သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္-တ႐ုတ္ ဆက္ဆံေရးက ျမန္မာ့ႏိုင္ငံေရးအေပၚ အက်ိဳးသက္ေရာက္ႏိုင္သလား


The ministerial roundtable luncheon at the Shangri-La Dialogue summit in Singapore on June 11, 2022. (Photo by Roslan RAHMAN / AFP)

အာဆီယံရဲ႕ ျမန္မာ့အေရးဘုံသေဘာတူညီခ်က္ ငါးရပ္ကို အျပည့္အဝ အေကာင္အထည္ေဖာ္ေရး အာဆီယံနဲ႔ဆက္ၿပီး ပူးေပါင္းလုပ္ေဆာင္ပါလို႔ စစ္ေကာင္စီကို ဗီယက္နမ္ႏိုင္ငံက တိုက္တြန္းလိုက္တဲ့အေၾကာင္း VNA ဗီယက္နမ္သတင္းမွာ ေဖာ္ျပထားတယ္လို႔ လြတ္လပ္တဲ့ အာရွအသံ (RFA) က ဇြန္လ ၁၄ ရက္ေန႔က ေဖာ္ျပခဲ့ပါတယ္။ ဗီယက္နမ္ကိုယ္စားလွယ္အဖြဲ႕ရဲ႕ ဒုတိယေခါင္းေဆာင္ Le Thi Minh Thoa က ဇြန္လ ၁၃ ရက္ေန႔မွာ ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီး ကုလသမဂၢအေထြေထြညီလာခံမွာ ေျပာဆိုခဲ့တာပါ။ ျမန္မာ့အေရးမွာ သက္ဆိုင္ရာအင္အားစုအားလုံးနဲ႔ ေတြ႔ဆုံေဆြးေႏြးၿပီး ၿငိမ္းခ်မ္းၿပီးေတာ့ အျပဳသေဘာေဆာင္တဲ့ ေျဖရွင္းမႈေတြကို လုပ္ေဆာင္ဖို႔လည္း ဗီယက္နမ္က တိုက္တြန္းခဲ့ပါတယ္။ ဒါအျပင္ ျမန္မာျပည္ဒီမိုကေရစီ အကူးအေျပာင္းအတြက္ ႏိုင္ငံတကာက ဝိုင္းၿပီးကူညီဖို႔လိုေၾကာင္းနဲ႔ ျမန္မာ့အေရး အာဆီယံရဲ႕ ႀကိဳးပမ္းအားထုတ္မႈေတြကိုလည္း ႏိုင္ငံတကာအသိုင္းအဝိုင္းက ဆက္ၿပီးအားေပးကူညီဖို႔ ဗီယက္နမ္က တိုက္တြန္းေၾကာင္းလည္း Le Thi Minh Thoa က ကုလသမဂၢမွာ ေျပာဆိုခဲ့ပါတယ္။

ျမန္မာအေရးနဲ႔ ပတ္သက္ၿပီး ဗီယက္နမ္ရဲ႕ေျပာၾကားခ်က္ဟာ ထူးျခားတယ္လို႔ ဆိုရမွာပါ။ကြန္ျမဴနစ္ႏိုင္ငံျဖစ္တဲ့ ဗီယက္နမ္ဟာ အာဆီယံထဲမွာ ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး သိပ္တက္တက္ၾကြႂကြ ေျပာေလ့မရွိပါဘူး။ ဒါကိုၾကည့္ရင္ အာဆီယံအဖြဲ႔ႀကီးဟာ ျမန္မာစစ္ေကာင္စီရဲ႕ လုပ္ရပ္ေတြအေပၚ အားမလိုအားမရ ျဖစ္ေနတာ၊ သည္းမခံႏိုင္ေတာ့တာကို ျပသလိုက္တာလို႔လည္း ဆိုႏိုင္ပါတယ္။

မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးကလည္း ျမန္မာ့ျပႆနာကို ေျဖရွင္းရာမွာ အခ်ိန္သတ္မွတ္ခ်က္နဲ႔ ပါဝင္ပတ္သက္သူစာရင္းကို အာဆီယံအေနနဲ႔ ခ်မွတ္ဖို႔ ဇြန္ ၁၁ ရက္ေန႔က အႀကံေပးလိုက္တဲ့အေၾကာင္းကို VOA က ထုတ္လႊင့္ခဲ့ပါတယ္။

“ဘယ္အခ်ိန္ ဘယ္အတိုင္းအတာအထိ လုပ္ငန္းၿပီးေျမာက္ ေအာင္ျမင္ေအာင္လုပ္ေဆာင္မယ္၊ ဘယ္သူေတြနဲ႔ ေတြ႔ဆုံမယ္၊ ဘယ္သူေတြပါဝင္သင့္တယ္ ဆိုတာေတြကို အာဆီယံ ဘုံသေဘာတူညီခ်က္ (၅) ခ်က္ထဲမွာ ထည္သြင္းေဖာ္ျပထားတာ မရွိဘူး” လို႔ စကၤာပူႏိုင္ငံမွာ က်င္းပေနတဲ့ အာရွလုံၿခဳံေရးဆိုင္ရာညီလာခံမွာလည္း မေလးရွားႏိုင္ငံျခားေရးဝန္ႀကီး Saifuddin Abdullah က ေျပာၾကားခဲ့ပါတယ္။ ဒါ့အျပင္ ပါဝင္ပတ္သက္သူေတြစာရင္းမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၊ သမၼတ ဦးဝင္းျမင့္၊ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရနဲ႔ NUCC အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီတို႔ ပါဝင္ရပါမယ္လို႔ မေလးရွားႏိုင္ငံျခားေရးဝန္ႀကီးက သူ႔ရဲ႕ Facebook စာမ်က္ႏွာမွာ ေရးသားခဲ့တာကိုလည္း ေတြ႔ရပါတယ္။

ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ Noeleen Heyzer ကလည္း စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း အက်ပ္အတည္းေတြ ႀကဳံေနရတဲ့ ျမန္မာႏိုင္ငံအေျခအေနဟာ ေဒသတြင္းကိုပါ ႐ိုက္ခတ္မယ့္ အႏၲရာယ္ေတြ ရွိေနတာေၾကာင့္ ႏိုင္ငံတကာက အျမန္ဆုံး တုံ႔ျပန္ေျဖရွင္းၾကဖို႔ တိုက္တြန္းလိုက္ပါတယ္။ ႀကီးထြားလာေနတဲ့ အၾကမ္းဖက္မႈေတြနဲ႔ မတည္မၿငိမ္တဲ့ အေျခအေနဟာ ႏိုင္ငံနယ္နိမိတ္ေတြကို ေက်ာ္လြန္သက္ေရာက္ ႐ိုက္ခတ္လာေနတယ္လို႔ စင္ကာပူႏိုင္ငံမွာ က်င္းပခဲ့တဲ့ Shangri-La Dialogue လို႔ေခၚတဲ့ အာရွ လုံၿခဳံေရးညီလာခံမွာ ဇြန္လ ၁၁ ရက္ေန႔က ေျပာၾကားခဲ့ပါတယ္။ ကုလအတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာဆိုင္ရာ အထူးကိုယ္စားလွယ္ဟာ တာဝန္ေပးအပ္ခံရတာ ၆ လရွိခဲ့ပါၿပီ။ ဒါေပမဲ့ အခုခ်ိန္ထိ ျမန္မာႏိုင္ငံကိုသြားေရာက္ႏိုင္ျခင္း မရွိေသးပါဘူး။

