သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားနဲ႔ ေဆြးေႏြးေရး ယူကရိန္းကို အေမရိကန္တိုက္တြန္း


႐ုရွား-ယူကရိန္းစစ္ပြဲ။

ယူကရိန္းအေနနဲ႔ ႐ုရွားနဲ႔ ေဆြးေႏြးဖို႔ လမ္းဖြင့္ထားတယ္ဆိုတာကိုျပသဖို႔ အေမရိကန္က ယူကရိန္းကို သီးျခားတိုက္တြန္း ေတာင္းဆိုေနတယ္လို႔ ဝါရွင္တန္ပို႔စ္သတင္းစာႀကီးက စေနေန႔မွာ ေဖာ္ျပလိုက္ပါတယ္။ ယူကရိန္းအေနနဲ႔ ႐ုရွားသမၼတဗလာဒီမီယာပူတင္ကို မဖယ္ရွားမခ်င္း ၿငိမ္းခ်မ္းေရးကိစၥေဆြးေႏြးမွာ မဟုတ္ဘူးလို႔ ေျပာထားတာကို လက္ေလွ်ာ့ၿပီး၊ ႐ုရွားနဲ႔ ေဆြးေႏြးဖို႔ လမ္းဖြင့္ထားတယ္ဆိုတာကို ျပသဖို႔ ယူကရိန္းေခါင္းေဆာင္ေတြကို သမၼတဘိုင္ဒန္အစိုးရက သီးျခားတိုက္တြန္းေနတယ္လို႔ ေဖာ္ျပလိုက္တာပါ။

အေမရိကန္တာဝန္ရွိသူေတြဘက္က အဲဒီလိုေတာင္းဆိုတာဟာ ယူကရိန္းေတြကို ေဆြးေႏြးပြဲစကားဝိုင္းဆီကို အတင္းတြန္းပို႔ဖို႔ ရည္႐ြယ္တာမဟုတ္ေၾကာင္း၊ ဒါေပမဲ့ ယူကရိန္အစိုးရအေနနဲ႔ တျခားႏိုင္ငံေတြရဲ႕ အကူအညီေတြကို ဆက္ၿပီးထိန္းထားဖို႔အတြက္ တြက္ခ်က္ၿပီး ႀကိဳးပမ္းလုပ္ေဆာင္တာျဖစ္တယ္လို႔ ဒီေဆြးေႏြးပြဲေတြနဲ႔ ရင္းႏွီးတဲ့ အမည္မေဖာ္လိုသူေတြကို ကိုးကားၿပီး ဝါရွင္တန္ပို႔စ္သတင္းစာက ေဖာ္ျပခဲ့တာပါ။

သမၼတဘိုင္ဒန္အစိုးရက ယူကရိန္းစစ္ပြဲ ရွိေနသမွ်ကာလပတ္လုံး ယူကရိန္းအစိုးရကို ေထာက္ပံ့ကူညီသြားမယ္လို႔ ေျပာေနေပမယ့္လည္း၊ တဘက္မွာလည္း ၈ လၾကာ ဒီစစ္ပြဲကို အေျဖရွာႏိုင္ဖို႔ ေမွ်ာ္လင့္ေနတယ္လို႔ ေဆြးေႏြးပြဲေတြက ေဖာ္ျပေနေၾကာင္း ေျပာပါတယ္။ ယူကရိန္းစစ္ပမ္းလာတာက တခ်ိဳ႕မဟာမိတ္မိတ္ဖက္ႏိုင္ေတြအတြက္ေတာ့ အဓိကကိစၥျဖစ္တယ္လို႔ အမည္မေဖာ္လိုတဲ့ အေမရိကန္တာဝန္ရွိသူတဦးကို ကိုးကားၿပီး ဝါရွင္တန္ပို႔စ္က ေဖာ္ျပလိုက္ပါတယ္။

