆီယံ သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့ပြင်ဆင်

{{Zawgyi/Unicode}}
ယူကရိန်းနိုင်ငံဟာ အရှေ့တောင် အာရှနိုင်ငံများအသင်း ASEAN နဲ့ ဆက်ဆံရေး တိုးမြှင့်နေပြီး ဒီသီတင်းပတ် နှောင်းပိုင်း ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ သံတမန်ရေး သဘောတူညီချက် တရပ်ကိုလည်း လက်မှတ်ရေးထိုးဖို့ ရှိနေပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba ဟာ အရှေ့တောင်အာရှ ဆက်ဆံရေး နဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက် TAC ကို လူကိုယ်တိုင် လက်မှတ်ရေးထိုးပြီး ASEAN အခမ်းအနား တချို့ကိုလည်း တက်ရောက်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ TAC သဘောတူညီချက်ဆိုတာဟာ တနိုင်ငံရဲ့ အချုပ်အခြာ၊ နယ်နမိတ် နဲ့ အမျိုးသားရေး လက္ခဏာတွေကို အပြန်အလှန် လေးစားလိုက်နာရေး အတွက် ASEAN ကို စတင် တည်ထောင်ခဲ့တဲ့ အဖွဲ့ဝင်နိုင်ငံတွေက ၁၉၇၆ ခုနှစ်မှာ ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းရေး စာချုပ်ဖြစ်ပါတယ်။

ASEAN အဖွဲ့ဝင်မဟုတ်တဲ့ ယူကရိန်းနိုင်ငံ နဲ့ သဘောတူညီချက်ဟာ သံတမန်ရေး သဘောသာဖြစ်ပြီး၊ ရုရှားနိုင်ငံနဲ့ စစ်ဖြစ်နေတဲ ယူကရိန်းနိုင်ငံကို ငွေကြေး နဲ့ ရုပ်ဝတ္ထုတွေ ပေးအပ်ဖို့အတွက် မဟုတ်ပါဘူးလို့ ကမ္ဘောဒီယား အစိုးရ အကြီးတန်း အရာရှိတဦး က ပြောပါတယ်။

ဒီနှစ် ၂ဝ၂၂ သြဂုတ်လ အထိ TAC သဘောတူညီချက် လက်မှတ်ထိုးထားတဲ့ အထဲမှာ အမေရိကန် ၊ တရုတ် နဲ့ ရုရှားတို့ အပါအဝင် ၄၉ နိုင်ငံရှိပါတယ်။ ASEAN အလှည့်ကျ ဥက္ကဌ တာဝန်ထမ်းဆောင်နေတဲ့ ကမ္ဘောဒီးယား နိုင်ငံဟာဆိုရင် ရုရှား က ယူကရိန်း အပေါ် ကျူးကျော်မှုကို မတ်လအတွင်းက ရှုတ်ချထားပြီး အပစ်အခတ် ရပ်စဲကြဖို့ ASEAN ရဲ့ သဘောထားကို ထုတ်ပြန်ခဲ့ပါတယ်။

အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားက ASEAN ထိပ်သီးဆွေးနွေးပွဲနဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွေကို အိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး ရုရှားသမ္မတကိုယ်စား နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ဖနွမ်းပင်မြို့တော်ကို လာရောက်မှာ ဖြစ်ပါတယ်။

XS
SM
MD
LG