သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားက်ဴးေက်ာ္မႈကို တြန္းလွန္တဲ႔ ယူကရိန္းျပည္သူေတြ Sakharov ဆု ခ်ီးျမႇင့္ခံရ


(Zawgyi / Unicode)

ဒီႏွစ္အတြက္ ဥေရာပရဲ႕ ဆာခါေရာ့ဗ္ လူ႔အခြင့္အေရးဆုကို ႐ုရွားရဲ႕ က်ဳးေက်ာ္မႈကို ၾကံ့ၾကံ့ခံ ရင္ဆိုင္ေနသူေတြအျဖစ္ ယူကရိန္း ျပည္သူေတြကို ဥေရာပပါလီမန္က ခ်ီးျမႇင့္လိုက္ပါတယ္။

“၂၀၂၂ ခုႏွစ္အတြက္ ဆာခါေရာ့ဗ္ လြတ္လပ္စြာ ေတြးေခၚမႈဆုကို ရဲရင့္တဲ့ ယူကရိန္းျပည္သူေတြကို ခ်ီးျမႇင့္လိုက္ေၾကာင္း ဂုဏ္ယူစြာနဲ႔ ေၾကညာလိုက္ပါတယ္။” လို႔ ဥေရာပ ပါလီမန္ဥကၠ႒ Roberta Metsola ျပင္သစ္ႏိုင္ငံ Strasbourg မွာ ဗုဒၶဟူးေန႔က ေၾကညာခဲ့တာပါ။

ဒီဆုဟာ လက္ေတြ႕ စစ္ေျမျပင္မွာ တိုက္ပဲြ၀င္ေနသူေတြ၊ ေနရပ္စြန္႔ၾကရသူေတြ၊ ေဆြမ်ဳိးသားခ်င္းေတြ၊ မိတ္ေဆြေတြ ဆုံးရႈံးခဲ့ရသူေတြ၊ ကိုယ့္ယုံၾကည္မႈအတြက္ ရပ္တည္ၿပီး တိုက္ပဲြ၀င္ေနသူေတြ အားလုံးကို ခ်ီးျမႇင့္လိုက္တာ ျဖစ္ေၾကာင္းလည္း ဥေရာပပါလီမန္ ဥကၠ႒က ေျပာပါတယ္။ ယူကရိန္းျပည္သူေတြဟာ ဥေရာပနဲ႔ ဥေရာပရဲ႕ စံတန္ဘိုးေတြျဖစ္တဲ့ လြတ္လပ္ခြင့္၊ ဒီမိုကေရစီနဲ႔ တရားဥပေဒ စိုးမိုးေရးအတြက္ ကာကြယ္ေပးေနသူေတြ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

ဥေရာပရဲ႕ အျမင့္ဆုံး လူ႔အခြင့္အေရးဆုကိုေတာ့ တခ်ိန္က ဆိုဗီယက္ယူနီယံမွာ လူ႔အခြင့္အေရးအတြက္ လႈပ္ရွားခဲ့တဲ့ ႐ူပေဗဒပညာရွင္ အင္ဒေရ ဆာခါေရာ့ဗ္ ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ဥေရာပပါလီမန္က ၁၉၈၈ ခုႏွစ္ကစ လူ႔အခြင့္အေရးနဲ႔ အေျခခံ လြတ္လပ္ခြင့္ေတြအတြက္ ႀကိဳးပမ္းၾကတဲ့ လူပုဂၢိဳလ္နဲ႔ အဖဲြ႕အစည္းေတြကို ခ်ီးျမႇင့္လာခဲ့တာပါ။