ျမန္မာ့ႏိုင္ငံရဲ႕ ႏိုင္ငံေရးအက်ပ္အတည္းဟာ ႏိုင္ငံနယ္နိမိတ္ကိုေက်ာ္ကာ ေဒသတြင္းျပႆနာတစ္ရပ္ ျဖစ္လာေနပါၿပီ။ သိန္းနဲ႔ခ်ီတဲ့ စစ္ေဘးေရွာင္ေတြ နယ္စပ္ေဒသေတြကို ေရာက္ရွိလာတာ၊ ႏိုင္ငံတြင္းမွာ အလုပ္အကိုင္ရွားပါးကာ အလုပ္လက္မဲ့ေတြ မ်ားလာတာေၾကာင့္ နယ္စပ္ျဖတ္ေက်ာ္ကာ တရားမဝင္ေ႐ႊ႕ေျပာင္းလုပ္သားေတြ ေထာင္ေသာင္းခ်ီကာ အိမ္နီးခ်င္းႏိုင္ငံေတြဆီ ဝင္ေရာက္လာတာေတြ ႀကဳံေနရတဲ့အျပင္ မူးယစ္ေဆးဝါးထုတ္လုပ္မႈနဲ႔ ကုန္သြယ္မႈ၊လူကုန္ကူးမႈ၊သစ္ခိုးထုတ္မႈေတြ စံခ်ိန္တင္ျမႇင့္တက္လာေနတာေတြဟာ ေဒသတြင္းႏိုင္ငံေတြကို ႐ိုက္ခတ္ေနလာပါတယ္။

အာရွလုံၿခဳံေရးညီလာခံမွာပဲ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ အတိုင္ပင္ခံ Derek Chollet က ျမန္မာစစ္ေကာင္စီက ေနာက္ႏွစ္ထဲက်င္းပဖို႔ ျပင္ေနတဲ့ေ႐ြးေကာက္ပြဲေတြဟာ လြတ္လပ္မွ်တမွာ မဟုတ္ဘူး။ ဒီေ႐ြးေကာက္ပြဲဟာ ေဒသတြင္းနဲ႔ ႏိုင္ငံတကာကို လွည့္စားဖို႔ ႀကိဳးပမ္းမႈတစ္ရပ္သာ ျဖစ္လိမ့္မယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါဟာ ၂၀၂၃ ေ႐ြးေကာက္ပြဟာ ျမန္မာ့ႏိုင္ငံေရးရဲ႕အေျဖ မဟုတ္ဘူး၊ စစ္ေကာင္စီက သူ႔ရဲ႕အက်ပ္အတည္းအတြက္ ထြက္ေပါက္ဖန္တီးမႈသာျဖစ္တယ္လို႔ေထာက္ျပလိုက္ျခင္း ျဖစ္ပါတယ္။