ဒီသတင္းက မွန္ကန္မႈရွိမရွိဆိုတာနဲ႔ ပတ္သက္ၿပီး၊ ေမးျမန္းတဲ့အခါမွာေတာ့ အေမရိကန္အမ်ိဳးသား လုံၿခဳံေရးေကာင္စီဘက္ကေတာ့ တစုံတရာခ်က္ခ်င္းတုံ႔ျပန္တာ မရွိခဲ့ပါဘူး။ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရကေတာ့ တကယ္လို႔ ႐ုရွားဘက္က ေဆြးေႏြးဖို႔အဆင့္သင့္ျဖစ္တယ္ဆိုရင္၊ ဒုံးက်ည္ေတြနဲ႔ ဗုံးႀကဲတိုက္ခိုက္ေနတာေတြကို ရပ္တန႔္ၿပီး၊ တပ္ေတြကိုလည္း ယူကရိန္းကေန ႐ုတ္သိမ္းရမွာျဖစ္တယ္လို႔ ေျပာလိုက္ပါတယ္။

==== Unicode ====

ယူကရိန်းအနေနဲ့ ရုရှားနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်ဆိုတာကိုပြသဖို့ အမေရိကန်က ယူကရိန်းကို သီးခြားတိုက်တွန်း တောင်းဆိုနေတယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာကြီးက စနေနေ့မှာ ဖော်ပြလိုက်ပါတယ်။ ယူကရိန်းအနေနဲ့ ရုရှားသမ္မတဗလာဒီမီယာပူတင်ကို မဖယ်ရှားမချင်း ငြိမ်းချမ်းရေးကိစ္စဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောထားတာကို လက်လျှော့ပြီး၊ ရုရှားနဲ့ ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်ဆိုတာကို ပြသဖို့ ယူကရိန်းခေါင်းဆောင်တွေကို သမ္မတဘိုင်ဒန်အစိုးရက သီးခြားတိုက်တွန်းနေတယ်လို့ ဖော်ပြလိုက်တာပါ။

အမေရိကန်တာဝန်ရှိသူတွေဘက်က အဲဒီလိုတောင်းဆိုတာဟာ ယူကရိန်းတွေကို ဆွေးနွေးပွဲစကားဝိုင်းဆီကို အတင်းတွန်းပို့ဖို့ ရည်ရွယ်တာမဟုတ်ကြောင်း၊ ဒါပေမဲ့ ယူကရိန်အစိုးရအနေနဲ့ တခြားနိုင်ငံတွေရဲ့ အကူအညီတွေကို ဆက်ပြီးထိန်းထားဖို့အတွက် တွက်ချက်ပြီး ကြိုးပမ်းလုပ်ဆောင်တာဖြစ်တယ်လို့ ဒီဆွေးနွေးပွဲတွေနဲ့ ရင်းနှီးတဲ့ အမည်မဖော်လိုသူတွေကို ကိုးကားပြီး ဝါရှင်တန်ပို့စ်သတင်းစာက ဖော်ပြခဲ့တာပါ။

သမ္မတဘိုင်ဒန်အစိုးရက ယူကရိန်းစစ်ပွဲ ရှိနေသမျှကာလပတ်လုံး ယူကရိန်းအစိုးရကို ထောက်ပံ့ကူညီသွားမယ်လို့ ပြောနေပေမယ့်လည်း၊ တဘက်မှာလည်း ၈ လကြာ ဒီစစ်ပွဲကို အဖြေရှာနိုင်ဖို့ မျှော်လင့်နေတယ်လို့ ဆွေးနွေးပွဲတွေက ဖော်ပြနေကြောင်း ပြောပါတယ်။ ယူကရိန်းစစ်ပမ်းလာတာက တချို့မဟာမိတ်မိတ်ဖက်နိုင်တွေအတွက်တော့ အဓိကကိစ္စဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်တာဝန်ရှိသူတဦးကို ကိုးကားပြီး ဝါရှင်တန်ပို့စ်က ဖော်ပြလိုက်ပါတယ်။

ဒီသတင်းက မှန်ကန်မှုရှိမရှိဆိုတာနဲ့ ပတ်သက်ပြီး၊ မေးမြန်းတဲ့အခါမှာတော့ အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီဘက်ကတော့ တစုံတရာချက်ချင်းတုံ့ပြန်တာ မရှိခဲ့ပါဘူး။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ တကယ်လို့ ရုရှားဘက်က ဆွေးနွေးဖို့အဆင့်သင့်ဖြစ်တယ်ဆိုရင်၊ ဒုံးကျည်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတာတွေကို ရပ်တန့်ပြီး၊ တပ်တွေကိုလည်း ယူကရိန်းကနေ ရုတ်သိမ်းရမှာဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

XS
SM
MD
LG