သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုရွား အတိုက္အခံေခါင္းေဆာင္ ဥေရာပ လူ႔အခြင့္အေရးဆုရရွိ


၂၀၂၁ ခုႏွစ္အတြက္ EU ရဲ႕အျမင့္ဆုံး Sakharov လူ႔အခြင့္အေရးဆုကို ရရွိသည့္ ရုရွားအတိုက္အခံေခါင္းေဆာင္ Alexey Navalny

[[ Zawgyi ]]

ဥေရာပသမဂၢ(EU)ရဲ႕ အျမင့္ဆုံး လူ႔အခြင့္အေရးဆုျဖစ္တဲ့ Sakharov ဆုကို အက်ဥ္းက်ေနတဲ့ ရုရွား အတိုက္အခံေခါင္းေဆာင္ Alexey Navalny ကို ေပးအပ္လိုက္ေၾကာင္း ဥေရာပပါလီမန္က ေၾကညာလိုက္ပါတယ္။

“႐ုရွားျပည္သူေတြ လြတ္လပ္စြာ ေရြးခ်ယ္ခြင့္ ျပန္လည္ရရွိေရး ႀကိဳးပမ္းရာမွာ Alexey Navalny ဟာ သတိၱ ေျပာင္ေျမာက္မႈကို ျပသႏိုင္ခဲ့ပါတယ္။” လို႔ ဥေရာပပါလီမန္ ဒုဥကၠ႒ Heidi Hautala က ဗုဒၶဟူးေန႔က ဆုခ်ီးျမႇင့္ေၾကာင္း ေၾကညာရာမွာ ေျပာဆိုလိုက္တာပါ။

Alexey Navalny ဟာ ႐ုရွားႏိုင္ငံမွာ လူ႔အခြင့္အေရးနဲ႔ အေျခခံ လြတ္လပ္ခြင့္ေတြအတြက္ ႏွစ္ေပါင္းမ်ားစြာ ႀကိဳးပမ္းခဲ့သူ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။ ႐ုရွားသမၼတ Vladimir Putin ရဲ႕ အုပ္ခ်ဳပ္မႈကို အံတုရာက ဖမ္းဆီးခံထားရတဲ့ Navalny အပါအ၀င္ ႏိုင္ငံေရးအက်ဥ္းသားေတြ အားလုံးကို ျပန္လႊတ္ေပးဖို႔လည္း ဥေရာပပါလီမန္က ေတာင္းဆိုခဲ့တာပါ။

အသက္ ၄၅ ႏွစ္အရြယ္ ႐ုရွားအတိုက္အခံေခါင္းေဆာင္ဟာ ၂၀၁၄ ခုႏွစ္တုန္းက အမႈေဟာင္းတခုနဲ႔ အခုအခါ ေထာင္ဒဏ္ ၂ ႏွစ္ခြဲ က်ခံေနရၿပီး၊ Navalny ကေတာ့ ႏိုင္ငံေရး ရည္ရြယ္ခ်က္နဲ႔ အေရးယူခံရတာလို႔ ေျပာပါတယ္။ တရား႐ုံးကေတာ့ သူ ဂ်ာမနီႏိုင္ငံကို ေဆးကုသဖို႔ သြားတဲ့အခ်ိန္မွာ အာဏာပိုင္ေတြကို အေၾကာင္းမၾကားခဲ့ဖူးလို႔ ေျပာပါတယ္။ ႐ုရွားအတိုက္အခံ ေခါင္းေဆာင္ဟာ ဓာတုအဆိပ္နဲ႔ တိုက္ခိုက္ခံခဲ့ရတာေၾကာင့္ ေသလုနီးပါး ျဖစ္ခဲ့ၿပီး၊ ဂ်ာမနီမွာ ၅ လေလာက္ ေဆးကုသမႈ ခံယူခဲ့ရတာပါ။

၁၉၈၈ ခုႏွစ္ကေန စတင္ခ်ီးျမႇင့္လာခဲ့တဲ့ EU ရဲ႕ လူ႔အခြင့္အေရးဆုိင္ရာ Sakharov ဆုကုိေတာ့ ၁၉၉၀ ျပည့္ႏွစ္မွာတုန္းက ျမန္မာႏုိင္ငံမွာ ဒီမုိကေရစီေရး ႀကိဳးပမ္းမႈေတြကုိ ဦးေဆာင္သူအျဖစ္ ေဒၚေအာင္ဆန္းစုၾကည္ ကုိလည္း ေပးအပ္ခဲ့ဖူးပါတယ္။

တိုက္႐ိုက္ လင့္ခ္

{{ Unicode }}

ရုရှား အတိုက်အခံခေါင်းဆောင် ဥရောပ လူ့အခွင့်အရေးဆုရရှိ

ဥရောပသမဂ္ဂ(EU)ရဲ့ အမြင့်ဆုံး လူ့အခွင့်အရေးဆုဖြစ်တဲ့ Sakharov ဆုကို အကျဉ်းကျနေတဲ့ ရုရှား အတိုက်အခံခေါင်းဆောင် Alexey Navalny ကို ပေးအပ်လိုက်ကြောင်း ဥရောပပါလီမန်က ကြေညာလိုက်ပါတယ်။

“ရုရှားပြည်သူတွေ လွတ်လပ်စွာ ရွေးချယ်ခွင့် ပြန်လည်ရရှိရေး ကြိုးပမ်းရာမှာ Alexey Navalny ဟာ သတ္တိ ပြောင်မြောက်မှုကို ပြသနိုင်ခဲ့ပါတယ်။” လို့ ဥရောပပါလီမန် ဒုဥက္ကဋ္ဌ Heidi Hautala က ဗုဒ္ဓဟူးနေ့က ဆုချီးမြှင့်ကြောင်း ကြေညာရာမှာ ပြောဆိုလိုက်တာပါ။

Alexey Navalny ဟာ ရုရှားနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ အခြေခံ လွတ်လပ်ခွင့်တွေအတွက် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့သူ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ရုရှားသမ္မတ Vladimir Putin ရဲ့ အုပ်ချုပ်မှုကို အံတုရာက ဖမ်းဆီးခံထားရတဲ့ Navalny အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့လည်း ဥရောပပါလီမန်က တောင်းဆိုခဲ့တာပါ။

အသက် ၄၅ နှစ်အရွယ် ရုရှားအတိုက်အခံခေါင်းဆောင်ဟာ ၂၀၁၄ ခုနှစ်တုန်းက အမှုဟောင်းတခုနဲ့ အခုအခါ ထောင်ဒဏ် ၂ နှစ်ခွဲ ကျခံနေရပြီး၊ Navalny ကတော့ နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အရေးယူခံရတာလို့ ပြောပါတယ်။ တရားရုံးကတော့ သူ ဂျာမနီနိုင်ငံကို ဆေးကုသဖို့ သွားတဲ့အချိန်မှာ အာဏာပိုင်တွေကို အကြောင်းမကြားခဲ့ဖူးလို့ ပြောပါတယ်။ ရုရှားအတိုက်အခံ ခေါင်းဆောင်ဟာ ဓာတုအဆိပ်နဲ့ တိုက်ခိုက်ခံခဲ့ရတာကြောင့် သေလုနီးပါး ဖြစ်ခဲ့ပြီး၊ ဂျာမနီမှာ ၅ လလောက် ဆေးကုသမှု ခံယူခဲ့ရတာပါ။

၁၉၈၈ ခုနှစ်ကနေ စတင်ချီးမြှင့်လာခဲ့တဲ့ EU ရဲ့ လူ့အခွင့်အရေးဆိုင်ရာ Sakharov ဆုကိုတော့ ၁၉၉၀ ပြည့်နှစ်မှာတုန်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို ဦးဆောင်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပေးအပ်ခဲ့ဖူးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG