သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း



John Kirby

ယူကရိန်းက ရေဒီယိုသတ္တိကြွပစ္စည်းတွေပါဝင်တဲ့ လက်နှက်တွေနဲ့တိုက်ခိုက်ဖို့ကြံစီတယ်ဆိုတဲ့ ရုရှားရဲ့ စွပ်စွဲချက်ဟာ မဟုတ်မမှန်ကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ညူကလီးယားနဲ့ပတ်သက်တဲ့ ရပ်တည်ချက်ကိုတော့ ပြောင်းလဲမှာ မဟုတ်ဘူးလို့ အမေရိကန်အိမ်ဖြူတော်တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

Zawgyi






တိုက်ရိုက် လင့်ခ်

Unicode

နျူကလီးယားနဲ့တိုက်ဖို့ ယူကရိန်းကြံစည်နေကြောင်း ရုရှားစွပ်စွဲချက် အမေရိကန်ပယ်ချ

ယူကရိန်းက ရေဒီယိုသတ္တိကြွပစ္စည်းတွေပါဝင်တဲ့ လက်နှက်တွေနဲ့တိုက်ခိုက်ဖို့ကြံစီတယ်ဆိုတဲ့ ရုရှားရဲ့ စွပ်စွဲချက်ဟာ မဟုတ်မမှန်ကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ညူကလီးယားနဲ့ပတ်သက်တဲ့ ရပ်တည်ချက်ကိုတော့ ပြောင်းလဲမှာ မဟုတ်ဘူးလို့ အမေရိကန်အိမ်ဖြူတော်တာဝန်ရှိသူတွေက ရုရှားရဲ့စွပ်စွဲချက်ကို တနင်္လာနေ့တုန်းက တုန့်ပြန်ပြောဆို လိုက်ပါတယ်။

ညူကလီးယား ပစ္စည်းတွေပါဝင်တဲ့ ပုံမှန်မဟုတ်တဲ့လက်နှက်တွေနဲ့တိုက်ခိုက်လာရင် အမေရိကန်ဘယ်လိုတုန့်ပြန်မလဲ ဆိုတဲ့ ကြိုတင်မှန်းဆပြောဆိုတာမျိုးကိုမပြောလိုပါဘူး၊ ဒါပေမယ့် ညူကလီးယားလက်နှက်အသုံးပြုလာမယ်ဆိုရင်တော့ နောက်ဆက်တွဲရလဒ်တွေဟာ အလွန်ပြင်းထန်မယ်လို့ ရုရှားကိုအသိပေးထားပြီးသားဖြစ်ပါတယ် လို့အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ တာဝန်ရှိသူတဦးဖြစ်တဲ့ John Kirby ကသတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်

ရုရှားက ယူကရိန်းအနေနဲ့ ရေဒီယိုသတ္တိကြွပစ္စည်းတွေပါဝင်တဲ့ လက်နှက်တွေနဲ့တိုက်ခိုက်ဖို့ပြင်ဆင်နေတယ်လို့ တနင်္လာနေ့မှာ ထပ်မံစွပ်စွဲခဲ့တာပါ။

ယူကရိန်းကို မဟုတ်မမှန်တဲ့အကြောင်းပြချက်တွေနဲ့စွပ်စွဲပြီး ညူကလီးယားပစ္စည်းတွေပါဝင်တဲ့ ဗုံးအသုံးပြုတိုက်ခိုက်ဖို့ ရုရှားက ကြံစီနေတယ်လို့အနောက်တိုင်းနိုင်ငံတွေကလည်းတနင်္လာနေ့မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။ ယူကရိန်းကတော့ ရုရှားရဲ့စွပ်စွဲချက်ကိုငြင်းပယ်ထားပြီး၊ ရုရှားကအဲဒိလိုလက်နှက်မျိုးတွေနဲ့တိုက်ခိုက်ဖို့ပြင်ဆင်နေကြောင်း နဲ့ ယူကရိန်းကို အပြစ်ဖို့ဘို့လုပ်နေတာဖြစ်တယ်လို့ယူကရိန်းဘက်က တုန့်ပြန်ထားပါတယ်။
ရေဒီယိုဓာတ်သတ္တိကြွမှုနဲ့ ကြုံရတဲ့အခါ ရင်ဆိုင်နိုင်အောင် ရုရှားတပ်ဖွဲ့တွေ ပြင်ဆင်နေကြောင်းလည်း ရုရှားညူကလီး ယားနဲ့ဓာတုလက်နှက်ကာကွယ်ရေးတပ်ဖွဲ့ရဲ့အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Igor Kirillov ကသတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG