သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆာခါရော့ဗ် လူ့အခွင့်အရေး ဆု ဆော်ဒီ ဘလော့ဂါ ရရှိ


ဆော်ဒီအာရေးဘီးယား Blogger Raif Badawi
ဆော်ဒီအာရေးဘီးယား Blogger Raif Badawi

၂၀၁၅ ခုနှစ်အတွက် ဆာခါရော့ဗ် လူ့အခွင့်အရေးဆုကို ဆော်ဒီ အာရေးဘီးယား ဘလော့်ကာ Raif Badawi ကို ဥရောပ ပါလီမန်က ချီးမြှင့်လိုက်ပါတယ်။ Badawi ဟာ မူစလင်ဘာသာရေးဆရာတွေကို စော်ကားမှုနဲ့ ထောင်ဒဏ် ၁၀ နှစ်နဲ့ ကြိမ်ဒဏ် အချက် ၁,၀၀၀ ချမှတ်ခံခဲ့ရသူပါ။

ဒီဆုကို ဥရောပပါလီမန်ဥက္ကဋ္ဌ Martin Schulz က ဒီကနေ့မှာ ကြေညာတာပါ။ Badawi အပေါ် ချမှတ်တဲ့ပြစ်ဒဏ်ဟာ နှိပ်စက် ညှဉ်းပန်းမှုတခုဖြစ်ပြီး ဆော်ဒီ အာရေးဘီးယားမှာ ဖြစ်နိုင်သမျှ အရက်စက်ဆုံးပြစ်ဒဏ်တွေဖြစ်တယ်လို့ မစ္စတာ Schulz ကပြောပါ တယ်။ ဒီဇင်ဘာလကျရင် ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်းက Strasbourg မြို့မှာကျင်းပမယ့် ဆုပေးပွဲအခမ်းအနားကို Badawi တက်ရောက်နိုင်ဖို့ အတွက် သူ့ကိုလွတ်ငြိမ်းခွင့်ပေးပြီး ပြန်လွှတ်ပေးဖို့ ဆော်ဒီ အာရေးဘီးယားဘုရင်ကို ပန်ကြားထားတယ်လို့ ဥရောပပါလီမန်ဥက္ကဋ္ဌက ပြောပါတယ်။

နိုင်ငံရေးနဲ့ဘာသာရေးဆိုင်ရာ အခြေအတင် ဆွေးနွေးမှုတွေအတွက် အွန်လိုင်းနေရာ တခု အနေနဲ့ ဝက်ဘ်ဆိုက်တခုကို ဖွင့်လိုက် ပြီးတဲ့နောက် ၂၀၁၂ ခုနှစ်မှာ Raif Badawi ကို ဖမ်းလိုက်တာပါ။ အစ္စလာမ်ဘာသာကို စော်ကားမှုနဲ့ သူ့ကိုစွဲချက်တင်ခဲ့ပြီး သူ့ အပေါ်ချမှတ်ထားတဲ့ ထောင်ဒဏ် ၁၀ နှစ်ကို ၂၀၁၅ ခုနှစ် ဇွန်လမှာ ဆော်ဒီ တရားရုံးချုပ်က အတည်ပြုခဲ့ပါတယ်။ ထောင်ဒဏ်နဲ့ ကြိမ်ဒဏ်တွေ အပြင် ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၂၆၆,၀၀၀.၀၀ ပေးဆောင်ဖို့ လည်း ချမှတ်ခံခဲ့ရပါတယ်။

ဒီ ဆာခါရော့ဗ် လူ့အခွင့်အရေးဆုကို ၁၉၉၀ ပြည့်နှစ် မှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ကျနေချိန်အတွင်း ချီးမြှင့်ခံခဲ့ ရပါတယ်။

XS
SM
MD
LG