သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း စွမ်းအင်လုပ်ငန်းတွေကို ပစ်မှတ်ထား ရုရှားတိုက်ခိုက်


(Zawgyi / Unicode)

ယူကရိန်းရဲ့ အရပ်ဘက် စွမ်းအင်ဆိုင်ရာ နေရာတွေကို ရုရှားက အကြီးအကျယ် ထပ်မံ တိုက်ခိုက်လာတာကြောင့် နိုင်ငံတဝန်းမှာ လျှပ်စစ် ပြတ်တောက်စေကြောင်း ယူကရိန်း သမ္မတ Volodymyr Zelenskyy က စနေနေ့ နှောင်းပိုင်း ဗွီဒီယို မိန့်ခွန်းမှာ ပြောဆိုထားပါတယ်။

ဒါပေမဲ့လည်း ရုရှားရဲ့ မစ်ဇိုင်းဒုံးတွေနဲ့ မောင်းသူမဲ့ ဒရုန်းယာဉ် အများစုကိုတော့ ပစ်ချနိုင်ခဲ့တယ်လို့ ယူကရိန်း သမ္မတက ပြောဆိုပြီး စနေနေ့က ဝေဟင်နဲ့ ပင်လယ်ထဲကနေ ပစ်တဲ့ ပဲ့ထိန်းတပ် ဒုံးကျည် ၃၃ လုံးထဲက ၁၈ လုံးကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်း စစ်တပ်ရဲ့ ထုတ်ပြန်ချက်ကိုလည်း ပြန်လည် ပြောဆိုခဲ့ပါတယ်။

ရုရှားရဲ့ မစ်ဇိုင်း ဒုံးတွေနဲ့ တိုက်ခိုက်ရေး ဒရုန်းယာဉ်တွေကို ၁၀၀ ရာခိုင်နှုန်း အပြည့်အ၀ ပစ်ချနိုင်တဲ့ နည်းပညာပိုင်းဆိုင်ရာ စွမ်းရည် မရှိသေးပေမယ့်လည်း မိတ်ဖက်တွေထံက အကူအညီနဲ့ အတူ တဖြည်းဖြည်းနဲ့ အောင်မြင်အောင် ဆောင်ရွက်နိုင်မှာပါလို့ ယူကရိန်း သမ္မတက ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာလ ၂၄ ရက်နေ့ တနလာင်္နေ့မှာ စစ်ပွဲ သက်တမ်း ၈ လပြည့်တော့မယ့် အချိန်မှာဘဲ ယူကရိန်း သမ္မတက အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတဝန်းက အိမ်ထောင်စုပေါင်း ၁ ဒသမ ၅ သန်းလောက် လျှပ်စစ်မီး ပြတ်တောက်နေ်ကြောင်း ယူကရိန်း အာဏာပိုင်တို့က ပြောပါတယ်။ ယူကရိန်းရဲ့ လျှပ်စစ်ဓာတ်အားပေးရုံတွေ၊ ရေပေးဝေရေး စနစ်နဲ့ တခြားသော အရေးပါတဲ့ အခြေခံ အဆောက်အအုံတွေ အပေါ်ကို ပြီးခဲ့တဲ့ သီတင်းပတ် ၂ ခု အတွင်း ရုရှားဘက်က အပြင်းအထန် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)






XS
SM
MD
LG