ဒီ အာရွလုံၿခဳံေရးညီလာခံမွာ အေမရိကန္၊တ႐ုတ္စတဲ့ အင္အားႀကီး ႏိုင္ငံေတြလည္းတက္ေရာက္ၾကပါတယ္။ ညီလာခံတက္ေရာက္လာတဲ့ တ႐ုတ္ကာကြယ္ေရးဝန္ႀကီး Wei Fenghe (ေဝဖန္ေဟး)က အေမရိကန္ျပည္ေထာင္စုဟာ အာရွပစိဖိတ္ေဒသမွာရွိတဲ့ ႏိုင္ငံေတြရဲ႕ ေထာက္ခံမႈေတြကို အတင္းအဓမၼရယူၿပီး၊ တ႐ုတ္အစိုးရနဲ႔ ရန္တိုက္ေပးဖို႔ ႀကိဳးစားေနတယ္။အင္ဒို-ပစိဖိတ္ေဒသမွာရွိတဲ့ ႏိုင္ငံေတြနဲ႔အတူ ႏိုင္ငံစုံပါဝင္တဲ့ အက်ိဳးတူေဆာင္႐ြက္မႈေတြလုပ္ဖို႔ လိုအပ္ေနတယ္လို႔ အေမရိကန္ကာကြယ္ေရးဝန္ႀကီးက အေလးေပးေျပာၾကားလိုက္တာဟာ တ႐ုတ္ႏိုင္ငံကို ေခ်ာင္ထဲကို တြန္းပို႔ဖို႔ ႀကိဳးစားတာျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ အေမရိကန္ကာကြယ္ေရးဝန္ႀကီး Lloyd Austin ကလည္း တ႐ုတ္ႏိုင္ငံဟာ ေဒသတြင္းမွာ မတည္ၿငိမ္မႈေတြကို ဖန္တီးေနတယ္လို႔ ရွန္ဂရီလာ လုံၿခဳံေရးဆိုင္ရာ ထိပ္သီးအစည္းအေဝး မတိုင္ခင္တစ္ရက္က ေျပာၾကားခဲ့ပါတယ္။ ဒီလိုေျပာၾကား
ခ်က္အေပၚ တ႐ုတ္ကာကြယ္ေရးဝန္ႀကီးက ျပင္းျပင္းထန္ထန္ ေဝဖန္ၿပီးေတာ့ ပယ္ခ်လိုက္ပါတယ္။ လတ္တေလာအေျခအေနမွာ အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံ ဆက္ဆံေရးဟာ တင္းမာေနပါတယ္။ အထူးသျဖင့္ ႐ုရွား-ယူကရိန္းစစ္ပြဲနဲ႔ ထိုင္ဝမ္အေရးေတြမွာ အေမရိကန္နဲ႔ တ႐ုတ္တို႔ဟာ ထိပ္တိုက္ေတြ႕ေနတဲ့ အေနအထားပါ။ သူတို႔
ႏွစ္ဦး ထိပ္တိုက္ေတြ႕မႈဟာ ျမန္မာႏိုင္ငံအေပၚမွာလည္း အက်ိဳးသက္ေရာက္မႈေတြ မလြဲမေသြ ရွိလာႏိုင္ပါတယ္။

၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းပါတယ္။ ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းဟာ စစ္အာဏာသိမ္းတာကို ဆန႔္က်င္ကာ CDM လုပ္ပါတယ္။ ဦးေက်ာ္မိုးထြန္းကို ကုလသမဂၢဆိုင္ရာ သံအမတ္ႀကီးအျဖစ္ ဆက္လက္အသိအမွတ္ ျပဳေရး၊ မျပဳေရးအတြက္ အေမရိကန္နဲ႔ တ႐ုတ္တို႔ ညႇိႏႈိင္းၿပီး ဆက္လက္အသိအမွတ္ျပဳခဲ့ပါတယ္။ ေျပာရရင္ ဦးေက်ာ္မိုးထြန္းဟာ စစ္ေကာင္စီကို ဆန႔္က်င္ၿပီး NUG အစိုးရကို ကိုယ္စားျပဳ ရပ္တည္ေနတဲ့ သံအမတ္ႀကီးပါ။ လတ္တေလာအခ်ိန္မွာ အေမရိကန္နဲ႔ တ႐ုတ္တို႔ ဆက္ဆံေရးဟာ တင္းမာ ဆိုး႐ြားေနခ်ိန္ ျဖစ္ပါတယ္။ ဒါေၾကာင့္ လာမယ့္စက္တင္ဘာလမွာ စတင္မယ့္ ကုလသမဂၢ အေထြေထြညီလာခံႀကီးမွာ ဦးေက်ာ္မိုးထြန္းကို ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢသံအမတ္ႀကီးအျဖစ္ ဆက္လက္အသိအမွတ္ျပဳေရး၊မျပဳေရးဆိုတဲ့ Credential Challenge အေပၚ တ႐ုတ္-အေမရိကန္ ဆက္ဆံေရးက ဘယ္လို အက်ိဳးသက္ေရာက္မႈ ရွိမလဲဆိုတာ ထည့္သြင္းစဥ္းစားဖို႔ လိုအပ္မွာ ျဖစ္ေၾကာင္းပါ။

