သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ယူကရိန်းအတွက် ကန်စစ်ရေး အကူ နောက်ထပ် ဒေါ်လာသန်း (၄ဝဝ) ပေးမည်


Ukrainian service members fire a shell from a towed howitzer FH-70 at a front line in the Zaporizhzhia Region, Ukraine Oct. 27, 2022.
Ukrainian service members fire a shell from a towed howitzer FH-70 at a front line in the Zaporizhzhia Region, Ukraine Oct. 27, 2022.

အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို နောက်ထပ် အကူအညီ ဒေါ်လာ သန်း ၄၀၀ ပေးအပ်မှာဖြစ်ပြီး၊ စစ်လက်နက်ပစ္စည်းတွေ လွဲှပြောင်းပေးပို့ရေးနဲ့ စစ်သင်တန်းပေးတဲ့ကိစ္စတွေ အပါအဝင် လုံခြုံရေးဆိုင်ရာ အကူအညီပေးရေး ဌာနချုပ်ကို ဂျာမဏီနိုင်ငံမှာ ဖွင့်လှစ်သွားမယ်လို့ ထုတ်ဖေါ် ပြောဆိုခဲ့ပါတယ်။ 


ယူကရိန်းအတွက် ကန်စစ်ရေးအကူ နောက်ထပ် ဒေါ်လာသန်း (၄ဝဝ) ပေးမည်

{{Zawgyi/Unicode}}
အမေရိကန်ပြည်ထောင်စုက ယူကရိန်းကို နောက်ထပ် အကူအညီ ဒေါ်လာ သန်း ၄၀၀ ပေးအပ်မှာဖြစ်ပြီး၊ စစ်လက်နက်ပစ္စည်းတွေ လွဲှပြောင်းပေးပို့ရေးနဲ့ စစ်သင်တန်းပေးတဲ့ကိစ္စတွေ အပါအဝင် လုံခြုံရေးဆိုင်ရာ အကူအညီပေးရေး ဌာနချုပ်ကို ဂျာမဏီနိုင်ငံမှာ ဖွင့်လှစ်သွားမယ်လို့ အမေရိကန် ပင်တဂွန် စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိသူ Sabrina Singh က သောကြာနေ့က ထုတ်ဖေါ် ပြောဆိုခဲ့ပါတယ်။

“ ယူကရိန်းကို ကူညီထောက်ပံ့ရေးဌာန USAI အနေနဲ့ ယူကရိန်းကို နောက်ထပ်လုံခြုံရေးဆိုင်ရာ အကူအညီ ဒေါ်လာ သန်း ၄၀၀ လောက်ပေးအပ်သွားမယ်လို့ ပင်တဂွန် စစ်ဌာနချုပ် ဒုတိယပြောရေးဆိုခွင့်ရှိသူ Sabrina Singh ကပြော ဆိုသွားတာပါ။

ရုရှားကို ခုခံတိုက်ခိုက်သွားနိုင်ဖို့ ယူကရိန်းကို ပိုမိုခိုင်မြဲတဲ့ ရေရှည်အကူအညီ ပေးနိုင်ရေး အတွက် ယူကရိန်း လုံခြုံရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့ SAGU ကို ဖွဲ့စည်းလုပ်ဆောင်သွားမှာ ဖြစ်ကြောင်းကိုလည်း သတင်းထောက်တွေကို သူကပြောဆိုခဲ့ပါတယ်။

ပေးအပ်မဲ့ အကူအညီတွေထဲမှာ Phoenix Ghost drone ခေါ် အသေးစား ဒရုန်းအစင်း ၁၁၀၀ အတွက် ကုန်ကျစားရိတ်၊ တင့်ကား ၄၅ စင်း ပြန်လည်ပြင်ဆင်ဖို့၊ မြစ်ကြောင်းသွား စက်လှေ အစင်း ၄၀ စတာတွေ ပါဝင်မှာဖြစ်ပါတယ်။

ဒီ စစ်လက်နက်ပစ္စည်းတွေဟာ ယူကရိန်းလုံခြုံရေး ထောက်ပံမှုအဖွဲ့ကနေ ထုတ်လုပ်မှာဖြစ်တဲ့အတွက် အခုချက်ခြင်းတေ ာ့ဒီပစ္စည်းတွေကို ယူကရိန်းကို ပေးပို့နိုင်ဦးမှာတော့ မဟုတ်သေးပါဘူး။

တိုက်ရိုက် လင့်ခ်

.......................................................



{{Zawgyi/Unicode}}





XS
SM
MD
LG