ျမန္မာႏိုင္ငံက ေဒၚေအာင္ဆန္းစုၾကည္ကိုလည္း ၁၉၉၀ ျပည့္ႏွစ္မွာ ဆာခါေရာ့ဗ္ဆု ခ်ီးျမႇင့္ခံခဲ့ရဘူးပါတယ္။ ဒါေပမဲ့လည္း ျမန္မာႏိုင္ငံမွာ ႐ိုဟင္ဂ်ာေတြအေပၚ က်ဳးလြန္တဲ့ ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို တားဆီးဖို႔ ပ်က္ကြက္ခဲ့တယ္ဆိုၿပီး ၂၀၂၀ ျပည့္ႏွစ္မွာပဲ ဆုရွင္အျဖစ္ကေန ဆိုင္းငံ့ဖို႔ ဥေရာပပါလီမန္က ဆုံးျဖတ္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ရုရှားကျူးကျော်မှုကို တွန်းလှန်တဲ့ ယူကရိန်းပြည်သူတွေ Sakharov ဆု ချီးမြှင့်ခံရ

ဒီနှစ်အတွက် ဥရောပရဲ့ ဆာခါရော့ဗ် လူ့အခွင့်အရေးဆုကို ရုရှားရဲ့ ကျုးကျော်မှုကို ကြံ့ကြံ့ခံ ရင်ဆိုင်နေသူတွေအဖြစ် ယူကရိန်း ပြည်သူတွေကို ဥရောပပါလီမန်က ချီးမြှင့်လိုက်ပါတယ်။

“၂၀၂၂ ခုနှစ်အတွက် ဆာခါရော့ဗ် လွတ်လပ်စွာ တွေးခေါ်မှုဆုကို ရဲရင့်တဲ့ ယူကရိန်းပြည်သူတွေကို ချီးမြှင့်လိုက်ကြောင်း ဂုဏ်ယူစွာနဲ့ ကြေညာလိုက်ပါတယ်။” လို့ ဥရောပ ပါလီမန်ဥက္ကဋ္ဌ Roberta Metsola ပြင်သစ်နိုင်ငံ Strasbourg မှာ ဗုဒ္ဓဟူးနေ့က ကြေညာခဲ့တာပါ။

ဒီဆုဟာ လက်တွေ့ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေသူတွေ၊ နေရပ်စွန့်ကြရသူတွေ၊ ဆွေမျိုးသားချင်းတွေ၊ မိတ်ဆွေတွေ ဆုံးရှုံးခဲ့ရသူတွေ၊ ကိုယ့်ယုံကြည်မှုအတွက် ရပ်တည်ပြီး တိုက်ပွဲဝင်နေသူတွေ အားလုံးကို ချီးမြှင့်လိုက်တာ ဖြစ်ကြောင်းလည်း ဥရောပပါလီမန် ဥက္ကဋ္ဌက ပြောပါတယ်။ ယူကရိန်းပြည်သူတွေဟာ ဥရောပနဲ့ ဥရောပရဲ့ စံတန်ဘိုးတွေဖြစ်တဲ့ လွတ်လပ်ခွင့်၊ ဒီမိုကရေစီနဲ့ တရားဥပဒေ စိုးမိုးရေးအတွက် ကာကွယ်ပေးနေသူတွေ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဥရောပရဲ့ အမြင့်ဆုံး လူ့အခွင့်အရေးဆုကိုတော့ တချိန်က ဆိုဗီယက်ယူနီယံမှာ လူ့အခွင့်အရေးအတွက် လှုပ်ရှားခဲ့တဲ့ ရူပဗေဒပညာရှင် အင်ဒရေ ဆာခါရော့ဗ် ကို ဂုဏ်ပြုတဲ့အနေနဲ့ ဥရောပပါလီမန်က ၁၉၈၈ ခုနှစ်ကစ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေအတွက် ကြိုးပမ်းကြတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းတွေကို ချီးမြှင့်လာခဲ့တာပါ။

မြန်မာနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ၁၉၉၀ ပြည့်နှစ်မှာ ဆာခါရော့ဗ်ဆု ချီးမြှင့်ခံခဲ့ရဘူးပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေအပေါ် ကျုးလွန်တဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ၂၀၂၀ ပြည့်နှစ်မှာပဲ ဆုရှင်အဖြစ်ကနေ ဆိုင်းငံ့ဖို့ ဥရောပပါလီမန်က ဆုံးဖြတ်ခဲ့ပါတယ်။

XS
SM
MD
LG