===Unicode =====

အာဆီယံရဲ့ မြန်မာ့အရေးဘုံသဘောတူညီချက် ငါးရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ရေး အာဆီယံနဲ့ဆက်ပြီး ပူးပေါင်းလုပ်ဆောင်ပါလို့ စစ်ကောင်စီကို ဗီယက်နမ်နိုင်ငံက တိုက်တွန်းလိုက်တဲ့အကြောင်း VNA ဗီယက်နမ်သတင်းမှာ ဖော်ပြထားတယ်လို့ လွတ်လပ်တဲ့ အာရှအသံ (RFA) က ဇွန်လ ၁၄ ရက်နေ့က ဖော်ပြခဲ့ပါတယ်။ ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့ရဲ့ ဒုတိယခေါင်းဆောင် Le Thi Minh Thoa က ဇွန်လ ၁၃ ရက်နေ့မှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုခဲ့တာပါ။ မြန်မာ့အရေးမှာ သက်ဆိုင်ရာအင်အားစုအားလုံးနဲ့ တွေ့ဆုံဆွေးနွေးပြီး ငြိမ်းချမ်းပြီးတော့ အပြုသဘောဆောင်တဲ့ ဖြေရှင်းမှုတွေကို လုပ်ဆောင်ဖို့လည်း ဗီယက်နမ်က တိုက်တွန်းခဲ့ပါတယ်။ ဒါအပြင် မြန်မာပြည်ဒီမိုကရေစီ အကူးအပြောင်းအတွက် နိုင်ငံတကာက ဝိုင်းပြီးကူညီဖို့လိုကြောင်းနဲ့ မြန်မာ့အရေး အာဆီယံရဲ့ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း နိုင်ငံတကာအသိုင်းအဝိုင်းက ဆက်ပြီးအားပေးကူညီဖို့ ဗီယက်နမ်က တိုက်တွန်းကြောင်းလည်း Le Thi Minh Thoa က ကုလသမဂ္ဂမှာ ပြောဆိုခဲ့ပါတယ်။

မြန်မာအရေးနဲ့ ပတ်သက်ပြီး ဗီယက်နမ်ရဲ့ပြောကြားချက်ဟာ ထူးခြားတယ်လို့ ဆိုရမှာပါ။ကွန်မြူနစ်နိုင်ငံဖြစ်တဲ့ ဗီယက်နမ်ဟာ အာဆီယံထဲမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး သိပ်တက်တက်ကြွကြွ ပြောလေ့မရှိပါဘူး။ ဒါကိုကြည့်ရင် အာဆီယံအဖွဲ့ကြီးဟာ မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေအပေါ် အားမလိုအားမရ ဖြစ်နေတာ၊ သည်းမခံနိုင်တော့တာကို ပြသလိုက်တာလို့လည်း ဆိုနိုင်ပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးကလည်း မြန်မာ့ပြဿနာကို ဖြေရှင်းရာမှာ အချိန်သတ်မှတ်ချက်နဲ့ ပါဝင်ပတ်သက်သူစာရင်းကို အာဆီယံအနေနဲ့ ချမှတ်ဖို့ ဇွန် ၁၁ ရက်နေ့က အကြံပေးလိုက်တဲ့အကြောင်းကို VOA က ထုတ်လွှင့်ခဲ့ပါတယ်။

“ဘယ်အချိန် ဘယ်အတိုင်းအတာအထိ လုပ်ငန်းပြီးမြောက် အောင်မြင်အောင်လုပ်ဆောင်မယ်၊ ဘယ်သူတွေနဲ့ တွေ့ဆုံမယ်၊ ဘယ်သူတွေပါဝင်သင့်တယ် ဆိုတာတွေကို အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ထဲမှာ ထည်သွင်းဖော်ပြထားတာ မရှိဘူး” လို့ စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာရှလုံခြုံရေးဆိုင်ရာညီလာခံမှာလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ပါဝင်ပတ်သက်သူတွေစာရင်းမှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်၊ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတို့ ပါဝင်ရပါမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့တာကိုလည်း တွေ့ရပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer ကလည်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း အကျပ်အတည်းတွေ ကြုံနေရတဲ့ မြန်မာနိုင်ငံအခြေအနေဟာ ဒေသတွင်းကိုပါ ရိုက်ခတ်မယ့် အန္တရာယ်တွေ ရှိနေတာကြောင့် နိုင်ငံတကာက အမြန်ဆုံး တုံ့ပြန်ဖြေရှင်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ကြီးထွားလာနေတဲ့ အကြမ်းဖက်မှုတွေနဲ့ မတည်မငြိမ်တဲ့ အခြေအနေဟာ နိုင်ငံနယ်နိမိတ်တွေကို ကျော်လွန်သက်ရောက် ရိုက်ခတ်လာနေတယ်လို့ စင်ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ Shangri-La Dialogue လို့ခေါ်တဲ့ အာရှ လုံခြုံရေးညီလာခံမှာ ဇွန်လ ၁၁ ရက်နေ့က ပြောကြားခဲ့ပါတယ်။ ကုလအတွင်းရေးမှုးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ တာဝန်ပေးအပ်ခံရတာ ၆ လရှိခဲ့ပါပြီ။ ဒါပေမဲ့ အခုချိန်ထိ မြန်မာနိုင်ငံကိုသွားရောက်နိုင်ခြင်း မရှိသေးပါဘူး။

မြန်မာ့နိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းဟာ နိုင်ငံနယ်နိမိတ်ကိုကျော်ကာ ဒေသတွင်းပြဿနာတစ်ရပ် ဖြစ်လာနေပါပြီ။ သိန်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေ နယ်စပ်ဒေသတွေကို ရောက်ရှိလာတာ၊ နိုင်ငံတွင်းမှာ အလုပ်အကိုင်ရှားပါးကာ အလုပ်လက်မဲ့တွေ များလာတာကြောင့် နယ်စပ်ဖြတ်ကျော်ကာ တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေ ထောင်သောင်းချီကာ အိမ်နီးချင်းနိုင်ငံတွေဆီ ဝင်ရောက်လာတာတွေ ကြုံနေရတဲ့အပြင် မူးယစ်ဆေးဝါးထုတ်လုပ်မှုနဲ့ ကုန်သွယ်မှု၊လူကုန်ကူးမှု၊သစ်ခိုးထုတ်မှုတွေ စံချိန်တင်မြှင့်တက်လာနေတာတွေဟာ ဒေသတွင်းနိုင်ငံတွေကို ရိုက်ခတ်နေလာပါတယ်။

အာရှလုံခြုံရေးညီလာခံမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတိုင်ပင်ခံ Derek Chollet က မြန်မာစစ်ကောင်စီက နောက်နှစ်ထဲကျင်းပဖို့ ပြင်နေတဲ့ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတမှာ မဟုတ်ဘူး။ ဒီရွေးကောက်ပွဲဟာ ဒေသတွင်းနဲ့ နိုင်ငံတကာကို လှည့်စားဖို့ ကြိုးပမ်းမှုတစ်ရပ်သာ ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါဟာ ၂၀၂၃ ရွေးကောက်ပွဟာ မြန်မာ့နိုင်ငံရေးရဲ့အဖြေ မဟုတ်ဘူး၊ စစ်ကောင်စီက သူ့ရဲ့အကျပ်အတည်းအတွက် ထွက်ပေါက်ဖန်တီးမှုသာဖြစ်တယ်လို့ထောက်ပြလိုက်ခြင်း ဖြစ်ပါတယ်။

ဒီ အာရှလုံခြုံရေးညီလာခံမှာ အမေရိကန်၊တရုတ်စတဲ့ အင်အားကြီး နိုင်ငံတွေလည်းတက်ရောက်ကြပါတယ်။ ညီလာခံတက်ရောက်လာတဲ့ တရုတ်ကာကွယ်ရေးဝန်ကြီး Wei Fenghe (ဝေဖန်ဟေး)က အမေရိကန်ပြည်ထောင်စုဟာ အာရှပစိဖိတ်ဒေသမှာရှိတဲ့ နိုင်ငံတွေရဲ့ ထောက်ခံမှုတွေကို အတင်းအဓမ္မရယူပြီး၊ တရုတ်အစိုးရနဲ့ ရန်တိုက်ပေးဖို့ ကြိုးစားနေတယ်။အင်ဒို-ပစိဖိတ်ဒေသမှာရှိတဲ့ နိုင်ငံတွေနဲ့အတူ နိုင်ငံစုံပါဝင်တဲ့ အကျိုးတူဆောင်ရွက်မှုတွေလုပ်ဖို့ လိုအပ်နေတယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက အလေးပေးပြောကြားလိုက်တာဟာ တရုတ်နိုင်ငံကို ချောင်ထဲကို တွန်းပို့ဖို့ ကြိုးစားတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin ကလည်း တရုတ်နိုင်ငံဟာ ဒေသတွင်းမှာ မတည်ငြိမ်မှုတွေကို ဖန်တီးနေတယ်လို့ ရှန်ဂရီလာ လုံခြုံရေးဆိုင်ရာ ထိပ်သီးအစည်းအဝေး မတိုင်ခင်တစ်ရက်က ပြောကြားခဲ့ပါတယ်။ ဒီလိုပြောကြား
ချက်အပေါ် တရုတ်ကာကွယ်ရေးဝန်ကြီးက ပြင်းပြင်းထန်ထန် ဝေဖန်ပြီးတော့ ပယ်ချလိုက်ပါတယ်။ လတ်တလောအခြေအနေမှာ အမေရိကန်နဲ့ တရုတ်နိုင်ငံ ဆက်ဆံရေးဟာ တင်းမာနေပါတယ်။ အထူးသဖြင့် ရုရှား-ယူကရိန်းစစ်ပွဲနဲ့ ထိုင်ဝမ်အရေးတွေမှာ အမေရိကန်နဲ့ တရုတ်တို့ဟာ ထိပ်တိုက်တွေ့နေတဲ့ အနေအထားပါ။ သူတို့
နှစ်ဦး ထိပ်တိုက်တွေ့မှုဟာ မြန်မာနိုင်ငံအပေါ်မှာလည်း အကျိုးသက်ရောက်မှုတွေ မလွဲမသွေ ရှိလာနိုင်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပါတယ်။ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကာ CDM လုပ်ပါတယ်။ ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် ဆက်လက်အသိအမှတ် ပြုရေး၊ မပြုရေးအတွက် အမေရိကန်နဲ့ တရုတ်တို့ ညှိနှိုင်းပြီး ဆက်လက်အသိအမှတ်ပြုခဲ့ပါတယ်။ ပြောရရင် ဦးကျော်မိုးထွန်းဟာ စစ်ကောင်စီကို ဆန့်ကျင်ပြီး NUG အစိုးရကို ကိုယ်စားပြု ရပ်တည်နေတဲ့ သံအမတ်ကြီးပါ။ လတ်တလောအချိန်မှာ အမေရိကန်နဲ့ တရုတ်တို့ ဆက်ဆံရေးဟာ တင်းမာ ဆိုးရွားနေချိန် ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်စက်တင်ဘာလမှာ စတင်မယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကြီးမှာ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီးအဖြစ် ဆက်လက်အသိအမှတ်ပြုရေး၊မပြုရေးဆိုတဲ့ Credential Challenge အပေါ် တရုတ်-အမေရိကန် ဆက်ဆံရေးက ဘယ်လို အကျိုးသက်ရောက်မှု ရှိမလဲဆိုတာ ထည့်သွင်းစဉ်းစားဖို့ လိုအပ်မှာ ဖြစ်ကြောင်းပါ။

XS
SM
MD
LG