သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွား တိုက္ခိုက္မႈေၾကာင့္ ယူကရိန္း ၿမိဳ႕ႀကီးေတြမွာ ေရနဲ႔ လွ်ပ္စစ္မီး ျပတ္ေတာက္  


Russian missile strikes in Kyiv

ယူကရိန္း ၿမိဳ႔ႀကီး အေတာ္မ်ားမ်ားရဲ႔ အေရးႀကီးတဲ႔ အေျခခံ အေဆာက္အအံုေတြကို ပစ္မွတ္ထားၿပီး တနလာၤေန႔မွာ ႐ုရွားက အျပင္းအထန္ တိုက္ခိုက္မႈေၾကာင့္ ၿမိဳ႔ေတာ္ Kyiv နဲ႔ တျခားေဒသေတြမွာ လွ်ပ္စစ္မီးနဲ႔ ေသာက္သံုးေရ ျပတ္ေတာက္ သြားပါတယ္။

႐ုရွား တိုက္ခိုက္မႈေၾကာင့္ ယူကရိန္း ၿမိဳ႕ႀကီးေတြမွာ ေရနဲ႔ လွ်ပ္စစ္မီး ျပတ္ေတာက္

{{Zawgyi/Unicode}}
ယူကရိန္း ၿမိဳ႔ႀကီး အေတာ္မ်ားမ်ားရဲ႔ အေရးႀကီးတဲ႔ အေျခခံ အေဆာက္အအံုေတြကို ပစ္မွတ္ထားၿပီး တနလာၤေန႔မွာ ႐ုရွားက အျပင္းအထန္ တိုက္ခိုက္မႈေၾကာင့္ ၿမိဳ႔ေတာ္ Kyiv နဲ႔ တျခားေဒသေတြမွာ လွ်ပ္စစ္မီးနဲ႔ ေသာက္သံုးေရ ျပတ္ေတာက္ သြားပါတယ္။ ႐ုရွားရဲ႔ ပင္လယ္နက္ ေရတပ္ကို ယူကရိန္းက တိ္ုက္ခိုက္ခဲ႔တယ္လို႔ ႐ုရွားက စြပ္စြဲခဲ႔ၿပီး ေနာက္တေန႔မွာ တိုက္ခိုက္တာ ျဖစ္ပါတယ္။

ၿမိဳ႔ေတာ္အတြင္း တိုက္ခိုက္မႈေတြေၾကာင့္ ၿမိဳ႔ထဲက တခ်ိဳ႔ေနရာေတြမွာ လွ်ပ္စစ္မီးနဲ႔ ေသာက္သံုးေရ ျပတ္ေတာက္ကုန္ေၾကာင္း၊ ၿမိဳ႔ေန လူထု ၈၀ ရာခိုင္ႏႈႏ္းေက်ာ္အတြက္ ေသာက္သံုးေရ ျပတ္ေတာက္သြားေၾကာင္း Kyiv ၿမိဳ႕ေတာ္၀န္ Vitali Klitschko က ေျပာတာပါ။

တိုက္ခိုက္မႈကို ရႈတ္ခ်ေၾကာင္း ယူကရိန္း ႏိုင္ငံျခားေရး၀န္ႀကီး Dmytro Kuleba ကလည္း Twitter လူမႈကြန္ရက္မွာ ေရးပါတယ္။ အႀကိမ္ႀကိမ္ တိ္ုက္ခိုက္မႈေတြထဲမွာ ပဲ႔ထိန္းတပ္ ဒံုးအလံုး ၅၀ ေက်ာ္ အပါအ၀င္ အဆက္မျပတ္ ပစ္ခတ္ တိုက္ခိုက္ခဲ႔တာ ျဖစ္ေၾကာင္း ယူကရိန္း စစ္တပ္က Telegram လူမႈကြန္ရက္မွာ ေရးသားခဲ႔ပါတယ္။

