သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥရောပလွှတ်တော်ရဲ့ Sakharov ဆု Yazidi အမျိုးသမီး ၂ ဦးရရှိ


ဥရောပလွှတ်တော်ရဲ့ Sakharov ဆု Yazidi အမျိုးသမီး ၂ ဦးရရှိ
ဥရောပလွှတ်တော်ရဲ့ Sakharov ဆု Yazidi အမျိုးသမီး ၂ ဦးရရှိ

၂၀၁၄ ခုနှစ်က IS စစ်သွေးကြွတွေရဲ့ ဖမ်းဆီးခေါ်ဆောင်တာ ခံရပြီး လိင်ကျွန်တွေအဖြစ် အသုံးပြုခံခဲ့ရတဲ့ အီရတ်နိုင်ငံက Yazidi လူမျိုး အမျိုးသမီးနှစ်ဦးကို ဥရောပလွှတ်တော်က ပေးအပ်တဲ့ လွတ်လပ်စွာ တွေးခေါ်ခွင့်နဲ့ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ Sakharov ဆု ချီးမြှင့် လိုက်ပါတယ်။

Nadia Murad နဲ့ Lamiya Aji Bashar တို့နှစ်ဦးကို Sakharov ဆုရှင်တွေအဖြစ် ပြီးခဲ့တဲ့ အောက်တိုဘာလက ကြေညာခဲ့တာ ဖြစ်ပြီး ဆုပေးပွဲအခမ်းအနားကိုတော့ ဒီကနေ့ ပြင်သစ်နိုင်ငံ Strasbourg မြို့မှာ ကျင်းပတာပါ။ သူတို့ နှစ်ဦးဟာ IS စစ်သွေးကြွတွေ ထိန်းချုပ် ထားတဲ့ နယ်မြေတွေမှာ ပြန်ပေးဆွဲခံရပြီး လိင်ပိုင်းဆိုင်ရာ ကျေးကျွန်တွေအဖြစ် အသုံးချခံနေရတဲ့ ထောင်နဲ့ချီတဲ့ Yazidi အမျိုးသမီးနဲ့ မိန်းကလေးငယ် ၇,၀၀၀ လောက်ထဲမှာ ပါဝင်သူတွေပါ။

ဒီလိုလူတွေအပြင် နောက်ထပ် လူ ၅,၀၀၀ လောက်ဟာလည်း ကိုးကွယ်တဲ့ ဘာသာတရား မတူသူတွေကို ရှင်းလင်းဖို့ကြိုးစားတဲ့ အစွန်းရောက်တွေ ရဲ့ လက်ချက်နဲ့ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ အခု ဆုရှင်နှစ်ဦးကတော့ ၂၀၁၄ ခုနှစ်က အီရတ်နိုင်ငံ အနောက်မြောက်ပိုင်း Sinjar မြို့အနီးက သူတို့ရဲ့ရွာမှာ IS တွေက အဓမ္မ ဖမ်းဆီးခေါ်ဆောင် ခံခဲ့ရတာပါ။ Yazidi လူမျိုးတွေအပေါ် ဖိနှိပ်မှုတွေဟာ လူသားတွေကို အစုအလိုက်အပြုံလိုက် လူမျိုးတုံး သတ်ဖြတ်မှုတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောဆိုထားပြီး၊ ဒီလို ဖိနှိပ်မှုတွေအကြောင်းကို Murad နဲ့ Bashar တို့က နိုင်ငံတကာက သိအောင် ကြိုးပမ်းခဲ့ကြတာကြောင့် Sakharov ဆု ချီးမြှင့်ခံရတာ ဖြစ်ပါတယ်။

ဥရောပလွှတ်တော်ရဲ့ Sakharov ဆု Yazidi အမျိုးသမီး ၂ ဦးရရှိ
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG