သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအေရး ႐ုရွား-ကန္ ဝန္ႀကီး (၂) ဦး ဆက္သြယ္စကားေျပာ


Lloyd Austin

ယူကရိန္းတပ္ေတြ ႐ုရွားသိမ္းပိုက္ထားတဲ့ ေတာင္ပိုင္းက Kherson ဆိပ္ကမ္းၿမိဳ႕နားကို ကပ္လာေနခ်ိန္၊ ႐ုရွား-ယူကရိန္း ၂ ႏိုင္ငံၾကား ညွိႏႈိင္းႏိုင္ဖို႔ လမ္းသစ္ပြင့္လာေၾကာင္း ႐ုရွားဘက္က ေျပာၾကားေနခ်ိန္မွာပဲ အေမရိကန္နဲ႔ ႐ုရွားကာကြယ္ေရးဝန္ႀကီး ၂ ဦး ပထမဆံုးအႀကိမ္အျဖစ္နဲ႔ တယ္လီဖံုးနဲ႔ ဆက္သြယ္ေျပာၾကား ခဲ့ပါတယ္။  

ယူကရိန္းအေရး ႐ုရွား-ကန္ ဝန္ႀကီး (၂) ဦး ဆက္သြယ္စကားေျပာ

{{Zawgyi/Unicode}}
တြန္းလွန္တိုက္ခိုက္ေနတဲ့ ယူကရိန္းတပ္ေတြ ႐ုရွားသိမ္းပိုက္ထားတဲ့ ေတာင္ပိုင္းက Kherson ဆိပ္ကမ္းၿမိဳ႕နားကို ကပ္လာေနခ်ိန္၊ ႐ုရွား-ယူကရိန္း ၂ ႏိုင္ငံၾကား ညွိႏႈိင္းႏိုင္ဖို႔ လမ္းသစ္ပြင့္လာေၾကာင္း ႐ုရွားဘက္က ေျပာၾကားေနခ်ိန္မွာပဲ အေမရိကန္နဲ႔ ႐ုရွားကာကြယ္ေရးဝန္ႀကီး ၂ ဦး ပထမဆံုးအႀကိမ္အျဖစ္နဲ႔ တယ္လီဖံုးနဲ႔ ဆက္သြယ္ေျပာၾကား ခဲ့ပါတယ္။

အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin နဲ႔ ႐ုရွားကာကြယ္ေရးဝန္ႀကီး Sergey Shoygu တို႔ ၂ ဦးရဲ႕ အခုဆက္သြယ္ေျပာၾကားမႈဟာ ယူကရိန္းမွာ ျဖစ္ပြါးေနတဲ့ စစ္ပြဲနဲ႔ပတ္သက္ၿပီး ဦးစားေပး ေဆြးေႏြးခဲ့ၾကတာျဖစ္ေၾကာင္း ၂ ႏိ္ုင္ငံ စလံုးက ေၾကညာခ်က္ ထုတ္ျပန္ေျပာဆိုပါတယ္။

ပင္တာဂြန္ စစ္ဌာနခ်ဳပ္က ထုတ္ျပန္ခ်က္ထဲမွာေတာ့ ယူကရိန္းကို တိုက္ခိုက္မႈေတြ ဆက္လက္ ျဖစ္ပြါးေနခ်ိန္မွာပဲ ၂ ႏိုင္ငံၾကား ဆက္သြယ္ေရး လမ္းေၾကာင္း ဆက္ဖြင့္ထားေရးဟာ အေရးပါေၾကာင္း ဝန္ႀကီး Austin က အထူးျပဳ ေျပာၾကားခဲ့တယ္ လို႔ ေဖၚျပထားပါတယ္။ ႐ုရွားအစိုးရ ထုတ္ျပန္တဲ့ ေၾကညာခ်က္ထဲမွာေတာ့ ၂ ႏိုင္ငံ အရာရွိႀကီးေတြဟာ ႏိုင္ငံတကာ လံုျခံဳေရး ျပႆနာေတြ အထူးသျဖင့္ ယူကရိန္း အေျခအေနကို ေဆြးေႏြးခဲ့ၾကေၾကာင္း ေဖၚျပထားတာပါ။

ေသာၾကာေန႔ မတိုင္ခင္ ဝန္ႀကီး ၂ ဦးရဲ႕ ေနာက္ဆံုး ဆက္သြယ္ေျပာၾကားမႈဟာ ေမလ ၁၃ ရက္ေန႔က ျဖစ္ၿပီး အဲဒီအခ်ိန္က ဝန္ႀကီး Austin က ယူကရိန္းမွာ ခ်က္ခ်င္း အပစ္အခတ္ ရပ္စဲဖို႔ ဝန္ႀကီး Shoygu ကို ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။

႐ုရွားအစိုးရက ေဆြးေႏြးပြဲေတြ လုပ္ဖို႔ စိတ္အားထက္သန္ေနေၾကာင္း ျပသခဲ့တဲ့ ေနာက္မွာ သူတို႔ ၂ ဦး ခုလို ဆက္သြယ္ေျပာၾကား ခဲ့ၾကတာ ျဖစ္ပါတယ္။ ႐ုရွားသမၼတ Vladimir Putin က ၫွိႏႈိင္းမႈေတြကို အစကျပန္စဖို႔ လုပ္ေနေၾကာင္း သမၼတရံုးေျပာခြင့္ရ Dmitry Peskov က ေသာၾကာေန႔မွာပဲ သတင္းေထာက္ေတြကို ေျပာခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္

.................................................

ယူကရိန်းအရေး ရုရှား-ကန် ဝန်ကြီး (၂) ဦး ဆက်သွယ်စကားပြော

{{Zawgyi/Unicode}}
တွန်းလှန်တိုက်ခိုက်နေတဲ့ ယူကရိန်းတပ်တွေ ရုရှားသိမ်းပိုက်ထားတဲ့ တောင်ပိုင်းက Kherson ဆိပ်ကမ်းမြို့နားကို ကပ်လာနေချိန်၊ ရုရှား-ယူကရိန်း ၂ နိုင်ငံကြား ညှိနှိုင်းနိုင်ဖို့ လမ်းသစ်ပွင့်လာကြောင်း ရုရှားဘက်က ပြောကြားနေချိန်မှာပဲ အမေရိကန်နဲ့ ရုရှားကာကွယ်ရေးဝန်ကြီး ၂ ဦး ပထမဆုံးအကြိမ်အဖြစ်နဲ့ တယ်လီဖုံးနဲ့ ဆက်သွယ်ပြောကြား ခဲ့ပါတယ်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoygu တို့ ၂ ဦးရဲ့ အခုဆက်သွယ်ပြောကြားမှုဟာ ယူကရိန်းမှာ ဖြစ်ပွါးနေတဲ့ စစ်ပွဲနဲ့ပတ်သက်ပြီး ဦးစားပေး ဆွေးနွေးခဲ့ကြတာဖြစ်ကြောင်း ၂ နိုင်ငံ စလုံးက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ပင်တာဂွန် စစ်ဌာနချုပ်က ထုတ်ပြန်ချက်ထဲမှာတော့ ယူကရိန်းကို တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပွါးနေချိန်မှာပဲ ၂ နိုင်ငံကြား ဆက်သွယ်ရေး လမ်းကြောင်း ဆက်ဖွင့်ထားရေးဟာ အရေးပါကြောင်း ဝန်ကြီး Austin က အထူးပြု ပြောကြားခဲ့တယ် လို့ ဖေါ်ပြထားပါတယ်။ ရုရှားအစိုးရ ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ၂ နိုင်ငံ အရာရှိကြီးတွေဟာ နိုင်ငံတကာ လုံခြုံရေး ပြဿနာတွေ အထူးသဖြင့် ယူကရိန်း အခြေအနေကို ဆွေးနွေးခဲ့ကြကြောင်း ဖေါ်ပြထားတာပါ။

သောကြာနေ့ မတိုင်ခင် ဝန်ကြီး ၂ ဦးရဲ့ နောက်ဆုံး ဆက်သွယ်ပြောကြားမှုဟာ မေလ ၁၃ ရက်နေ့က ဖြစ်ပြီး အဲဒီအချိန်က ဝန်ကြီး Austin က ယူကရိန်းမှာ ချက်ချင်း အပစ်အခတ် ရပ်စဲဖို့ ဝန်ကြီး Shoygu ကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ရုရှားအစိုးရက ဆွေးနွေးပွဲတွေ လုပ်ဖို့ စိတ်အားထက်သန်နေကြောင်း ပြသခဲ့တဲ့ နောက်မှာ သူတို့ ၂ ဦး ခုလို ဆက်သွယ်ပြောကြား ခဲ့ကြတာ ဖြစ်ပါတယ်။ ရုရှားသမ္မတ Vladimir Putin က ညှိနှိုင်းမှုတွေကို အစကပြန်စဖို့ လုပ်နေကြောင်း သမ္မတရုံးပြောခွင့်ရ Dmitry Peskov က သောကြာနေ့မှာပဲ သတင်းထောက်တွေကို ပြောခဲ့တာပါ။

XS
SM
MD
LG