႐ုရွားဘက္က ပစ္ခတ္ခဲ႔တဲ႔ Cruise မစ္ဇိုင္းဒံုး ၄၄ လုံးကိုပစ္ခ်ႏိုင္ခဲ့တယ္လို႔လည္း ယူကရိန္း ေလတပ္ကေျပာဆိုပါတယ္။ ကုလသမဂၢ ကမကထ လုပ္ထားတဲ႔ သီးႏွံ တင္ပို႔ေရး အစီအစဥ္ကို ရပ္ဆိုင္းရတဲ႔ အေၾကာင္းရင္း အျဖစ္ စေနေန႔မွာ ႐ုရွားက ေျပာဆိုထားတဲ႔ ႐ုရွား ေရတပ္ အေပၚ တိုက္ခိုက္မႈ ဆိုတာကိုေတာ့ ယူကရိန္းဘက္က အတည္ျပဳတာလည္း မရွိသလို ျငင္းဆိုထားတာလည္း မရွိပါဘူး။

တိုက္႐ိုက္ လင့္ခ္

.................................

ရုရှား တိုက်ခိုက်မှုကြောင့် ယူကရိန်း မြို့ကြီးတွေမှာ ရေနဲ့ လျှပ်စစ်မီး ပြတ်တောက်

{{Zawgyi/Unicode}}
ယူကရိန်း မြို့ကြီး အတော်များများရဲ့ အရေးကြီးတဲ့ အခြေခံ အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး တနလာၤနေ့မှာ ရုရှားက အပြင်းအထန် တိုက်ခိုက်မှုကြောင့် မြို့တော် Kyiv နဲ့ တခြားဒေသတွေမှာ လျှပ်စစ်မီးနဲ့ သောက်သုံးရေ ပြတ်တောက် သွားပါတယ်။ ရုရှားရဲ့ ပင်လယ်နက် ရေတပ်ကို ယူကရိန်းက တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက စွပ်စွဲခဲ့ပြီး နောက်တနေ့မှာ တိုက်ခိုက်တာ ဖြစ်ပါတယ်။

မြို့တော်အတွင်း တိုက်ခိုက်မှုတွေကြောင့် မြို့ထဲက တချို့နေရာတွေမှာ လျှပ်စစ်မီးနဲ့ သောက်သုံးရေ ပြတ်တောက်ကုန်ကြောင်း၊ မြို့နေ လူထု ၈၀ ရာခိုင်နှုန်းကျော်အတွက် သောက်သုံးရေ ပြတ်တောက်သွားကြောင်း Kyiv မြို့တော်ဝန် Vitali Klitschko က ပြောတာပါ။

တိုက်ခိုက်မှုကို ရှုတ်ချကြောင်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး Dmytro Kuleba ကလည်း Twitter လူမှုကွန်ရက်မှာ ရေးပါတယ်။ အကြိမ်ကြိမ် တိုက်ခိုက်မှုတွေထဲမှာ ပဲ့ထိန်းတပ် ဒုံးအလုံး ၅၀ ကျော် အပါအဝင် အဆက်မပြတ် ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း ယူကရိန်း စစ်တပ်က Telegram လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ရုရှားဘက်က ပစ်ခတ်ခဲ့တဲ့ Cruise မစ်ဇိုင်းဒုံး ၄၄ လုံးကိုပစ်ချနိုင်ခဲ့တယ်လို့လည်း ယူကရိန်း လေတပ်ကပြောဆိုပါတယ်။ ကုလသမဂ္ဂ ကမကထ လုပ်ထားတဲ့ သီးနှံ တင်ပို့ရေး အစီအစဉ်ကို ရပ်ဆိုင်းရတဲ့ အကြောင်းရင်း အဖြစ် စနေနေ့မှာ ရုရှားက ပြောဆိုထားတဲ့ ရုရှား ရေတပ် အပေါ် တိုက်ခိုက်မှု ဆိုတာကိုတော့ ယူကရိန်းဘက်က အတည်ပြုတာလည်း မရှိသလို ငြင်းဆိုထားတာလည်း မရှိပါဘူး။

XS
SM
MD
LG