သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္ကာကြယ္ေရးဝန္ႀကီး ဒုတိယအႀကိမ္ ကိုဗစ္ကူးစက္


GERMANY-US-UKRAINE-RUSSIA-CONFLICT-DEFENCE

အေမရိကန္ ကာကြယ္ေရးဝန္ႀကီး  Lloyd Austin ဒီႏွစ္အတြင္း ဒုတိယ အႀကိမ္အေနနဲ႔ သူမွာ ကိုဗစ္ကပ္ေရာဂါ စမ္းသပ္ေတြ႔ရွိေနၿပီး  သိပ္မျပင္းထန္ဘူးလို႔ တနလၤာေန႔က ေျပာပါတယ္။ အလုပ္ေတြကိုေတာ့ ပုံမွန္အခ်ိန္ဇယားအတုိင္း အိမ္မွာပဲ အြန္လိုင္းကေန ဆက္လက္လုပ္ကိုင္သြားမယ္လို႔လည္း ေျပာပါတယ္။


ကန္ကာကြယ္ေရးဝန္ႀကီး ဒုတိယအႀကိမ္ ကိုဗစ္ကူးစက္

{{Zawgyi/Unicode}}
အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin ဒီႏွစ္အတြင္း ဒုတိယ အႀကိမ္အေနနဲ႔ သူမွာ ကိုဗစ္ကပ္ေရာဂါ စမ္းသပ္ေတြ႔ရွိေနၿပီး သိပ္မျပင္းထန္ဘူးလို႔ တနလၤာေန႔က ေျပာပါတယ္။ အလုပ္ေတြကိုေတာ့ ပုံမွန္အခ်ိန္ဇယားအတုိင္း အိမ္မွာပဲ အြန္လိုင္းကေန ဆက္လက္လုပ္ကိုင္သြားမယ္လို႔လည္း ေျပာပါတယ္။ ဒါအျပင္ ကူးစက္ေရာဂါ ကာကြယ္ေရး CDC လမ္းညႊန္ခ်က္အတိုင္း ေနာက္ထပ္ ၅ ရက္ၾကာ Quarantine သီးသန္႔ခြဲၿပီး ေနထိုင္မွာလည္းျဖစ္ပါတယ္။

အသက္ ၆၉ ႏွစ္ရွိ ကာကြယ္ေရးဝန္ႀကီး Austin ဟာ ဒီႏွစ္အစ ဇန္နဝါရီလအတြင္းကလည္း ကိုဗစ္ကပ္ေရာဂါ ကူးစက္ခံခဲ့ရပါတယ္။ လာမယ့္ရက္ေတြမွာ သူရဲ႕ ဆရာဝန္နဲ႔ ဆက္လက္ၿပီး တုိင္ပင္မယ္လို႔လည္း ေျပာပါတယ္။

ကိုဗစ္ပ်ံ႔ႏွံမႈ ေႏွးေကြးလာေအာင္ နဲ႔ က်န္းမာေရးဆိုင္ရာ သက္ေရာက္မႈ နည္းပါးေစဖို႔အတြက္ အေမရိကန္ ျပည္သူအားလုံး ကာကြယ္ေဆး ထုိးထားၾကဖို႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီး Lloyd Austin က တိုက္တြန္းလိုက္ပါတယ္။

သူအေနနဲ႔ ၿပီးခဲ့တဲ့ ဇူလိုင္လ ၂၉ ရက္ေန႔က သမၼတ Joe Biden နဲ႔ လူကိုယ္တိုင္ ေတြ႔ဆု့ံခဲ့ပါတယ္။ သမၼတ Joe Biden အေနနဲ႔လည္း ၿပီးခဲ့တဲ့ ဇူလိုင္လ ၂၁ ရက္ေန႔က ကိုဗစ္ကပ္ေရာဂါျဖစ္ပြားခဲ့ၿပီး ၂၇ ရက္ေန႔အထိ သီးသန္႔ခြဲေနခဲ့ရပါတယ္။

အဲဒီေနာက္ ဇူလိုင္ ၃ဝ ရက္မွာ ထပ္မံစစ္ေဆးတဲ့အခါမွာ ကိုဗစ္ကပ္ေရာဂါ ျပန္လည္ေတြ႔ရွိခဲ့တဲ့အတြက္ ေနာက္ထပ္ သီတင္းတပတ္ၾကာ သီးသန္႔ခြဲ ေနထိုင္အလုပ္လုပ္ခဲ့ရပါတယ္။

တိုက္႐ိုက္ လင့္ခ္

.....................................................


ကန်ကာကွယ်ရေးဝန်ကြီး ဒုတိယအကြိမ် ကိုဗစ်ကူးစက်

{{Zawgyi/Unicode}}
အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin ဒီနှစ်အတွင်း ဒုတိယ အကြိမ်အနေနဲ့ သူမှာ ကိုဗစ်ကပ်ရောဂါ စမ်းသပ်တွေ့ရှိနေပြီး သိပ်မပြင်းထန်ဘူးလို့ တနင်္လာနေ့က ပြောပါတယ်။ အလုပ်တွေကိုတော့ ပုံမှန်အချိန်ဇယားအတိုင်း အိမ်မှာပဲ အွန်လိုင်းကနေ ဆက်လက်လုပ်ကိုင်သွားမယ်လို့လည်း ပြောပါတယ်။ ဒါအပြင် ကူးစက်ရောဂါ ကာကွယ်ရေး CDC လမ်းညွှန်ချက်အတိုင်း နောက်ထပ် ၅ ရက်ကြာ Quarantine သီးသန့်ခွဲပြီး နေထိုင်မှာလည်းဖြစ်ပါတယ်။

အသက် ၆၉ နှစ်ရှိ ကာကွယ်ရေးဝန်ကြီး Austin ဟာ ဒီနှစ်အစ ဇန်နဝါရီလအတွင်းကလည်း ကိုဗစ်ကပ်ရောဂါ ကူးစက်ခံခဲ့ရပါတယ်။ လာမယ့်ရက်တွေမှာ သူရဲ့ ဆရာဝန်နဲ့ ဆက်လက်ပြီး တိုင်ပင်မယ်လို့လည်း ပြောပါတယ်။

ကိုဗစ်ပျံ့နှံမှု နှေးကွေးလာအောင် နဲ့ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှု နည်းပါးစေဖို့အတွက် အမေရိကန် ပြည်သူအားလုံး ကာကွယ်ဆေး ထိုးထားကြဖို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး Lloyd Austin က တိုက်တွန်းလိုက်ပါတယ်။

သူအနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၉ ရက်နေ့က သမ္မတ Joe Biden နဲ့ လူကိုယ်တိုင် တွေ့ဆုံ့ခဲ့ပါတယ်။ သမ္မတ Joe Biden အနေနဲ့လည်း ပြီးခဲ့တဲ့ ဇူလိုင်လ ၂၁ ရက်နေ့က ကိုဗစ်ကပ်ရောဂါဖြစ်ပွားခဲ့ပြီး ၂၇ ရက်နေ့အထိ သီးသန့်ခွဲနေခဲ့ရပါတယ်။

အဲဒီနောက် ဇူလိုင် ၃ဝ ရက်မှာ ထပ်မံစစ်ဆေးတဲ့အခါမှာ ကိုဗစ်ကပ်ရောဂါ ပြန်လည်တွေ့ရှိခဲ့တဲ့အတွက် နောက်ထပ် သီတင်းတပတ်ကြာ သီးသန့်ခွဲ နေထိုင်အလုပ်လုပ်ခဲ့ရပါတယ်။

XS
SM
MD
LG