သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝီဂါမွတ်ဆလင်ပညာရှင် အီးယူရဲ့ Sakharov ဆုရရှိ



ဥရောပသမဂ္ဂ (EU) ရဲ့ ၂၀၁၉ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာ Sakharov ဆုကို တရုတ်နိုင်ငံမှာ ထောင်ဒဏ် တသက်တကျွန်း ကျခံနေရတဲ့ ဝီဂါမွတ်ဆလင် ပညာရှင် Ilham Tohti ကို ချီးမြှင့်လိုက်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူ ၂၀၁၄ ခုနှစ်မှာတုန်းက ထောင်ဒဏ် အပြစ်ပေးခံခဲ့ရတဲ့ ဘေဂျင်းတက္ကသိုလ် စီးပွားရေးပညာ ပါမောက္ခဟောင်းဟာ ၂၀၁၄ ခုနှစ် ဇန်နဝါရီလက အဖမ်းမခံရခင်မှာ တရုတ်နိုင်ငံက လူမှုရေးပြဿနာတွေနဲ့ ပတ်သက်လို့ ဝီဂါနဲ့ တရုတ်ဘာသာတွေနဲ့ ရေးသားခဲ့ဖူးပါတယ်။

ဒီကနေ့ ဆုချီးမြှင့်ကြောင်း ကြေညာခဲ့တဲ့ ဥရောပပါလီမန်ဥက္ကဋ္ဌ David Sassoli ကတော့ ပါမောက္ခ Tohti ကို ချက်ခြင်းပြန်လွှတ်ပေးဖို့ တရုတ်နိုင်ငံကို တောင်းဆိုခဲ့ပါတယ်။ မျှမျှတတနဲ့ သင့်မြတ်ရေးအတွက် ပြောဆိုခဲ့သူတဦး ဖြစ်ပေမဲ့လည်း ဟန်ပြတရားခွင်ကနေ ထောင်ဒဏ်အပြစ်ပေးခံခဲ့ရကြောင်းနဲ့ တရုတ်အစိုးရက ပြန်လွှတ်ပေးဖို့နဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို လေးစားဖို့ အလေးအနက် တောင်းဆိုကြောင်းလည်း ဥရောပ ပါလီမန်မှာ ပြောဆိုခဲ့တာပါ။

မနက်ဖြန် သောကြာနေ့မှာ အသက် ၅၀ ပြည့်မယ့် ပါမောက္ခ Tohti ကို စက်တင်ဘာလထဲမှာတုန်းကလည်း ဝီဂါလူနည်းစုတွေ အားလုံးကိုယ်စား ပြောဆိုခဲ့သူအဖြစ် ဥရောပက ထိပ်တန်း လူ့အခွင့်အရေးဆု တခုဖြစ်တဲ့ Vaclav Havel ဆု ချီးမြှင့်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်ကနေ စတင်ချီးမြှင့်ခဲ့တဲ့ EU ရဲ့ လူ့အခွင့်အရေးဆိုင်ရာ Sakharov ဆုကိုတော့ ၁၉၉၀ ပြည့်နှစ်မှာတုန်းက မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို ဦးဆောင်သူအဖြစ် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ချီးမြှင့်ခံခဲ့ရဖူးပါတယ်။

........................

{Unicode}






ဝီဂါမွတ်ဆလင်ပညာရှင် အီးယူရဲ့ Sakharov ဆုရရှိ
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG